
ငရုတ်ပင်၏ အာဟာရချို့တဲ့မှု လက္ခဏာများ
ဦးကြီးတို့စိုက်ထားတဲ့ ငရုတ်ပင်တွေမှာ ရောဂါကျတာလား၊ ပိုးကျတာလား၊ အာဟာရဓာတ် ချို့တဲ့တာလား ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ ဒါမှလည်း ကုသရာမှာ အနာနဲ့ဆေး ကွက်တိကျတော့မှာပေါ့။ အဲ့ဒါကြောင့် ငရုတ်ပင်မှာ အာဟာရဓာတ်ချို့တဲ့ရင် ဘယ်လိုလက္ခဏာတွေ ပြသလဲဆိုတာ လေ့လာကြည့်ရအောင်လားဗျာ။
နိုက်ဒရိုဂျင်ဓာတ်ချို့တဲ့မှု လက္ခဏာ
– နိုက်ဒရိုဂျင်ဓာတ်ချို့တဲ့နေလျှင် အောက်ဘက်ရှိအရွက်များ အဝါရောင်ပြောင်းလာမယ်။
– ပြင်းထန်လာလျှင်တော့ အပင်ကြီးထွားမှု ရပ်တန့်သွားပါမယ်။
ဖော့စဖရပ် ချို့တဲ့မှုလက္ခဏာ
– အရွက်တွေရဲ့ အဖျားပိုင်းမှာ အနီဖျော့ရောင်သန်းလာပါမယ်။
– ချို့တဲ့မှုပြင်းထန်လျှင် အမြစ်ကြီးထွားမှု အားနည်းလာမယ်။
ပိုတက်စီယမ် ချို့တဲ့မှုလက္ခဏာ
– အောက်ဘက်ရွက်တွေ အစိမ်းရင့်ရောင်ပြောင်းလာပြီး ရွက်ကြောတွေက မီးလောင်နာဖြစ်လာမယ်။
– ချို့တဲ့မှုပြင်းထန်လာလျှင် အသီးကြီးထွားမှုနှေးပြီး အထွက်နှုန်းကိုထိခိုက်စေနိုင်ပါတယ်ဗျ။
ကယ်စီယမ်ချို့တဲ့မှုလက္ခဏာ
– အရွက်တွေအပေါ်ကို ကွေးလာပါမယ်။
– ကယ်ဆီယမ်ဓာတ်ချို့တဲ့မှု ပြင်းထန်လာလျှင် အဖူးထွက်နည်းပြီး ရွက်နုတွေကလည်း ပုံသဏ္ဍန်မမှန်တာတွေဖြစ်လာပါမယ်။
မဂ္ဂနီဆီယမ်ချို့တဲ့မှုလက္ခဏာ
– ရွက်ကြောတွေကြားမှာ အဝါရောင်ကွက်ကြားတွေ ဖြစ်လာပါမယ်ဗျ။
ဆာလ်ဖာချို့တဲ့မှုလက္ခဏာ
– အရွက်နုတွေက အဝါဖျော့ရောင်ပြောင်းလာမယ်။
ဘိုရွန်ချို့တဲ့မှုလက္ခဏာ
-အရွက်တွေ ပုံစံတူစွာပဲ အောက်ဘက်ကိုကွေးသွားပါမယ်။
သံဓာတ်ချို့တဲ့မှုလက္ခဏာ
– အရွက်များ အဖြူဖျော့ရောင်ပြောင်းလာပါမယ်။
– ပြင်းထန်လာလျှင် အသီးထွက်နှုန်းကို လျော့ကျစေပါတယ်။
ဒီလောက်ဆိုရင်တော့ ဉီးကြီးတို့လည်း ငရုတ်ပင်မှာ အာဟာရချို့တဲ့လျှင် ဖြစ်ပေါ်စေတဲ့ လက္ခဏာတွေကို သိရှိပြီး မှန်ကန်တဲ့ကုသမှုတွေ လုပ်ဆောင်နိုင်ကြပါစေဗျာ။
င႐ုတ္ပင္၏ အာဟာရခ်ိဳ႕တဲ့မႈ လကၡဏာမ်ား
ဦးႀကီးတို႔စိုက္ထားတဲ့ င႐ုတ္ပင္ေတြမွာ ေရာဂါက်တာလား၊ ပိုးက်တာလား၊ အာဟာရဓာတ္ ခ်ိဳ႕တဲ့တာလား ကြဲကြဲျပားျပားသိဖို႔ လိုပါတယ္။ ဒါမွလည္း ကုသရာမွာ အနာနဲ႔ေဆး ကြက္တိက်ေတာ့မွာေပါ့။ အဲ့ဒါေၾကာင့္ င႐ုတ္ပင္မွာ အာဟာရဓာတ္ခ်ိဳ႕တဲ့ရင္ ဘယ္လိုလကၡဏာေတြ ျပသလဲဆိုတာ ေလ့လာၾကည့္ရေအာင္လားဗ်ာ။
ႏိုက္ဒ႐ိုဂ်င္ဓာတ္ခ်ိဳ႕တဲ့မႈ လကၡဏာ
– ႏိုက္ဒ႐ိုဂ်င္ဓာတ္ခ်ိဳ႕တဲ့ေနလွ်င္ ေအာက္ဘက္ရွိအ႐ြက္မ်ား အဝါေရာင္ေျပာင္းလာမယ္။
– ျပင္းထန္လာလွ်င္ေတာ့ အပင္ႀကီးထြားမႈ ရပ္တန႔္သြားပါမယ္။
ေဖာ့စဖရပ္ ခ်ိဳ႕တဲ့မႈလကၡဏာ
– အ႐ြက္ေတြရဲ႕ အဖ်ားပိုင္းမွာ အနီေဖ်ာ့ေရာင္သန္းလာပါမယ္။
– ခ်ိဳ႕တဲ့မႈျပင္းထန္လွ်င္ အျမစ္ႀကီးထြားမႈ အားနည္းလာမယ္။
ပိုတက္စီယမ္ ခ်ိဳ႕တဲ့မႈလကၡဏာ
– ေအာက္ဘက္႐ြက္ေတြ အစိမ္းရင့္ေရာင္ေျပာင္းလာၿပီး ႐ြက္ေၾကာေတြက မီးေလာင္နာျဖစ္လာမယ္။
– ခ်ိဳ႕တဲ့မႈျပင္းထန္လာလွ်င္ အသီးႀကီးထြားမႈေႏွးၿပီး အထြက္ႏႈန္းကိုထိခိုက္ေစႏိုင္ပါတယ္ဗ်။
ကယ္စီယမ္ခ်ိဳ႕တဲ့မႈလကၡဏာ
– အ႐ြက္ေတြအေပၚကို ေကြးလာပါမယ္။
– ကယ္ဆီယမ္ဓာတ္ခ်ိဳ႕တဲ့မႈ ျပင္းထန္လာလွ်င္ အဖူးထြက္နည္းၿပီး ႐ြက္ႏုေတြကလည္း ပုံသ႑န္မမွန္တာေတြျဖစ္လာပါမယ္။
မဂၢနီဆီယမ္ခ်ိဳ႕တဲ့မႈလကၡဏာ
– ႐ြက္ေၾကာေတြၾကားမွာ အဝါေရာင္ကြက္ၾကားေတြ ျဖစ္လာပါမယ္ဗ်။
ဆာလ္ဖာခ်ိဳ႕တဲ့မႈလကၡဏာ
– အ႐ြက္ႏုေတြက အဝါေဖ်ာ့ေရာင္ေျပာင္းလာမယ္။
ဘို႐ြန္ခ်ိဳ႕တဲ့မႈလကၡဏာ
-အ႐ြက္ေတြ ပုံစံတူစြာပဲ ေအာက္ဘက္ကိုေကြးသြားပါမယ္။
သံဓာတ္ခ်ိဳ႕တဲ့မႈလကၡဏာ
– အ႐ြက္မ်ား အျဖဴေဖ်ာ့ေရာင္ေျပာင္းလာပါမယ္။
– ျပင္းထန္လာလွ်င္ အသီးထြက္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။
ဒီေလာက္ဆိုရင္ေတာ့ ဉီးႀကီးတို႔လည္း င႐ုတ္ပင္မွာ အာဟာရခ်ိဳ႕တဲ့လွ်င္ ျဖစ္ေပၚေစတဲ့ လကၡဏာေတြကို သိရွိၿပီး မွန္ကန္တဲ့ကုသမႈေတြ လုပ္ေဆာင္ႏိုင္ၾကပါေစဗ်ာ။
Leave a Reply