ကြွက်နားရွက်မှိုစိုက်ပျိုးနည်း

ကြွက်နားရွက်မှိုစိုက်ပျိုးနည်း

သိပ္ပံ​နည်း​ကျ ​မှို စိုက်​ပျိုး​ရာ​တွင် ​စား​သုံး​မှို ​နှင့်​ဆေး​ဖက်​ဝင်​မှိုများ​ကို ​စိုက်​ပျိုး​ကြ​သည်။ ​စား​သုံး​မှိုများ​မှာ ​ငွေ​နှင်း​မှို၊ ​ငွေ​နား​မှို၊ ​ကြွက်​နား​ရွက်​မှို၊ ​ရှီ​တာ​ကီ​မှို၊ ​ကောက်​ရိုး​မှို ​အ​စ​ရှိ​သည်​တို့ ​ဖြစ်​ကြ​သည်။ ​သိ​ပွံနည်း​ကျ ​မှို​မွေး​မြူ ​စိုက်​ပျိုး​ရာ​တွင် ​မှိုမျိုး​တစ်​မျိုး​နှင့် ​တစ်​မျိုး ​ကွာ​ခြား​မှု ​သိပ်​မ​များ​ပေ။ ​မှို​မွေး​မြူ​စိုက်​ပျိုး​ရာ​တွင် ​ပြု​လုပ်​ရ​သည့် ​လုပ်​ငန်း ​အ​ဆင့် (၄)​ဆင့်​ရှိ​သည်။ ၎င်း​တို့​မှာ-

၁။ ​မှို​မျိုး​သန့်​မွေး​မြူ​ခြင်း
၂။ ​မှို​မျိုး​စေ့ / ​မှိုပွား​စာ ​ပြု​လုပ်​ခြင်း
၃။ ​မှိုစိုက်​ထုပ်​ပြု​လုပ်​ခြင်း ​နှင့်
၄။ ​မှိုစိုက်​ပျိုး​ခြင်း ​တို့​ဖြစ်​သည်။

​မှို​ကို ​စ​တင်​စိုက်​ပျိုး​သူ​များ ​အ​နေ​ဖြင့် ​အ​ဆင့် (၄) ​မှ ​စ​တင်​ပြီး ​ကျွမ်း​ကျင်​လာ​မှု​အ​ရ ​အ​ထက် ​အ​ဆင့်​များ​သို့ ​တစ်​ဆင့်​ပြီး​တစ်​ဆင့် ​တိုး​တက်​ လုပ်​ကိုင်​ သွား​ရ​မည်။ ​ယ​ခု​ဆောင်း​ပါး​တွင် ​အ​ဆင့်(၄) ​ကြွက်​နား​ရွက်​မှို​ စိုက်​ပျိုး​နည်း ​အ​ကြောင်း​ကို​သာ ​သီး​သန့်​ဖော်​ပြ​ သွား​ပါ​မည်။

​ကြွက်​နား​ရွက် ​မှို​စိုက်​ပျိုး​ရန်​အ​တွက် ​ရှေး​ဦး​စွာ ​မှိုစိုက်​ခန်း ​ပြင်​ဆင်​ရ​ပါ​မည်။ ​မိ​မိ​ စိုက်​ပျိုး​လို​သည့် ​မှို​စိုက်​ထုပ် ​အ​ရေ​အ​တွက်​ကို​ လိုက်​၍ ​အ​ခန်း​ကို ​ပြင်​ဆင်​ရ​ပါ​မည်။ ​သီး​သန့် ​မှို​စိုက်​ခန်း ​မ​ပြင်​ဆင်​နိုင်​သူ​များ​အ​တွက် ​မိ​မိ​အိမ်​ရှိ ​ရေ​ချိုး​ခန်း၊ ​အ​ခန်း​လွတ်​များ ​အ​သုံး​ပြု​နိုင်​ပါ​သည်။ သို့​ရာ​တွင် ​လေ​ဝင်​လေ​ထွက်​ကောင်း​ပြီး ​တိုက်​ရိုက် ​နေ​ရောင်​ခြည် ​မ​ကျ​သော ​အ​ခန်း​ဖြစ်​ရ​မည်။ ​

အ​သစ်​ဆောက်​မည့်​သူ​များ​အ​တွက် ​သ​က္ကယ် ​သို့​မ​ဟုတ် ​ဓ​နိ​မိုး​ပြီး ​ထ​ရံ​ကာ ​အ​ဆောက်​အ​ဦး​သည် ​အ​သင့်​တော်​ဆုံး ​ဖြစ်​သည်။ ​အ​ခန်း ​ကြမ်း​ပြင်​ကို ​သဲ​ခင်း​ပေး​ရ​မည်။ (​ရေ​လောင်း​သော​အ​ခါ ​ဗွက်​ မ​ထ​စေ​ရန်​နှင့် ​အ​စို​ဓာတ်​ထိန်း​ရန် ​ဖြစ်​သည်။) ​အ​ထုပ်​များ​ထား​ရှိ​ စိုက်​ပျိုး​နိုင်​ရန် ​စင် ​သို့​မ​ဟုတ် ​တန်း​များ ​ထည့်​သွင်း​ထား​ရ​မည်။ ​စိုက်​ခန်း​ကို ​အ​ပူ​ချိန်၂၅​ဒီ​ဂ​ရီ ​မှ ၃၂​ဒီ​ဂ​ရီ ​နှင့် ​စို​ထိုင်း​ဆ ၈၀-၉၅ ​ရာ​ခိုင်​နှုန်း ​ရ​ရှိ​ရန် ​ပြု​လုပ်​ပေး​ရ​မည်။ ​သာ​မို​မီ​တာ ​တပ်​ဆင်​ထား​ပြီး ​ချိန်​ညှိ​နိုင်​သည်။ ​စိုက်​ခန်း ​ကြမ်း​ပြင် ​သဲ​ခင်း​အား ​ရေ​ဝ​အောင်​လောင်း​ထား​ ရ​မည်။

​စိုက်​ခန်း ​ပြင်​ဆင်​ပြီး​ပါ​က ​ကြွက်​နား​ရွက်​မှိုမျိုး​ ထည့်​သွင်း ​ရင့်​ကျက်​ထား​သော ​ကြွက်​နား​ရွက်​မှို ​ အ​ဆင်​သင့်​ စိုက်​ထုပ်​များ​ကို​ ဝယ်​ယူ​ရ​မည်။ ​ဝယ်​ယူ​ရ​ရှိ​လာ​သော ​မှိုစိုက်​ထုပ်​များ ​အ​ခန်း​နှင့်​လိုက်​လျော​ညီ​ထွေ ​တည်​ငြိမ်​လာ​အောင် ​အ​ခန်း​တွင်း​ထား​၍ ၂​ရက်​ခန့်​ အ​နား​ပေး​ရ​မည်။ ​ထို့​နောက် ​အ​ထုပ်​ထိပ်​ဝ​ကို ​ကြိုး​ဖြင့် ​တင်း​တင်း​စည်း​ပေး​ ရ​မည်။ ​

ပြီး​လျှင် ​အ​ထုပ်​လေး​ဖက် ​လေး​တန် ​မျက်​နှာ​ပြင်​နှင့် ​အ​ထုပ်​ ဖင်​ခြေ​တို့​ကို ​ဓား​ခွဲ​ပေး​ရ​မည်။ ​မျက်​နှာ​ပြင်​ တစ်​ဖက်​တွင် ​ဓားချက်၂​ချက်​နှုန်း​ဖြင့် ​လေး​ဖက်​အ​တွက် ၈​ချက်​နှင့် ​ဖင်​ခြေ​အ​တွက် ၂​ချက် ​စု​စု​ပေါင်း ​တစ်​ထုပ်​အ​တွက် ​ဓားချက် ၁၀​ချက် ​ရှိ​ရ​မည်။ ​ဓားချက်​ အ​ရွယ်​မှာ ၁​လက်​မ​ခွဲ ​မှ ၂​လက်​မ ​ရှိ​ရ​မည်။ ​ဓား​ခွဲ​ရာ​တွင် ​မှို​ စိုက်​ထုပ်​၏ ​အ​ပေါ်​ယံ​ ပ​လပ်​စ​တစ်​သား ​ပြဲ​ရုံ​သာ ​ခွဲ​ရ​မည်။ (​စိုက်​ထုပ်​အ​တွင်း ​မှို​မျှင်​များ​ ရှိ​နေ​သော ​အ​တုံး​ထဲ ​ဓား ​မ​နစ်​စေ​ရန် ​သ​တိ​ပြု​ရ​မည်။) ​လေး​ဖက် ​လေး​တန် ​မျက်​နှာ​ပြင်​အား ​ဓား​ခွဲ​ရာ​တွင် ​ဓား​ချက် ​တစ်​ချက်​နှင့် ​တစ်​ချက် ​တေ့​ဆက်​ ပုံ​စံ​ဖြင့် ​ခပ်​စောင်း​စောင်း ​ခွဲ​ပေး​ရ​မည်။ ​ထို့​နောက် ​စိုက်​ထုပ်​များ​ကို ​ကြိုး​ဖြင့်​တွဲ​သီ​၍ ​စိုက်​ခန်း​အ​တွင်း ​စင် ​သို့​မ​ဟုတ် ​တန်း​များ​တွင်​တွဲ​လောင်း​ ချိတ်​ဆွဲ​ရ​မည်။

​အ​ထက်​ပါ​ အ​ဆင့်​များ​ပြီး​ဆုံး​ပါ​က ​တစ်​နေ့​လျှင် ​ရေ ၁-၂​ကြိမ်​လောင်း​ပေး​ ရ​မည်။ ​ရေ​ပိုက် ​အ​သုံး​ပြု​၍ ​လောင်း​နိုင်​သော်​လည်း ​ရေ​မှုန် ​ရေ​မွှား အ​ဖြစ်​လောင်း​ပေး​နိုင်​ပါ​က ​ပို​ကောင်း​သည်။ ​ရေ​စ​လောင်း​သည့်​အ​ချိန်​မှ ၁​ပတ်​အ​တွင်း ​မှို​စ​တင်​ ထွက်​ရှိ​နိုင်​ပြီး ၂​ပတ်​မှ ၃​ပတ်​အ​တွင်း ​ဆွတ်​ခူး​နိုင်​သည်။ ​မှို စိုက်​ထုပ်၁​ထုပ်​မှ ၂​ကြိမ်-၃​ကြိမ် ​ဆွတ်​ခူး​နိုင်​ပြီး ​မှို ​စိုက်​ထုပ်​မူ​လ ​အ​လေး​ချိန်​၏ ၃​ပုံ၁​ပုံ ​မှို ​ထွက်​ရ​ရှိ​မည်။ ​သ​တိ​ပြု​ရန်​မှာ ​ကြွက်​နား​ရွက်​ မှို​စိုက်​ပျိုး​ရန် ​မိုး​နှင့်​ဆောင်း​မှာ ​သင့်​တော်​ပြီး ​နွေ​ရာ​သီ​တွင် ​အ​ပူ​ချိန်​ကြောင့် ​အ​ဆင်​မ​ပြေ​နိုင်​ပါ။ ​နွေ​ရာ​သီ​တွင် ​မ​ဖြစ်​မ​နေ ​စိုက်​ပျိုး​မည်​ဆို​ပါ​က ​အ​ပူ​ချိန်​ကို ​အ​ထူး​ထိန်း​ချုပ် ​ပေး​ရ​ပါ​မည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *