
မုန်းတိုင်းလာမယ့် လမ်းကြောင်းနဲ့ မုန်တိုင်းအခြေအနေ
ယနေ့ စက်တင်ဘာလ ၂၅ရက်နေ့မှာ ဗီယက်နန်နိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်အတွင်းမှာ လေဖိအားနည်ရပ်ဝန်း လေစိုင်ဝဲတစ်ခုဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ အဆိုပါလေစိုင်ဝဲဟာဆိုရင် ယနေ့ညပိုင်းမှာ အနောက်အရပ်ကို ဦးတည်ရွေ့လျှားတိုက်ခတ်မှာဖြစ်ပြီး ကမ္ဘောဒီယား၊ လာအို၊ ထိုင်း၊ မြန်မာနိုင်ငံတို့ကိုဖြတ်ကျော်ပြီး ဘင်္ဂလာားပင်လယ်အော်မှတဆင့် အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံကို ၂၇ရက်နေ့ညပိုင်းမှ ဖြတ်သန်းသွားမယ်လို့လဲ ခန့်မှန်းထားပါတယ်။ မော်လမြိုင် ရန်ကုန် ပုသိမ် တို့မှ ဖြတ်သန်းမှာဖြစ်ပါတယ်။ ၂၉က်နေ့မှာတော့ ဘင်္ဂလာပင်လယ်အော်အတွင်း ရောက်ရှိပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်သွားမှာဖြစ်ပါတယ်။
မုန်တိုင်း စတင်ဝင်ရောက်မယ့် ၂၇ရက်နေ့မှ စပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ၊ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ နေရာစိပ်စိပ် မိုးကြီးနိုင်ပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ မိုးအလွန်များမယ်လို့ ခန့်မှန်းထားပါတယ်။ မိုးနဲ့အတူ လေပြင်းတိုက်ခတ်တာတွေလည်း ဖြစ်ပေါ်မယ်လို့ခန့်မှန်းထားပါတယ်။ လေတိုက်နှုန်းကတော့ တစ်နာရီကို ၂၅မိုင်ကနေ မိုင်၄၀အထိ တိုက်ခတ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ပင်လယ်ပြင်မှာလုပ်ကိုင်ကြတဲ့ ရေလုပ်သားများအနေနဲ့လည်း ၂၈ရက်နေ့ကစပြီး မိုးသက်လေပြင်းတွေကျရောက်နိုင်လို့ သတိထားရှောင်ရှားကြဖို့လိုပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ……..
မုန္းတိုင္းလာမယ့္ လမ္းေၾကာင္းနဲ႔ မုန္တိုင္းအေျခအေန
ယေန႔ စက္တင္ဘာလ ၂၅ရက္ေန႔မွာ ဗီယက္နန္ႏိုင္ငံအေရွ႕ဘက္ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ေလဖိအားနည္ရပ္ဝန္း ေလစိုင္ဝဲတစ္ခုျဖစ္ေပၚေနၿပီျဖစ္ပါတယ္။ အဆိုပါေလစိုင္ဝဲဟာဆိုရင္ ယေန႔ညပိုင္းမွာ အေနာက္အရပ္ကို ဦးတည္ေ႐ြ႕လွ်ားတိုက္ခတ္မွာျဖစ္ၿပီး ကေမာၻဒီယား၊ လာအို၊ ထိုင္း၊ ျမန္မာႏိုင္ငံတို႔ကိုျဖတ္ေက်ာ္ၿပီး ဘဂၤလာားပင္လယ္ေအာ္မွတဆင့္ အိႏၵိယႏိုင္ငံအတြင္း ဝင္ေရာက္တိုက္ခတ္သြားမယ္လို႔ ခန႔္မွန္းထားပါတယ္။ ျမန္မာႏိုင္ငံကို ၂၇ရက္ေန႔ညပိုင္းမွ ျဖတ္သန္းသြားမယ္လို႔လဲ ခန႔္မွန္းထားပါတယ္။ ေမာ္လၿမိဳင္ ရန္ကုန္ ပုသိမ္ တို႔မွ ျဖတ္သန္းမွာျဖစ္ပါတယ္။ ၂၉က္ေန႔မွာေတာ့ ဘဂၤလာပင္လယ္ေအာ္အတြင္း ေရာက္ရွိၿပီး အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္းျဖစ္သြားမွာျဖစ္ပါတယ္။
မုန္တိုင္း စတင္ဝင္ေရာက္မယ့္ ၂၇ရက္ေန႔မွ စၿပီး ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ တနသၤာရီတိုင္း၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း ၊ပဲခူးတိုင္း၊ စစ္ကိုင္းတိုင္းနဲ႔ မႏၲေလးတိုင္းေတြမွာ ေနရာစိပ္စိပ္ မိုးႀကီးႏိုင္ပါတယ္။
တနသၤာရီတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္နဲ႔ မေကြးတိုင္းတို႔မွာ မိုးအလြန္မ်ားမယ္လို႔ ခန႔္မွန္းထားပါတယ္။ မိုးနဲ႔အတူ ေလျပင္းတိုက္ခတ္တာေတြလည္း ျဖစ္ေပၚမယ္လို႔ခန႔္မွန္းထားပါတယ္။ ေလတိုက္ႏႈန္းကေတာ့ တစ္နာရီကို ၂၅မိုင္ကေန မိုင္၄၀အထိ တိုက္ခတ္ႏိုင္တယ္လို႔ခန႔္မွန္းထားပါတယ္။ ပင္လယ္ျပင္မွာလုပ္ကိုင္ၾကတဲ့ ေရလုပ္သားမ်ားအေနနဲ႔လည္း ၂၈ရက္ေန႔ကစၿပီး မိုးသက္ေလျပင္းေတြက်ေရာက္ႏိုင္လို႔ သတိထားေရွာင္ရွားၾကဖို႔လိုပါတယ္။ အားလုံးက်န္းမာခ်မ္းသာၾကပါေစ……..
Leave a Reply