22.9.2023 နေ့ မိုးလေဝသ အခြေအနေ

22.9.2023 နေ့ မိုးလေဝသ အခြေအနေ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံအတွင်းကို ဝင်ရောက်သွားပြီး မြန်မာနိုင်ငံအပေါ် မုန်းတိုင်းအကျိုးသက်ရောက်မှု့ဟာလည်း ယနေ့မှာတော့ အားလျော့လာခဲ့ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းနဲ့ အရှေ့ဘက် ရှမ်းကုန်ပြင်မြင့်ပိုင်းတွေမှာတော့ မုန်းတိုင်းသယ်ဆောင်လာတဲ့ မိုးတိမ်တွေဟာ မိုးအဖြစ်အားကောင်းစွာဆက်လက် ရွာသွန်းနေအုံးမှာဖြစ်ပါတယ်။

အနောက်တောင်မုတ်သုန်လေဟာလည်း အားကောင်းနေဆဲဖြစ်တာကြောင့် မွန် ပဲခူး ရန်ကုန် ရခိုင် ဧရာဝတီနဲ့ တနင်္သာတို့မှာ မိုးဆက်လက်ကောင်းနေအုံးမှာပဲဖြစ်ပါတယ်။ ကချင်ပြည်နယ် ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မိုးကြီးနိုင်ပြီး စစ်ကိုင်း မကွေး မန္တလေးတိုင်းတို့မှာတော့ နေရာကွက်ကြား မိုးရွာနိုင်ပါတယ်။ အထူးသတိထားရမှာတော့ လွန်ခဲ့တဲ့ရက်ပိုင်းက မုန်းတိုင်းအရှိန်ကြောင့် ရွာသွန်းခဲ့တဲ့မိုးရေချိန်တွေကြောင့် မြစ်ရေမြင့်တက်လာနိုင်ပြီး မြစ်ကမ်းနားတစ်လျှောက်နေထိုင်ကြသူများနဲ့ ရေဝင်ရပ်အနိမ်ပိုင်မှာနေထိုင်ကြသူများအဖို့ မြစ်ရေကြီးတဲ့အန္တရာယ်ကို သတိထားကြဖို့လိုပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ…….





Author: admin

Leave a Reply

Your email address will not be published. Required fields are marked *