
သစ်ရွက်စိမ်းမြေသြဇာဆိုသည်မှာ
သီးနှံပင်တို့၏ အာဟာရအတွက် သစ်ရွက်စိမ်းပင်ကြီးထွားအဆင့်တွင် ထွန်ဖြင့်မြေထဲသို့ ထိုးမြှုပ်ဖုံးအုပ်ပြီး ဆွေးမြည့်သောအခါ ထွန်ဖြင့်ထပ်မွှေပြီး မြေဖုံးအုပ်ပေးခြင်းမှရရှိသော မြေသြဇာဖြစ်ပါတယ်။ သစ်ရွက်စိမ်းမြေသြဇာထည့်သွင်းသည့်အဆင့်သည် သီးနှံပင်များ၏ ကြီးထွားအဆင့်(သို့) ပန်းပွင့်ပြီးလျှင်ပြီးချင်း ၎င်းတို့၏ အစိမ်းရောင်ရှိသည့် မည်သည့်အစိတ်အပိုင်းမဆို မြေဆီလွှာအတွင်းသို့ ထွန်ဖြင့်ထပ်မွှေပြီး မြေဖုံးအုပ်ပေးခြင်းကိုဆိုလိုပါတယ်။ သစ်ရွက်စိမ်းပင်အမျိုးအစားပေါ်မူတည်ပြီး စိုက်ပျိုးသောသီးနှံပင်အတွက် အာဟာရဓာတ်အထောက်အကူပေးမှုကတော့ကွဲပြားပါတယ်။
သစ်စိမ်းမြေသြဇာပင်များမှာတော့ ပိုက်ဆံလျှော်၊ ပဲပုပ်၊ ပဲလွန်း၊ ပဲတီစိမ်း၊ Berseem များကိုအသုံးပြုနိုင်ပါတယ်။သစ်စိမ်းမြေသြဇာပင်ကို စိုက်ပြီးခြောက်ပတ်သားအရွယ် ပန်းပွင့်စအရွယ်တွင် ထယ်ထိုးမြေမြှုပ်ခြင်းပြုလုပ်ပေးပါ။
အကျိုးကျေးဇူးများ
သစ်စိမ်းမြေသြဇာပင်ထည့်ခြင်းသည် မြေသားတိုးတက်လာစေပါတယ်။ မြေအပေါ်ယံအလွှာအားဖြင့် အာဟာရဓာတ်စုပ်ယူမှုအားကောင်းလာစေပြီး မြေထဲတွင်နိုက်ထရိုဂျင်ဓာတ်များတိုးလာစေပါတယ်။ မြေတွင်းလေဝင်လေထွက်ကောင်းပြီး မြေကြီးသိပ်သည်းဆလည်းတိုးလာစေပါတယ်။ မြေကိုအကျိုးပြုစေသော အဏုဇီဝပိုးမွှားတိုးပွားလာစေပြီး မြေတွင်း ကယ်လစီယမ်၊ ဖော့စဖောရပ်စ်၊ ပိုတက်ရှ် နှင့် မန်းဂနီဆီယမ်ဓာတ်များလည်းတိုးစေမှာပါ။
ဦးကြီးတို့ရဲ့စိုက်ပျိုးမြေမှာ သီးနှံပင်တွေဖြစ်ထွန်းမှုနည်းလို့ မြေပြုပြင်ချင်တယ်ဆိုတော့ သစ်ရွက်စိမ်းပင်စိုက်ပျိုးပြီး ပြုပြင်ပေးဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။
သစ္႐ြက္စိမ္းေျမၾသဇာဆိုသည္မွာ
သီးႏွံပင္တို႔၏ အာဟာရအတြက္ သစ္႐ြက္စိမ္းပင္ႀကီးထြားအဆင့္တြင္ ထြန္ျဖင့္ေျမထဲသို႔ ထိုးျမႇဳပ္ဖုံးအုပ္ၿပီး ေဆြးျမည့္ေသာအခါ ထြန္ျဖင့္ထပ္ေမႊၿပီး ေျမဖုံးအုပ္ေပးျခင္းမွရရွိေသာ ေျမၾသဇာျဖစ္ပါတယ္။ သစ္႐ြက္စိမ္းေျမၾသဇာထည့္သြင္းသည့္အဆင့္သည္ သီးႏွံပင္မ်ား၏ ႀကီးထြားအဆင့္(သို႔) ပန္းပြင့္ၿပီးလွ်င္ၿပီးခ်င္း ၎တို႔၏ အစိမ္းေရာင္ရွိသည့္ မည္သည့္အစိတ္အပိုင္းမဆို ေျမဆီလႊာအတြင္းသို႔ ထြန္ျဖင့္ထပ္ေမႊၿပီး ေျမဖုံးအုပ္ေပးျခင္းကိုဆိုလိုပါတယ္။ သစ္႐ြက္စိမ္းပင္အမ်ိဳးအစားေပၚမူတည္ၿပီး စိုက္ပ်ိဳးေသာသီးႏွံပင္အတြက္ အာဟာရဓာတ္အေထာက္အကူေပးမႈကေတာ့ကြဲျပားပါတယ္။
သစ္စိမ္းေျမၾသဇာပင္မ်ားမွာေတာ့ ပိုက္ဆံေလွ်ာ္၊ ပဲပုပ္၊ ပဲလြန္း၊ ပဲတီစိမ္း၊ Berseem မ်ားကိုအသုံးျပဳႏိုင္ပါတယ္။သစ္စိမ္းေျမၾသဇာပင္ကို စိုက္ၿပီးေျခာက္ပတ္သားအ႐ြယ္ ပန္းပြင့္စအ႐ြယ္တြင္ ထယ္ထိုးေျမျမႇဳပ္ျခင္းျပဳလုပ္ေပးပါ။
အက်ိဳးေက်းဇူးမ်ား
သစ္စိမ္းေျမၾသဇာပင္ထည့္ျခင္းသည္ ေျမသားတိုးတက္လာေစပါတယ္။ ေျမအေပၚယံအလႊာအားျဖင့္ အာဟာရဓာတ္စုပ္ယူမႈအားေကာင္းလာေစၿပီး ေျမထဲတြင္ႏိုက္ထ႐ိုဂ်င္ဓာတ္မ်ားတိုးလာေစပါတယ္။ ေျမတြင္းေလဝင္ေလထြက္ေကာင္းၿပီး ေျမႀကီးသိပ္သည္းဆလည္းတိုးလာေစပါတယ္။ ေျမကိုအက်ိဳးျပဳေစေသာ အဏုဇီဝပိုးမႊားတိုးပြားလာေစၿပီး ေျမတြင္း ကယ္လစီယမ္၊ ေဖာ့စေဖာရပ္စ္၊ ပိုတက္ရွ္ ႏွင့္ မန္းဂနီဆီယမ္ဓာတ္မ်ားလည္းတိုးေစမွာပါ။
ဦးႀကီးတို႔ရဲ႕စိုက္ပ်ိဳးေျမမွာ သီးႏွံပင္ေတြျဖစ္ထြန္းမႈနည္းလို႔ ေျမျပဳျပင္ခ်င္တယ္ဆိုေတာ့ သစ္႐ြက္စိမ္းပင္စိုက္ပ်ိဳးၿပီး ျပဳျပင္ေပးဖို႔လည္း တိုက္တြန္းလိုက္ရပါတယ္။
Leave a Reply