ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ ဖခင်ကြီးကို ပြုစုစောင့်ရှောက်ရင်း နေ့ရက်တွေကိုဖြတ်သန်းနေကြောင်း ပြောပြလာတဲ့ ခိုင်သင်းကြည်

ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ ဖခင်ကြီးကို ပြုစုစောင့်ရှောက်ရင်း နေ့ရက်တွေကိုဖြတ်သန်းနေကြောင်း ပြောပြလာတဲ့ ခိုင်သင်းကြည်

ပရိသတ်ကြီးရေ… သရုပ်ဆောင်ခိုင်သင်းကြည် ကတော့ အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။ ခိုင်သင်း ကြည်ဟာ အနုပညာလောကနဲ့ အလှမ်းဝေးနေတာကြာ ခဲ့ပြီဖြစ်သလို ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့တာ အတော်လေးကြာခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခိုင် သင်းကြည်က သူမအနေနဲ့ ဇာတ်ကားတွေမရိုက်ကူးဖြစ် တော့တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

ခိုင်သင်းကြည်က “မင်္ဂလာပါရှင်နဲ့ Fb မသုံးဖြစ်တဲ့၁နှစ် ခွဲလောက်ကာလအတွင်းအလှပုံတွေလဲမတင်ဖြစ်သလို၊ အနုပညာအလုပ်တွေလဲမလုပ်ဖြစ်တော့ ပရိတ်သတ် တွေနဲ့လဲအဆက်အသွယ်ပြတ်သလိုဖြစ်သွားပါတယ်။ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ဖခင် ကြီးနားမှာဘဲနေပြီးပြုစုနေတာ၂နှစ်နီးပါးရှိပါပြီ၊ တဖြည်းဖြည်းနဲ့အခုချိန်မှာတော့အိပ်ရာပေါ်မှာဘဲအကူမ ပါရင်မထနိုင်တော့သလို၊အစားအသောက်လဲခွန့်ကြွေးမှ စားနိုင်ပါတော့တယ်။ Nurse တွေရှိပေမဲ့လည်းအဖေ့ရဲ့ နောက်ဆုံးအချိန်လေးမှာကိုယ်တိုင်အနားမှာနေပြီးပြုစု ပေးချင်တာကြောင့်ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေလိုအချိန် အကြာကြီးပေးရတဲ့အလုပ်တွေလုံးဝမလုပ်နိုင်တော့တာ ပါနော်၊အားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာ ခြင်းနှင့်ပြည့်စုံကြပါစေရှင် All” ဆိုပြီး ပြောလာခဲ့ တာပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည် ကတော့ အဆုတ်ကင်ဆာနောက်ဆုံး အဆင့်ဖြစ်နေတဲ့ ဖခင်ကို အနီးကပ်ပြုစုစောင့်ရှောက်နေ တာမို့ အချိန်ပေးရိုက်ကူးရမယ့် ဇာတ်ကားတွေ ရုပ်ရှင် တွေဘက်ကို လုံးဝမလုပ်နိုင်တော့ဘူးလို့ ပရိသတ်တွေ ကို အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

 

 

Credit;


 


 


 


 

 

Credit;

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *