ကြက်ဥခွံကို ဘယ်လိုသုံးမလဲ

ကြက်ဥခွံကို ဘယ်လိုသုံးမလဲ

ကြက်ဥစားပြီးတိုင်း ကြက်ဥခွံတွေကို လွင့်ပစ်လေ့ရှိပါသလား။ လွင့်ပစ်လေ့ရှိတယ်ဆိုရင်တော့ မလုပ်တော့ပါနဲ့။ ကြက်ဥခွံကို သုံးလို့ရတဲ့နေရာတွေရှိသလို သုံးလိုက်တဲ့အတွက်လည်း အကျိုးရှိပါတယ်။ ဘယ်လိုပုံစံမျိုး သုံးလို့ရလဲဆိုတာ ဆက်ဖတ်ကြည့်ပါအုံး။

၁။ မြေသြဇာ

ကြက်ဥခွံကို မြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံတွေကိုချေပြီး အပင်အောက်ခြေမှာပုံထားမယ်ဆိုရင် အပင်အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ရရှိမှာဖြစ်ပါတယ်။ အပင်စစိုက်စဉ်ကတည်းက ကြက်ဥခွံကိုတစ်ခါတည်းထည့်ပေးမယ်ဆိုရင် အပင်ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ အရွယ်ရောက်ပြီးတဲ့ အပင်တွေမှာတော့ နှစ်ပတ်ခြားတစ်ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံတွေကို အပင်တွေမှာသုံးမယ်ဆိုရင် ပိုးမွှားကျရောက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဥခွံ၏ ကြမ်းရှသောထောင့်များကြောင့် ခရု၊ ပတ်ကျိများ ကျရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ အိမ်မှာစိုက်ထားတဲ့ပန်းအိုးထဲကို ကြောင်များဝင်ရောက်နိုင်ပါတယ်။ ကြက်ဥခွံထည့်ထားမယ်ဆိုရင် ကြောင်အန္တရာယ်ကို ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။ မြေဆွေးပုံးထဲကိုလည်း ကြက်ဥခွံထည့်ပြီး ပြုလုပ်နိုင်ပါတယ်။ မြေဆွေး၏ ချဉ်ငံဓာတ် (pH) ကိုထိန်းညှိပေးပါတယ်။

၂။ ပျိုးအိတ်

ကြက်ဥကို ထက်ခြမ်းမခွဲပဲ အပေါက်ဖောက်ပြီး သုံးထားမယ်ဆိုရင် ပျိုးအိတ်အဖြစ် သုံးနိုင်ပါတယ်။ ကြက်ဥခွံထဲကို မြေတစ်ဝက်လောက်ထဲပြီး မျိုးစေ့ထည့်၍ ရေအနည်းငယ်ဖျန်းကာ ပျိုးပင်စိုက်နိုင်ပါတယ်။ နောက်ပြီး ကြက်ဥထည့်တဲ့ကဒ်ထဲမှာ ကြက်ဥခွံတွေကိုပြန်စီထည့်ပြီး ပျိုးပင်စိုက်နိုင်ပါတယ်။

၃။ ကြက်စာ

ကြက်တွေမွေးထားမယ်ဆိုရင်တော့ ကြက်စာအနေနဲ့ ပြန်သုံးလိုရပါတယ်။ ကြက်မတွေက ဥဥဖို့ ကယ်လ်ဆီယမ်ဓာတ်လိုအပ်ပါတယ်။ ကြက်ဥခွံမှာ ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့အတွက် မှုန့်ညက်နေအောင်ထောင်းပြီး ကြက်စာနဲ့ရောကျွေးနိုင်ပါတယ်။ ဒါပေမဲ့ ပမာဏအနည်းငယ်ပဲသုံးသင့်ပါတယ်။

ၾကက္ဥခြံကို ဘယ္လိုသုံးမလဲ

ၾကက္ဥစားၿပီးတိုင္း ၾကက္ဥခြံေတြကို လြင့္ပစ္ေလ့ရွိပါသလား။ လြင့္ပစ္ေလ့ရွိတယ္ဆိုရင္ေတာ့ မလုပ္ေတာ့ပါနဲ႔။ ၾကက္ဥခြံကို သုံးလို႔ရတဲ့ေနရာေတြရွိသလို သုံးလိုက္တဲ့အတြက္လည္း အက်ိဳးရွိပါတယ္။ ဘယ္လိုပုံစံမ်ိဳး သုံးလို႔ရလဲဆိုတာ ဆက္ဖတ္ၾကည့္ပါအုံး။

၁။ ေျမၾသဇာ

ၾကက္ဥခြံကို ေျမၾသဇာအျဖစ္ အသုံးျပဳႏိုင္ပါတယ္။ ၾကက္ဥခြံေတြကိုေခ်ၿပီး အပင္ေအာက္ေျခမွာပုံထားမယ္ဆိုရင္ အပင္အတြက္လိုအပ္တဲ့ ကယ္လ္ဆီယမ္ဓာတ္ကို ရရွိမွာျဖစ္ပါတယ္။ အပင္စစိုက္စဥ္ကတည္းက ၾကက္ဥခြံကိုတစ္ခါတည္းထည့္ေပးမယ္ဆိုရင္ အပင္ႀကီးထြားမႈအတြက္ အေထာက္အကူျဖစ္ေစပါတယ္။ အ႐ြယ္ေရာက္ၿပီးတဲ့ အပင္ေတြမွာေတာ့ ႏွစ္ပတ္ျခားတစ္ႀကိမ္ခန႔္ အသုံးျပဳႏိုင္ပါတယ္။ ၾကက္ဥခြံေတြကို အပင္ေတြမွာသုံးမယ္ဆိုရင္ ပိုးမႊားက်ေရာက္မႈကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ၾကက္ဥခြံ၏ ၾကမ္းရွေသာေထာင့္မ်ားေၾကာင့္ ခ႐ု၊ ပတ္က်ိမ်ား က်ေရာက္မႈကို ကာကြယ္ေပးႏိုင္ပါတယ္။ အိမ္မွာစိုက္ထားတဲ့ပန္းအိုးထဲကို ေၾကာင္မ်ားဝင္ေရာက္ႏိုင္ပါတယ္။ ၾကက္ဥခြံထည့္ထားမယ္ဆိုရင္ ေၾကာင္အႏၲရာယ္ကို ကာကြယ္ၿပီးသားလည္းျဖစ္ပါတယ္။ ေျမေဆြးပုံးထဲကိုလည္း ၾကက္ဥခြံထည့္ၿပီး ျပဳလုပ္ႏိုင္ပါတယ္။ ေျမေဆြး၏ ခ်ဥ္ငံဓာတ္ (pH) ကိုထိန္းညႇိေပးပါတယ္။

၂။ ပ်ိဳးအိတ္

ၾကက္ဥကို ထက္ျခမ္းမခြဲပဲ အေပါက္ေဖာက္ၿပီး သုံးထားမယ္ဆိုရင္ ပ်ိဳးအိတ္အျဖစ္ သုံးႏိုင္ပါတယ္။ ၾကက္ဥခြံထဲကို ေျမတစ္ဝက္ေလာက္ထဲၿပီး မ်ိဳးေစ့ထည့္၍ ေရအနည္းငယ္ဖ်န္းကာ ပ်ိဳးပင္စိုက္ႏိုင္ပါတယ္။ ေနာက္ၿပီး ၾကက္ဥထည့္တဲ့ကဒ္ထဲမွာ ၾကက္ဥခြံေတြကိုျပန္စီထည့္ၿပီး ပ်ိဳးပင္စိုက္ႏိုင္ပါတယ္။

၃။ ၾကက္စာ

ၾကက္ေတြေမြးထားမယ္ဆိုရင္ေတာ့ ၾကက္စာအေနနဲ႔ ျပန္သုံးလိုရပါတယ္။ ၾကက္မေတြက ဥဥဖို႔ ကယ္လ္ဆီယမ္ဓာတ္လိုအပ္ပါတယ္။ ၾကက္ဥခြံမွာ ကယ္လ္ဆီယမ္ဓာတ္ပါဝင္တဲ့အတြက္ မႈန႔္ညက္ေနေအာင္ေထာင္းၿပီး ၾကက္စာနဲ႔ေရာေကြၽးႏိုင္ပါတယ္။ ဒါေပမဲ့ ပမာဏအနည္းငယ္ပဲသုံးသင့္ပါတယ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *