သင် မနက်စာမစားဘဲ နေနေပြီလား ဒါဆို ဒီရောဂါတွေ ပိုဖြစ်နို်င်ပါတယ်…

သင် မနက်စာမစားဘဲ နေနေပြီလား ဒါဆို ဒီရောဂါတွေ ပိုဖြစ်နို်င်ပါတယ်…


မနက်စာ ကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေး သင်ကြားဖူးမှာပါ။

ဒါပေမယ့် ပိန်ချင်လို့ အစားလျှော့တယ်၊ ရုံးသွား ကျောင်းသွားရမယ်ဆိုပြီး မအားလို့ မနက်စာကို မစားဖြစ်ကြတဲ့ သူတွေ အများကြီးပါ။

တကယ်တော့ မနက်စာဆိုတာ သင်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ တစ်ခုတည်းသော အရာပါ။မနက်စာ

ကို အလွတ်ခံလိုက်ရင် တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေလည်း ဆုံးရှုံးမယ့်အပြင် မနက်စာမစားခြင်းက တစ်ခြားကျန်းမာရေးအပေါ်မှာ သက်ရောက်တဲ့ မကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်။ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။မနက်စာကို မစားဘဲနေရင် ဘာတွေ ဖြစ်နိုင်သလဲ ။ ။

အ စားတွေ ပိုစားဖြစ်တယ်။ ။

မနက်စာကို မစားဘဲနေလိုက်တာကြောင့် ကိုယ့်ကိုယ်ခန္ဓာရဲ့ စားသောက်မှု ပုံစံစည်းချက် မူမမှန်တော့မယ့်အပြင် ဦးနှောက်နဲ့ ကြွက်သားတို့ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ သွေးတွင်းသကြားဓာတ်လည်း နည်းနေမှာဖြစ်ပါတယ်။

ဒီိလိုနဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် တွေ ကမောက်ကမဖြစ်ပြီး လိုအပ်တဲ့ သကြားဓာတ်တွေ အတွက်ရော၊ မနက်စာအငတ်ခံထားလို့ သင့်ကိုသင်လည်း သနားပြီး နေ့လည်စာကို ပိုစားဖြစ်နေပါလိမ့်မယ် ။

မနက်စာမစားလို့ သင့်ကိုယ်အလေးချိန် ကျသွားမှာ မဟုတ်ပါဘူး။ ။

လေ့လာချက်တွေ အရတော့ မနက်စာ စားတဲ့သူတွေ ဟာ မစားတဲ့သူတွေထက်ပိုပိန်နေတာကို တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်စားတဲ့ မနက်စာထဲပါတဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေက သင့်ကို တစ်နေ့လုံး ဆာလောင်ခြင်း ကင်းစေမှာဖြစ်ပါတယ်။ဒါကြောင့် မနက်စာလေး အလွတ်ခံလိုက်ရင် ငါတော့ပိန်သွားမှာပဲ ဆိုတဲ့ အတွေးဟာ မှားနေပါတယ်။

နှလုံးရောဂါ ဖြစ်နေခြေ ပိုများတယ်။ ။

ညဘက် အိပ်တဲ့အချိန်ရယ် မနက်စာ မစားတဲ့အချိန်ရယ် ပေါင်းလိုက်လို့ ၁၂ နာရီကျော်သွားပြီဆိုရင် သ့င့်ကိုယ်ခန္ဓာအတွင်းက အစာကို တောင့်တနေပါလိမ့်မယ် ။

ဒါကို မနက်စာ အလွတ်ခံလိုက်မယ်ဆိုရင် ကိုယ်တွင်းဖိစီးမှုတွေတက်လာပြီး ဟော်မုန်း တွေလည်း အပြောင်းအလဲဖြစ်လာပါတယ်။ဒီလိုနဲ့ နှလုံးက ကြွက်သားတွေလည်း အလုပ်ပိုလုပ်ရလို့ မနက်စာ မစားတဲ့သူတွေဟာ နှလုံးရောဂါ ဖြစ်နို်င်ချေပိုများပါတယ်။

ဆီးချိုဖြစ်ဖို့ အလားအလာ ပိုများပါတယ်။ ။

မနက်စာ မစားဘဲနေတာ ကြာလာတော့ ကိုယ်တွင်း သကြားဓာတ် တွေလည်း ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက် ကိုယ်အများကြီး စားလိုက်တဲ့အခါဝင်လာတဲ့ သကြားဓာတ် အလုံးအရင်းကို အင်ဆူလင် က မထိန်းနို်င်တော့ ဆီးချို အမျိုးအစား ၂ ဖြစ်နိုင်ချေ အလားအလာပိုများသွားပါပြီ။

မှတ်ဉာဏ်စွမ်းရည်လည်း ကျဆင်းလာပါတယ်။ ။

အိပ်ပြီးပြန်ထလာတဲ့အချိန်ဆို ပထမဆုံး အလုပ်လုပ်ရတာ ဦးနှောက်ပါပဲ။ သူ အလုပ်တွေ အများကြီးလုပ်နိုင်ဖို့အတွက် သွေးတွင်းသကြားတွေ အလုံအလောက်ရှိနေမှ ရမှာပါ။ဒါကို ကိုယ်က မနက်စာ မစားဘဲနေလိုက်တဲ့အခါ သွေးတွင်း

သကြားဓာတ်တွေ ကမောက်ကမဖြစ်ပြီး ဦးနှောက် အတွက်လိုအပ်တဲ့ အာဟာရတွေ မရနိုင်တော့လို့မနက်စာ မစားတာကြာလာရင် သင့်ဦးနှောက် မှတ်ဉာဏ်ပိုင်းမှာရော၊ အာရုံစူးစိုက်မှု အပိုင်းမှာရော ကျဆင်းလာမှာပါ။

အားမရှိသလို ခံစားနေရပြီး ဗိုက်လည်း ခဏခဏ ဆာနေပါလိမ့်မယ်။ ။

တစ်နေ့တာ အတွက် လိုအပ်တဲ့ အားအင်တွေကို အပြည့်အဝပေးနိုင်တာ မနက်စာပါ။ ဒါကို မစားဘဲနေလိုက်တဲ့အခါကျ တစ်နေ့လုံး အားမရှိသလိုခံစားနေရပြီး နုန်းနေပါလိမ့််မယ်။မနက်စာ မစားထားတော့ ဗိုက်ထဲလည်း ဟာတာတာဖြစ်နေပြီး အချိန်ရှိတိုင်း ဗိုက်ဆာသလို ဖြစ်နေတော့မှာပါ။

စိတ်ဖိစီးမှုကိုလည်း များစေပါတယ်။

မနက်စားမစားတဲ့လူတွေ မှာ cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးပိုထွက်ပါတယ်။ ဒီိလိုနဲ့ မနက်စာ မစားလေလေ cortisol ပိုထွက်လေလေဖြစ်ပြီး စိ်တ်ဖိစီးမှုလည်း များလေလေပါပဲ ။ကဲ ဒီတော့ မနက်စာ စားဖြစ်ဆိုတာ သိပ်ကို အရေးကြီးကြောင်း သိသွားလောက်ကြပါပြီ။မစားတာကြာလေလေ ကျန်းမာရေးကို ထိခိုက်ဖို့ အလားအလာများလေလေဆိုတဲ့အတွက် နေ့တစ်နေ့ရဲ့ ပထမဦးဆုံး မနက်စာကို ရှင်ဘုရင်လို စားလိုက်ကြရအောင် ။ ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *