
မုန်တိုင်းလေးလုံး တစ်ပြိုင်တည်းဖြစ်ပေါ်လာမယ့် တစ်ပတ်စာ မိုးလေဝသသတင်းထူး
2023 နှစ်ဟာဆိုရင်တော့ အယ်နီညိုနှစ်တစ်နှစ်ဖြစ်ကြောင်းကို ဩစတေးလျမိုးလေဝသဌာနက စက်တင်ဘာလ၁၉ရက်နေ့မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဩဂုတ်လထဲကတည်းက အယ်နီညိုစတင်ဖြစ်ပေါ်ပြီလို့ ပညာရှင်အများစုက ပြောခဲ့ကြပါတယ်။ အယ်နီညိုဖြစ်စဉ်ဟာ ၉လကနေ တစ်နှစ်အထိကြာမြင့်နိုင်ပါတယ်။ အယ်နီညိုဖြစ်စဉ်ကြောင့် ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ခြမ်းမှာရှိနေတဲ့ အရှေ့အာရှဒေသတွေမှာ မုန်တိုင်းတွေဟာ ပုံမှန်ထက် ၂၀% ကနေ ၄၀%အထိ မြင့်တက်လာခဲ့ပါတယ်။
အပူပိုင်းမုန်တိုင်းတွေ လေစိုင်ဝဲတွေ ဆင့်ကဲဖြစ်ပေါ်နေတာကြောင့် အာရှဒေသတလွှားမှာ မိုးကြီးမြေပြို ရေလွှမ်းမိုးတာတွေဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုးလယ် မိုးနှောင်းကာလတွေမှာ မိုးအလွန့်အလွန်ကောင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ စက်တင်ဘာလ တစ်လလုံးနီးပါး နိုင်ငံအနှံ့မိုးရွာသွန်းပြီး နေရာစိပ်စိပ်မိုးကြီးခဲ့ပါတယ်။
ယခု စက်တင်ဘာလ ၂၄ရက်နေ့မှာ မြန်မာနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်တွင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ထိုလေဖိအားနည်းရပ်ဝန်းဟာ ဗီယက်နမ်နိုင်ငံကို ဖြတ်ပြီး မြန်မာနိုင်ငံ တနင်္သာရီကမ်းရိုးတမ်းမှ ဧရာဝတီ ရန်ကုန် ရခိုင်ကမ်းရိုးတမ်းတစ်လျှောက် တိုက်ခတ်သွားနိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက်တေမှာ ဖော်ပြထားပါတယ်။ ထိုလေဖိအားနည်းရပ်ဝန်းဟာဆိုရင်တော့ အောက်တိုဘာလဆန်း ၃ရက်နေ့အထိ တိုက်ခတ်ရွေ့လျှားသွားနိုင်ပါတယ်။ ထို့အတူ စက်တင်ဘာလ ၃၀ရက်နေ့မှ စတင်ကာ တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်ရပ်ဝန်းနှစ်ခု၊ အိန္ဒိယသမုဒ္ဒရာအနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံအနောက်တောင်ဘက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုနဲ့ မြန်မာနိုင်ငံ မွန်မုတ္တမကွေ့မှာ တိုက်ခတ်နေမယ့် လေဖိအားနည်းရပ်ဝန်းစုစုပေါင်း လေးခုတို့ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခတ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံ မိုးလွန်ကာလမှာ မိုးအဆက်မပြတ်ရွားသွန်းခြင်း၊ မိုးကြီးခြင်းတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှု့ မိုးကြီးမှု့တွေကြောင့် တောင်သူဦးကြီးများရိတ်သိမ်းရမယ့် ကောက်ပဲသီးနှံများ ပျက်စီးခြင်း၊ စိုက်ပျိုးထားတဲ့ ဆောင်းသီးနှံများ ပျက်ဆီးဆုံးရှုံးခြင်းတွေ ဖြစ်ပေါ်လာနိုင်လို့ အသိသတိကပ်ပြီး လိုအပ်တာများစီးမံဆောင်ရွက်ထားဖို့လိုပါတယ်။ မြစ်ချောင်းအင်အိုင် မြေနိမ့်ဒေသနဲ့ တောင်ပေါ်ဒေသများအတွက်တော့ ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေဖြစ်ပေါ်လာနိုင်လို့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှု့တွေလုပ်ထားကြဖို့လိုပါတယ်။
အယ်နီညိုဖြစ်စဉ်ကြောင့် လာမယ့်ဆောင်းရာသီမှသည် နွေရာသီတစ်ခုလုံးဟာ သာမန်နှစ်တွေထက် ၂ဒီဂရီစင်တီရိတ် ပိုမိုပူပြင်းလာမှာဖြစ်တဲ့အတွက် ကောက်ပဲသီနှံတွေ ပျက်ဆီးဆုံးရှုံးတာ၊ သောက်သုံးရေရှားပါးပြတ်လပ်တာ၊ အပူကြောင့်ဖြစ်ပေါ်လာမယ့် ရောဂါဝေဒနာတွေနဲ့ သက်ကြီးရွယ်အို ကလေးသူငယ်တွေအတွက် အထူးသတိထားကြရမှာဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှု့တွေ လုပ်ထားမှသာ အယ်နီညိုဒဏ်ကို ကောင်းစွာကျော်ဖြတ်နိုင်မှာဖြစ်ကြောင်း အသိပေးတင်ပြလိုက်ပါတယ်။ အားလုံး ဘေးဘယာဝေးကွာ အေးချမ်းသာယာကြပါစေ……..
2023 ႏွစ္ဟာဆိုရင္ေတာ့ အယ္နီညိဳႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္းကို ဩစေတးလ်မိုးေလဝသဌာနက စက္တင္ဘာလ၁၉ရက္ေန႔မွာ အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။ ဩဂုတ္လထဲကတည္းက အယ္နီညိဳစတင္ျဖစ္ေပၚၿပီလို႔ ပညာရွင္အမ်ားစုက ေျပာခဲ့ၾကပါတယ္။ အယ္နီညိဳျဖစ္စဥ္ဟာ ၉လကေန တစ္ႏွစ္အထိၾကာျမင့္ႏိုင္ပါတယ္။ အယ္နီညိဳျဖစ္စဥ္ေၾကာင့္ ပစိဖိတ္သမုဒၵရာအေနာက္ဘက္ျခမ္းမွာရွိေနတဲ့ အေရွ႕အာရွေဒသေတြမွာ မုန္တိုင္းေတြဟာ ပုံမွန္ထက္ ၂၀% ကေန ၄၀%အထိ ျမင့္တက္လာခဲ့ပါတယ္။
အပူပိုင္းမုန္တိုင္းေတြ ေလစိုင္ဝဲေတြ ဆင့္ကဲျဖစ္ေပၚေနတာေၾကာင့္ အာရွေဒသတလႊားမွာ မိုးႀကီးေျမၿပိဳ ေရလႊမ္းမိုးတာေတြျဖစ္ေပၚခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း မိုးလယ္ မိုးေႏွာင္းကာလေတြမွာ မိုးအလြန႔္အလြန္ေကာင္းေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ စက္တင္ဘာလ တစ္လလုံးနီးပါး ႏိုင္ငံအႏွံ႔မိုး႐ြာသြန္းၿပီး ေနရာစိပ္စိပ္မိုးႀကီးခဲ့ပါတယ္။
ယခု စက္တင္ဘာလ ၂၄ရက္ေန႔မွာ ျမန္မာႏိုင္ငံအေရွ႕ဘက္ ေတာင္တ႐ုတ္ပင္လယ္တြင္းမွာ ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚေနၿပီး ထိုေလဖိအားနည္းရပ္ဝန္းဟာ ဗီယက္နမ္ႏိုင္ငံကို ျဖတ္ၿပီး ျမန္မာႏိုင္ငံ တနသၤာရီကမ္း႐ိုးတမ္းမွ ဧရာဝတီ ရန္ကုန္ ရခိုင္ကမ္း႐ိုးတမ္းတစ္ေလွ်ာက္ တိုက္ခတ္သြားႏိုင္တယ္လို႔ မိုးေလဝသခန႔္မွန္းခ်က္ေတမွာ ေဖာ္ျပထားပါတယ္။ ထိုေလဖိအားနည္းရပ္ဝန္းဟာဆိုရင္ေတာ့ ေအာက္တိုဘာလဆန္း ၃ရက္ေန႔အထိ တိုက္ခတ္ေ႐ြ႕လွ်ားသြားႏိုင္ပါတယ္။ ထို႔အတူ စက္တင္ဘာလ ၃၀ရက္ေန႔မွ စတင္ကာ ေတာင္တ႐ုတ္ပင္လယ္မွာ ေလဖိအားနည္ရပ္ဝန္းႏွစ္ခု၊ အိႏၵိယသမုဒၵရာအေနာက္ေျမာက္ပိုင္း အိႏၵိယႏိုင္ငံအေနာက္ေတာင္ဘက္မွာ ေလဖိအားနည္းရပ္ဝန္းတစ္ခုနဲ႔ ျမန္မာႏိုင္ငံ မြန္မုတၱမေကြ႕မွာ တိုက္ခတ္ေနမယ့္ ေလဖိအားနည္းရပ္ဝန္းစုစုေပါင္း ေလးခုတို႔ဟာ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း တိုက္ခတ္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။
အက်ိဳးဆက္အေနနဲ႔ ျမန္မာႏိုင္ငံ မိုးလြန္ကာလမွာ မိုးအဆက္မျပတ္႐ြားသြန္းျခင္း၊ မိုးႀကီးျခင္းေတြျဖစ္ေပၚလာမွာျဖစ္ပါတယ္။ မိုးအဆက္မျပတ္႐ြာသြန္းမႈ႕ မိုးႀကီးမႈ႕ေတြေၾကာင့္ ေတာင္သူဦးႀကီးမ်ားရိတ္သိမ္းရမယ့္ ေကာက္ပဲသီးႏွံမ်ား ပ်က္စီးျခင္း၊ စိုက္ပ်ိဳးထားတဲ့ ေဆာင္းသီးႏွံမ်ား ပ်က္ဆီးဆုံးရႈံးျခင္းေတြ ျဖစ္ေပၚလာႏိုင္လို႔ အသိသတိကပ္ၿပီး လိုအပ္တာမ်ားစီးမံေဆာင္႐ြက္ထားဖို႔လိုပါတယ္။ ျမစ္ေခ်ာင္းအင္အိုင္ ေျမနိမ့္ေဒသနဲ႔ ေတာင္ေပၚေဒသမ်ားအတြက္ေတာ့ ေရႀကီးျခင္းနဲ႔ ေျမၿပိဳျခင္းေတြျဖစ္ေပၚလာႏိုင္လို႔ လိုအပ္တဲ့ႀကိဳတင္ျပင္ဆင္မႈ႕ေတြလုပ္ထားၾကဖို႔လိုပါတယ္။
အယ္နီညိဳျဖစ္စဥ္ေၾကာင့္ လာမယ့္ေဆာင္းရာသီမွသည္ ေႏြရာသီတစ္ခုလုံးဟာ သာမန္ႏွစ္ေတြထက္ ၂ဒီဂရီစင္တီရိတ္ ပိုမိုပူျပင္းလာမွာျဖစ္တဲ့အတြက္ ေကာက္ပဲသီႏွံေတြ ပ်က္ဆီးဆုံးရႈံးတာ၊ ေသာက္သုံးေရရွားပါးျပတ္လပ္တာ၊ အပူေၾကာင့္ျဖစ္ေပၚလာမယ့္ ေရာဂါေဝဒနာေတြနဲ႔ သက္ႀကီး႐ြယ္အို ကေလးသူငယ္ေတြအတြက္ အထူးသတိထားၾကရမွာျဖစ္ပါတယ္။ အဲဒီအတြက္ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္မႈ႕ေတြ လုပ္ထားမွသာ အယ္နီညိဳဒဏ္ကို ေကာင္းစြာေက်ာ္ျဖတ္ႏိုင္မွာျဖစ္ေၾကာင္း အသိေပးတင္ျပလိုက္ပါတယ္။ အားလုံး ေဘးဘယာေဝးကြာ ေအးခ်မ္းသာယာၾကပါေစ……..
Leave a Reply