မြေဆွေးပုံပြုလုပ်နည်း

မြေဆွေးပုံပြုလုပ်နည်း

မြေဆွေးရဲ့အခန်းကဏ္ဍတွေကိုသိပြီးတဲ့နောက်မှာတော့ မြေဆွေးပြုလုပ်ဖို့နည်းလမ်းတွေလိုအပ်လာပါပြီ။ မြေဆွေးဖြစ်စေတဲ့အရာတွေအများကြီးရှိတဲ့အလျောက် ပြုလုပ်ပုံနည်းလမ်းတွေကလည်းကွဲမှာပဲဖြစ်ပါတယ်။ မြေဆွေးနှင့် အပင်အာဟာရပိုင်းဆိုင်ရာမြေသြဇာကို သဘာဝနည်းအတိုင်းပြုလုပ်ပုံနည်းများကို သောကြာနေ့တိုင်းမှာ တစ်ပုဒ်စီတင်ပေးသွားမှာဖြစ်ပါတယ်။

မြေဆွေးပုံပြုလုပ်တဲ့အခါလိုအပ်သောပစ္စည်းများ

တိရစ္ဆာန်အညစ်အကြေး၊ ကြက်ချေး၊ သစ်ရွက်၊ မြက်ခြောက်၊ ကောက်ရိုးခြောက်၊ ပြာ၊ စပါးခွံ၊ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများ၊ မြေကြီး၊ မြေဆွေးပုံရန်နေရာ၊ ငှက်ပျောတုံး(သို့) သစ်တုံး များပြင်ဆင်ပါ။

အချိုးအစားအနေနဲ့ ပါဝင်သောပစ္စည်းတစ်မျိုးစီ တစ်လွှာမှာ မြေကြီးတစ်လွှာ နှုန်းထားနဲ့ပါ။

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတစ်မျိုးစီ တစ်လွှာ မြေကြီးတစ်လွှာကို အဆင့်ဆင့်ပုံပါ။ လစဉ်လတိုင်း မြေဆွေးပုံကို အထက်အောက်လှန်ပေးပါ။ (၃-၄) လကြာ၍ မြေဆွေးပုံအမည်းရောင်ပြောင်းသွားပါက အသုံးပြု၍ရပါပြီ။ မြေဆွေးပုံပတ်လည်တွင် သစ်သားချောင်း(သို့) ငှက်ပျောတုံး (သို့) အုတ်ခဲများဖြင့်ကာထားပါ။

အသုံးဝင်ပုံ

သဘာဝဥယျာဉ်ခြံစိုက်ပျိုးသူများအတွက် အသုံးဝင်သည်။ မိမိ ဥယျာဉ်ခြံစိုက်ခင်းများ၊ ပျိုးထုပ်၊ ပျိုးဘောင်များတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ နွားချေးနှင့် မြေကြီးထည့်ပေးခြင်းဖြင့် သစ်ရွက်များမြန်မြန်ဆွေးပြီး အပူချိန်လျော့စေသည်။ ဓာတ်မြေသြဇာနှင့်ထုံးထည့်ပေးခြင်းဖြင့် အဆွေးမြန်စေသည်။ ရှေ့တစ်ပတ်ကတင်ထားတဲ့ “မြေဆွေးဆိုသည်မှာ…” ဆောင်းပါးကိုအောက်ပါလင့်မှာလေ့လာပါ။

မြေဆွေးဆိုသည်မှာ…

နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်းနည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ေျမေဆြးပုံျပဳလုပ္နည္း

ေျမေဆြးရဲ႕အခန္းက႑ေတြကိုသိၿပီးတဲ့ေနာက္မွာေတာ့ ေျမေဆြးျပဳလုပ္ဖို႔နည္းလမ္းေတြလိုအပ္လာပါၿပီ။ ေျမေဆြးျဖစ္ေစတဲ့အရာေတြအမ်ားႀကီးရွိတဲ့အေလ်ာက္ ျပဳလုပ္ပုံနည္းလမ္းေတြကလည္းကြဲမွာပဲျဖစ္ပါတယ္။ ေျမေဆြးႏွင့္ အပင္အာဟာရပိုင္းဆိုင္ရာေျမၾသဇာကို သဘာဝနည္းအတိုင္းျပဳလုပ္ပုံနည္းမ်ားကို ေသာၾကာေန႔တိုင္းမွာ တစ္ပုဒ္စီတင္ေပးသြားမွာျဖစ္ပါတယ္။

ေျမေဆြးပုံျပဳလုပ္တဲ့အခါလိုအပ္ေသာပစၥည္းမ်ား

တိရစာၦန္အညစ္အေၾကး၊ ၾကက္ေခ်း၊ သစ္႐ြက္၊ ျမက္ေျခာက္၊ ေကာက္႐ိုးေျခာက္၊ ျပာ၊ စပါးခြံ၊ မီးဖိုေခ်ာင္သုံးစြန္႔ပစ္ပစၥည္းမ်ား၊ ေျမႀကီး၊ ေျမေဆြးပုံရန္ေနရာ၊ ငွက္ေပ်ာတုံး(သို႔) သစ္တုံး မ်ားျပင္ဆင္ပါ။

အခ်ိဳးအစားအေနနဲ႔ ပါဝင္ေသာပစၥည္းတစ္မ်ိဳးစီ တစ္လႊာမွာ ေျမႀကီးတစ္လႊာ ႏႈန္းထားနဲ႔ပါ။

ျပဳလုပ္နည္း

ပါဝင္ပစၥည္းတစ္မ်ိဳးစီ တစ္လႊာ ေျမႀကီးတစ္လႊာကို အဆင့္ဆင့္ပုံပါ။ လစဥ္လတိုင္း ေျမေဆြးပုံကို အထက္ေအာက္လွန္ေပးပါ။ (၃-၄) လၾကာ၍ ေျမေဆြးပုံအမည္းေရာင္ေျပာင္းသြားပါက အသုံးျပဳ၍ရပါၿပီ။ ေျမေဆြးပုံပတ္လည္တြင္ သစ္သားေခ်ာင္း(သို႔) ငွက္ေပ်ာတုံး (သို႔) အုတ္ခဲမ်ားျဖင့္ကာထားပါ။

အသုံးဝင္ပုံ

သဘာဝဥယ်ာဥ္ၿခံစိုက္ပ်ိဳးသူမ်ားအတြက္ အသုံးဝင္သည္။ မိမိ ဥယ်ာဥ္ၿခံစိုက္ခင္းမ်ား၊ ပ်ိဳးထုပ္၊ ပ်ိဳးေဘာင္မ်ားတြင္ ထည့္သြင္းအသုံးျပဳႏိုင္ပါသည္။ ႏြားေခ်းႏွင့္ ေျမႀကီးထည့္ေပးျခင္းျဖင့္ သစ္႐ြက္မ်ားျမန္ျမန္ေဆြးၿပီး အပူခ်ိန္ေလ်ာ့ေစသည္။ ဓာတ္ေျမၾသဇာႏွင့္ထုံးထည့္ေပးျခင္းျဖင့္ အေဆြးျမန္ေစသည္။ ေရွ႕တစ္ပတ္ကတင္ထားတဲ့ “ေျမေဆြးဆိုသည္မွာ…” ေဆာင္းပါးကိုေအာက္ပါလင့္မွာေလ့လာပါ။

ေျမေဆြးဆိုသည္မွာ…

နည္းပညာမ်ားကို ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ ပါေမာကၡ(ၿငိမ္း) ေဒၚျမျမ၏ အိမ္ႏွင့္ေက်ာင္းဥယ်ာဥ္ၿခံတည္ေထာင္ျခင္းနည္းပညာလက္စြဲ စာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပပါသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *