အလှမယ်နိုနိုမေတို့ရဲ့ သုံးပွင့်ဆိုင်ဇတ်လမ်းအကြောင်းကို သက်သေနဲ့တကွဖော်ထုတ်ပေးလာတဲ့ ရှေ့နေတစ်ဦး

အလှမယ်နိုနိုမေတို့ရဲ့ သုံးပွင့်ဆိုင်ဇတ်လမ်းအကြောင်းကို သက်သေနဲ့တကွဖော်ထုတ်ပေးလာတဲ့ ရှေ့နေတစ်ဦး

ပရိသတ်ကြီးရေ… Miss Universe Myanmar 2023 ရဲ့ 4th Runner Up ဆုရှင်ဖြစ်တဲ့ နိုနိုမေ ဟာဆိုရင် လက်ရှိမှာ ပုဂ္ဂိုလ်ရေးရာအကြောင်းကိစ္စတွေ နဲ့ ပြဿနာအချို့ ဖြစ်နေရတာပဲဖြစ်ပါတယ်။ နိုနိုမေနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ကိုဂျွန်ဦး ဆိုသူရဲ့ ဇနီးဟောင်းဖြစ်သူ ဒေါ်ဧကရီဝင်းက နိုနိုမေရဲ့ အတိတ်ကအကြောင်းအရာ တွေဆိုပြီး မီဒီယာကနေတဆင့် တစ်နိုင်ငံလုံးကို ဖွင့်ဟ လာခဲ့တာပဲ ဖြစ်ပါတယ်။

ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး နိုနိုမေက ဒီကနေ့မှာ သူမနဲ့ ဦးဂျွန်ဦးဟာ ဦးဂျွန်ဦး ကွာရှင်းပြီး လွတ်လပ်နေ တဲ့အချိန်မှသာ တွဲဖြစ်ခဲ့တာဖြစ်ပြီး သူမအနေနဲ့ ပထမ အိမ်ထောင်ရှိတယ်ဆိုတာ မဟုတ်မှန်ဘူးဆိုပြီး မီဒီယာ ကနေ အင်တာဗျူးဖြေကြားခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးဗီဒီယိုကို Venus Venus အကောင့်ပိုင်ရှင်က ပြန် Share ခဲ့ပြီး “ညီမလေး ပရိတ်သတ်တွေကို ရိုးသား ပါ။ ကိုယ့်ဘဝအမှန်က ရှက်စရာမလိုဘူး လိမ်နေတာက သာရှက်စရာပါ။ နိုနိုမေ တို့လင်မယားကို ကွဲပေးခဲ့တဲ့ ရှေ့နေက ကျွန်မ ကိုယ်တိုင်ပါပဲ = ပြသာနာတွေစတက် ကထဲက ကြည့်ဖြစ်တယ် ဟိုဘက်ဒီဘက်အကုန်လုံးကို ဘာလို့လဲဆိုတော့ ဘာများသူတို့ထပ်ဖြစ်လာမလဲဆိုပြီး စောင့်ကြည့်နေခဲ့တာ” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Venus Venus အကောင့်ပိုင်ရှင်ကတော့ သူမဟာ နိုနိုမေ ရဲ့ ပထမအိမ်ထောင်နဲ့ ကွာရှင်းပေးခဲ့ဖူးတယ်ဆိုပြီး အတိအကျပြောလာခဲ့တာပဲဖြစ်ပါတယ်။ နိုနိုမေတို့ရဲ့ ပြဿနာကတော့ ကာယကံရှင်တွေကသာ အမှန်တရား ကို အသိဆုံးဖြစ်မှာပါနော်။

 

Credit;


 


 


 


 

Credit;

Be the first to comment

Leave a Reply

Your email address will not be published.


*