၂၁.၉.၂၀၂၃ နေ့ မို့လေဝသ အခြေအနေ

၂၁.၉.၂၀၂၃ နေ့ မို့လေဝသ အခြေအနေ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အန္ဒိယနိုင်ငံအတွင်းကို ၂၀ရက်နေ့ကတည်းက ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့မှာတော့ မုန်တိုင်းရဲ့ ရိုက်ခတ်မှု့ အကျိုးသက်ရောက်မှု့တွေဟာ မြန်မာနိုင်ငံကို အမြင့်ဆုံးရောက်ရှိမယ်နေ့ဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ လေစိုင်ဝိုင်၊ မုန်တိုင်းတွေဟာ နာရီလက်တံပြောင်းပြင်လည်သလို လှည့်ပတ်တိုက်ခတ်တာဖြစ်ပါတယ်။ အဲဒီအတွက် မုန်တိုင်းရဲ့ လက်ယာဘက်မှာရှိတဲ့ မြန်မာနိုင်ငံအဖို့ မုန်တိုင်းနဲ့အတူ ပါလာတဲ့ ရေငွေ့များ မိုးတိမ်တောင်များဟာ မြန်မာနိုင်ငံအပေါ်ကို များစွာရောက်ရှိလာပြီး မိုးရွာသွန်းမှု့တွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

တစ်ချိန်ထဲမှာပဲ တောင်တရုတ်ပင်လယ်ပြင်မှာလည်း လေထုမငြိမ်သက်မှုဖြစ်ပေါ်နေပြီး လေစီးကြောင်းနဲ့အတူ မိုးတိမ်တောင်အချို့ဟာလည်း မြန်မာနိုင်ငံအပေါ်ကို ရောက်ရှိလာမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ယခုရက်ပိုင်းတွေမှာ မိုးဆက်လက်ရွာသွန်းနေအုံးမှာဖြစ်ပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ် ချင်းပြည်နယ် ရခိုင်ပြည်နယ် မွန်ပြည်နယ် တနင်္သာရီနဲ့ ဧရာဝတီတိုင်းတွေမှာ နေရာစိပ်စိပ်မိုးကြီးနိုင်ပါတယ်။ စစ်ကိုင်းတိုင်း မန္တလေးတိုင်း မကွေးတိုင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာတော့ နေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။

အထူးသတင်းတရပ်အနေနဲ့တော့ အယ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအနှံ အပူချိန်တွေ မြင့်တက်လာမှာဖြစ်ကြောင်းနဲ့ အလျှင်းသင့်သလို အယ်နီညိုနဲ့ပတ်သက်တဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေ….

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *