ပြောင်း စိုက်ပျိုးခြင်း

ပြောင်း စိုက်ပျိုးခြင်း

စိုက်ပျိုးချိန် – မိုးရာသီ မေလ (၁၅)ရက် ဇွန်လပထမပတ်အတွင်းစိုက်ပျိုးရန်။

မိုးနှောင်းကာလ – မျိုးစေ့ကို မိုးရာသီတွင် ၂.၅ လက်မအနက်၊ ဆောင်းရာသီတွင် ၂-၂.၅ လက်မအနက်စိုက်ပြီး မြေကြီးဖြင့်ဖုံးပါ။ တန်းကြား ၂.၅ ပေနှင့် ၉ လက်မစိုက်ပါ။

မြေပြုပြင်ခြင်း – ထယ် ၁ စပ်၊ ထွန် ၂-၃ စပ်၊ နောက်ဆုံးမြေညှိခြင်း၊ မြေမပြင်ခင် သဘာဝမြေဩဇာကို တစ်ဧက လှည်း ၅-၁၀ စီး

မြေဩဇာကျွေးခြင်း

– တစ်ဧကနှုန်းထား ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင်ကို စိုက်ချိန်တွင်ကျွေးပါ။

– စိုက်ပျိုးပြီး ၁၅ – ၂၀ ရက်အတွင်း တစ်ဧက ယူရီးယား ၅၆ ပေါင် နှင့် ၃၅ – ၄၀ ရက်အတွင်း နောက်ထပ် ယူရီး ယား ၅၆ ပေါင်ကိုကျွေးပါ။

အပင်မှုန်းခြင်း

– စိုက်ပြီး ၁၀-၁၅ ရက်သား (အရွက် ၄-၆ရွက်) တွင် တစ်ကျင်းကို တစ်ပင်ချန်ပြီး အပင်မှုန်းရပါမည်။

ပေါင်းနှိမ်နင်းခြင်း

– လက်ပေါင်းလိုက်ခြင်း (သို့) လက်တွန်းပေါင်းလိုက် ကိရိယာဖြင့် ပေါင်းရှင်းခြင်း။

– အပင်မှုန်းပြီး ၁၀-၁၅ရက်သားတွင်တစ်ကြိမ်၊ ၃၅-၄၀ ရက်သားတွင်တစ်ကြိမ် ကြားပေါင်းလိုက်ခြင်း။

– ရိတ်သိမ်းသည့်တိုင်အောင် နှစ်လခြားတစ်ကြိမ် ပေါင်းရှင်းခြင်း။

– စိုက်ပြီး ၃-၅ ရက်တွင် Atrazine pre-emergence ပေါင်းသတ်ဆေးကို တစ်ဧက ၀.၁၀ ကီလိုဂရမ် (ထမင်းစားဇွန်း ၁၀ ဇွန်း) နှုန်းဖြင့် ဖျန်းပြီးနောက် ၂၀ – ၂၅ ရက်သားတွင် တူးဖိုးဒီ ပေါင်းသတ်ဆေးကို တစ်ဧကလျှင် ၀.၄၀ ကီလိုဂရမ် (ထမင်းစားဇွန်း ၄၀ ဇွန်း) နှုန်းထားဖြင့် ဖျန်းပေးရမည်။ ၃၀-၃၅ ရက်သားတွင် လက်ပေါင်းတစ်ကြိမ် လိုက်ပေးရမည်။

– အတန်းလိုက်စိုက်ခင်းတွင်လည်း စိုက်ပြီး ၃-၅ ရက်တွင် Atrazine pre-emergence ပေါင်းသတ်ဆေးကို တစ်ဧက ၀.၂၅ ကီလိုဂရမ် (ထမင်းစားဇွန်း ၂၅ ဇွန်း) နှုန်းဖြင့် ဖျန်းပြီး ပဲပင်ဖြင့် ကြားညှပ်စိုက်ပျိုးပါက Atrazine ကိုမသုံးပဲ Pendimethalin pre-emergence ကို စိုက်ပျိုးပြီး ၃-၅ ရက်သားတွင် တစ်ဧက ၀.၇၅ ကီလိုဂရမ် (ထမင်းစားဇွန်း ၇၅ ဇွန်း) နှုန်းဖြင့် ဖျန်းပေးရမည်။

ကျရောက်တတ်သောရောဂါများ

ပြောင်းရွက်ခြောက်ရောဂါ

ကာကွယ်နှိမ်နင်းနည်း

– ပရိုကော်နယ်ဇော၊ ကာဗာဒါဇင် စသည့်မှိုသတ်ဆေးများကို အသုံးပြုပါ။

ရိုင်ဇိုတိုးနီးယားရွက်ခြောက်ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

– ဘာဗင့်စတင်၊ ဘန်လိတ် စသည့်မှိုသတ်ဆေးများကို အသုံးပြုပါ။

– ပြောင်းပန်းခိုင်မထွက်ခင် အောက်ခြေရွက်များကို ခြွေပေးပါ။

– နွားချေးမြေဩဇာကျွေးပါ။

– ထရိုင်ခိုဒါးမားမှိုကို အသုံးပြု၍ နှိမ်နင်းပါ။

ပြောင်း မှိုသီး(စမတ်)ရောဂါ/ ပြောင်းပင်ပုရောဂါ

– သီးလှည့်စိုက်စနစ်ကို အသုံးပြုပါ။

– မြေအောက်နက်နက်ရောက်အောင် မျိုးစေ့ချခြင်းမှ ရှောင်ပါ။

ပြောင်းပင်တို၊ ပုကားရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

– ပေါင်းရှင်းပါ။

– ပျပိုးနှိမ်နင်းနိုင်သည့် မာလာသီယွန်၊ အဆီဖိတ် စသည့် ပိုးသတ်ဆေးများ အသုံးပြုပါ။

* ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ သီးလှည့်စိုက်စနစ်ကို အသုံးပြုပါ။

စိုက်ပျိုးသောမျိုးများ

စီပီ ၈၈၈

အသက်ရက် – ၁၂၀ရက်

အထွက်နှုန်း – ၄၅၀ – ၅၀၀ ကီလိုဂရမ် (၂၇၀-၃၀၀ ပိဿာ)

ထူးခြားချက် – ရေငတ်ဒဏ်ခံ၊ ရာသီမရွေးစိုက်နိုင်

စီပီ ၃၀၁

အသက်ရက် – ၁၁၀ ရက်

အထွက်နှုန်း – ၄၈၀ ကီလိုဂရမ် (၂၉၀ ပိဿာ)

ထူးခြားချက် – ရေမဝပ်သော ဒေသတွင် စိုက်ပျိုးနိုင်၊ ရာသီမရွေးစိုက်နိုင်

သကြားပြောင်း (သို့) ပြောင်းချို

အသက်ရက် – ၇၀-၇၅ရက်

အထွက်နှုန်း – ၁၆၀၀ – ၁၈၀၀ ပင်

ထူးခြားချက် – အပင်သန်စွမ်း၊ အရသာကောင်း၊ ရောဂါဒဏ်ခံ

ပြောင်းစေး

အသက်ရက် – ၆၅-၇၀ရက်

ထူးခြားချက် – ပြည် – အောင်လံ၊ ပြလို့တို့တွင် အများဆုံးစိုက်

ရိတ်သိမ်းခြင်း

မောင်းညိုချိန် ပြောင်းဖူးခွံ အဝါရောင်ပြောင်းချိန်၊ ပြောင်းဖူးရိုးတံနှင့် အခွံကြားအစပ် အညိုရောင်ကွင်းလေးပေါ်ချိန်တွင် ရိတ်သိမ်းပေးရမည်။

ခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်း

နေရောင်အောက်တွင် ဖျာ၊ မိုးကာ (သို့) တလင်းပြင်တွင်ဖြန့်ကာ အစိုဓာတ် ၁၁ ရာခိုင်နှုန်းအောက်ရောက်အောင် အခြောက်လှန်းပေးရမည်။

Be the first to comment

Leave a Reply

Your email address will not be published.


*