ကြက်သွန်နီခွံသဘာဝမြေဩဇာ

ကြက်သွန်နီခွံသဘာဝမြေဩဇာ

ယခုနောက်ပိုင်းမှာ အားလုံးကဓာတုပစ္စည်းရဲ့ အန္တရာယ်ကိုသိလာကြတဲ့အပြင် ကြီးမြင့်လှသည့် ဓာတ်မြေဩဇာကုန်စျေးနှုန်းကို လျော့ချနိုင်ဖို့ရန်အတွက် ကြက်သွန်နီခွံနဲ့ပြုလုပ်တဲ့ သဘာဝမြေဩဇာလေးကို ဖော်ပြပေးပါမယ်။

အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကြက်သွန်နီခွံက အိမ်တိုင်းရဲ့ မီးဖိုချောင်မှာမရှိမဖြစ်တဲ့ စားသုံးကုန်မှစွန့်ပစ်ပစ္စည်း ဖြစ်တဲ့အတွက် အိမ်တိုင်းအလွယ်တစ်ကူ ပြုလုပ်အသုံးပြုနိုင်ပါတယ်။

ကြက်သွန်နီခွံမှာဆိုရင် ကယ်လဆီယမ်(calcium)၊ ပိုတက်ဆီယမ်(potassium)၊ မဂ္ဂနီဆီယမ်(magnesium)၊ သံဓာတ်(iron) ၊ ကျေးနီ(copper)နဲ့ အခြားသတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။

ပြုလုပ်နည်းလေးကလည်းလွယ်ကူပါတယ်။

ပုံး(သို့) ဘူးတစ်ခုတွင် ရေတစ်လီတာကို ကြက်သွန်နီခွံလက်တစ်စုပ်နဲ့တစ်ဝက် အချိုးလောက်နဲ့ စိမ်ပေးပါ။ ပြီးရင် အဖုံးအုပ်ပြီး တစ်ရက်ထားပေးပါ။

နောက်နေ့မှာ အရည်ချည်းပဲသီးသန့်ဖြစ်အောင်စစ်ယူပြီး ထိုအရည်ကို တစ်ပင်လျှင် တစ်ခွက်နှုန်းလောက်(ကော်ဖီခွက်) အသုံးပြုနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်အသုံးပြုနိုင်ပါတယ်နော်။

ကြက်သွန်နီခွံကိုအသားမကပ်နေတဲ့ အခွံချည်းပဲဖြစ်အောင်ဂရုပြုပေးပါ။
အားလုံးပဲ သဘာဝမြေဩဇာလေးသုံးကာ ကုန်ကျစရိတ်ချွေတာနိုင်ပြီး စိုက်ပျိုးရေးအောင်မြင်ကြပါစေနော်။

ၾကက္သြန္နီခြံသဘာဝေျမဩဇာ

ယခုေနာက္ပိုင္းမွာ အားလုံးကဓာတုပစၥည္းရဲ႕ အႏၲရာယ္ကိုသိလာၾကတဲ့အျပင္ ႀကီးျမင့္လွသည့္ ဓာတ္ေျမဩဇာကုန္ေစ်းႏႈန္းကို ေလ်ာ့ခ်ႏိုင္ဖို႔ရန္အတြက္ ၾကက္သြန္နီခြံနဲ႔ျပဳလုပ္တဲ့ သဘာဝေျမဩဇာေလးကို ေဖာ္ျပေပးပါမယ္။

အဓိကပါဝင္ပစၥည္းျဖစ္တဲ့ ၾကက္သြန္နီခြံက အိမ္တိုင္းရဲ႕ မီးဖိုေခ်ာင္မွာမရွိမျဖစ္တဲ့ စားသုံးကုန္မွစြန႔္ပစ္ပစၥည္း ျဖစ္တဲ့အတြက္ အိမ္တိုင္းအလြယ္တစ္ကူ ျပဳလုပ္အသုံးျပဳႏိုင္ပါတယ္။

ၾကက္သြန္နီခြံမွာဆိုရင္ ကယ္လဆီယမ္(calcium)၊ ပိုတက္ဆီယမ္(potassium)၊ မဂၢနီဆီယမ္(magnesium)၊ သံဓာတ္(iron) ၊ ေက်းနီ(copper)နဲ႔ အျခားသတၱဳဓာတ္ေတြမ်ားစြာပါဝင္ပါတယ္။

ျပဳလုပ္နည္းေလးကလည္းလြယ္ကူပါတယ္။

ပုံး(သို႔) ဘူးတစ္ခုတြင္ ေရတစ္လီတာကို ၾကက္သြန္နီခြံလက္တစ္စုပ္နဲ႔တစ္ဝက္ အခ်ိဳးေလာက္နဲ႔ စိမ္ေပးပါ။ ၿပီးရင္ အဖုံးအုပ္ၿပီး တစ္ရက္ထားေပးပါ။

ေနာက္ေန႔မွာ အရည္ခ်ည္းပဲသီးသန႔္ျဖစ္ေအာင္စစ္ယူၿပီး ထိုအရည္ကို တစ္ပင္လွ်င္ တစ္ခြက္ႏႈန္းေလာက္(ေကာ္ဖီခြက္) အသုံးျပဳႏိုင္ပါတယ္။ တစ္ပတ္ကို တစ္ႀကိမ္အသုံးျပဳႏိုင္ပါတယ္ေနာ္။

ၾကက္သြန္နီခြံကိုအသားမကပ္ေနတဲ့ အခြံခ်ည္းပဲျဖစ္ေအာင္ဂ႐ုျပဳေပးပါ။
အားလုံးပဲ သဘာဝေျမဩဇာေလးသုံးကာ ကုန္က်စရိတ္ေခြၽတာႏိုင္ၿပီး စိုက္ပ်ိဳးေရးေအာင္ျမင္ၾကပါေစေနာ္။

Be the first to comment

Leave a Reply

Your email address will not be published.


*