အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ချက်များ

MYANMAR - 2017/01/17: A farmer woman working in a field planted with onions along the road from Bagan to Mandalay in Myanmar. (Photo by Wolfgang Kaehler/LightRocket via Getty Images)

အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ချက်များ

၁။ မျိုးကောင်းမျိုးသန့် ရွေးချယ်ပါ။

အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်ထွက်ဖို့ ပထမဆုံး မျိုးစေ့ကောင်းကို ရွေးချယ်ဖို့ အထူးလိုအပ်ပါတယ်။ ဆောင်းကြက်သွန်စိုက်ခင်းတွေမှာ မျိုးစေ့ကို ပျိုးထောင်စိုက်တာအပြင် စောစောပေါ်စေဖို့ ဇော်မွှား ခေါ် ဇကာကျ ခေါ် ကြွမ်းကြွင် ခေါ် ဥအသေးစားကိုလည်း ကြိုစိုက်ထားနိုင်ပါတယ်။

၂။ မြေအရည်အသွေး သတိပြုပါ။

– ကြက်သွန်စိုက်ရန် အသင့်တော်ဆုံးစံမှာ ၆.၂ မှ ၆.၈ အတွင်း ဖြစ်ပါတယ်။

– သို့သော် သစ်ဆွေးဓာတ် (မြေဆွေး) များတဲ့ မြေဆိုရင်တော့ စံ ၅ ဒသမရှိသည့်တိုင် မြေဆွေးက စံကိုထိန်းညှိပေးနိုင်တဲ့အတွက် စိုက်ပျိုးနိုင်ပါတယ်။

– မြေရဲ့စံဟာ ၅.၀ လောက်ရှိနေရင် ၆.၀ လောက်မြင့်လာစေရန် ထုံးတည့်ပြီးစိုက်ရန်လိုပါမယ်။ ထုံးထည့် ပေးခြင်းဖြင့် မြေပေါ်ပိုင်းရှိ ကြက်သွန်နီအရွက်များမှာ မသိသာပေမယ့် ဥအရွယ် ပိုမိုကြီးထွားလာစေကာ အထွက်တိုးလာစေပါတယ်။ (မြေရဲ့ အချဉ် – အငန်ဓာတ် (စံ) ဟာ ဥအရည်အသွေးနဲ့ အထွက်နှုန်းကောင်းဖို့ အရေးကြီးတဲ့ အချက်ပါ။)

၃။ မြေဩဇာကောင်းမွန်ရေးနဲ့ ပေါင်းကင်းစင်ရေး

ကြက်သွန်နီအမြစ်များဟာ မြေပေါ်ပိုင်းမှာသာရှိနေကြတဲ့ အမြစ်တိမ်တဲ့မျိုးဖြစ်လို့ မြေဩဇာထက်သန် ကောင်းမွန်ရန်လိုသလို ပေါင်းမြက်ကင်းစင်ရေးဟာလည်း အထူးအရေးကြီးပါတယ်။

စိုက်တန်း အပင်အကွာအဝေးမှာ ဒေသအလိုက် အနည်းငယ် ကွဲပြားပေမယ့် ဒေသအခေါ် တစ်ထွာသုံးပင် စိုက်ကြတာများလို့ အပင်ငယ်စဉ် လက်ပေါင်းလိုက်ပေးနိုင်ပါတယ်။ အပင်ကြီးထွဦးမှု အကောင်းဆုံးဖြစ်နေချိန် ပေါင်းကောင်းစွာနှိမ်နင်းရန် အထူးအရေးကြီးပါတယ်။

(သင့်တော်ရာ ပေါင်းသတ်ဆေးများကို တွဲဖက်သုံးသင့်သော်လည်း သတိထားကိုင်တွယ်ပက်ဖျန်းရန် အရေးကြီးပါတယ်။)

၄။ မြေဩဇာကျွေးခြင်း

ကြက်သွန်နီစိုက်ခင်းမှာ နိုက်ထရိုဂျင်မြေဩဇာကျွေးရင် ဥအထွက်ကောင်းကြောင်းတွေ့ရပေမယ့် များသွားရင် တော့ ဥအထားမခံသလို ဥရင့်ဖို့လည်းကြာတတ်ပါတယ်။

မြေဆွေးများများနဲ့ နိုက်ထရိုဂျင်မြေဩဇာများကို ပူးပေါင်းကျွေးပေးရင် အရွက်အရေအတွက် အပင်အမြင့်နဲ့ ဥအရွယ်ကြီးထွားကောင်းမွန်လာစေနိုင်ပါတယ်။

သဘာဝမြေဆွေးအမျိုးမျိုးရှိရာ ဥပမာ – နွားချေး၊ ဆိတ်ချေး၊ တမာကြိတ်ဖတ်၊ တီကျစ်စာ စသည်ကို ယှဉ်ကျွေးပါက တီကျစ်စာဟာ ဥအရွယ်အစားအကြီးဆုံးနဲ့ အလေးချိန်အများဆုံး ရစေနိုင်တာကို တွေ့ရတဲ့အတွက် ကြက်သွန်နီကို အော်ဂဲနစ်စနစ်နဲ့ စိုက်မယ်ဆိုရင် တီကျစ်စာကို အများဆုံး ထည့်သွင်းစိုက်သင့်ပါတယ်။ (ကြက်သွန်စိုက်ခင်းမှာ နိုက်ထရိုဂျင်အကျွေးများရင် ဖူးတံထွက်လာတာမျိုး မလိုလားအပ်တဲ့ လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။

၅။ ရေလောင်းခြင်း

ကြက်သွန်နီစိုက်ပျိုးရေးမှာ ဥအရည်အသွေးနဲ့ ဥအထွက်ကောင်းရေးအတွက် ရေဟာအထူးအရေးပါတဲ့ အချက်ဖြစ်ပါတယ်။ စိုက်စနစ်ပေါ်မူတည်ပြီး ရေပေးသွင်းမှု အမျိုးမျိုးကို သုံးနေကြပါတယ်။

အပင်ပိုင်းကြီးထွားနေစဉ် ရေမပြတ်ရေး အစာအာဟာရဓာတ် လုံလောက်စွာရရေးကို အထူးသတိထားရန် လိုအပ်သလို ပေါင်းကောင်းစွာနှိမ်နင်းထားနိုင်ဖို့ လိုပါမယ်။

စိုက်တဲ့မျိုးနဲ့ အပင်ရေဝင်ဆံ့မှု စိုက်စနစ်ကလည်း ဥအရွယ်အကြီးအသေးကို ဆုံးဖြတ်နိုင်သော်လည်း အပင်ပိုင်းကြီးထွားနေစဉ် အရွက်အရေအတွက်များများထွက်ပြီး အရွက်ပိုရှည်ရှည်ထွက်နိုင်ရင် အစာပိုချက်နိုင်မှာဖြစ်လို့ ဥဆင်းပြီးနောက် အစာများများစုနိုင်ကာ ဥအရွယ်ကြီးမားလာစေမှာဖြစ်ပါတယ်။ (ကြက်သွန်နီစိုက်ခင်းအတွက် ရေအရည်အသွေးကောင်းရန် လိုပါတယ်။ ရေငန်ကိုမသုံးသင့်ပါ။)

Be the first to comment

Leave a Reply

Your email address will not be published.


*