သရက်အခေါက်တွင်း သပ်ထိုး ကိုင်းကူးနည်း

သရက်အခေါက်တွင်း သပ်ထိုး ကိုင်းကူးနည်း


ဝါသနာရှင်များ တောင်းဆိုထားလို့ သရက်အခေါက်တွင်း သပ်ထိုးကိုင်းကူးနည်းလေး တင်ပေးလိုက်ပါတယ်။

ဒီနည်းအတိုင်း သရက်ပင်မှ မဟုတ်ပဲ အခြားအပင်များကိုလည်း ပြုလုပ်နိုင်ပါတယ်

– ကိုင်းကူးကိုင်းဆက်တဲ့အခါ အသုံးပြုမဲ့ ဓား (Grafting knife)တို့ လွှစသည့် အသုံးအဆောင်များကို ပိုးသတ်ပေးပါ

အရက်ပျံ (Methylated spirit)အသုံးပြုနိုင်သည်။ ကိုင်းဆက်မည့်သူရဲ့ လက်ကိုလည်း အရက်ပျံနဲ့ ဆေးပေးပါ

– အောက်ခံပင်(Stock)ကို မြေပြင်မှ (၂) ပေချန်ပြီး လွှနဲ့ မျက်နှာပြင် ညီညာမှုရှိအောင် ဖျက်ပေးထားပါ

– အောက်ခံပင် မျက်နှာပြင်ကို ဓားဖြင့် ညီညာအောင် ထပ်မံသပေးပါ

– အောက်ခံပင်ကို ထောင်လိုက်ဓားချက် အခေါက်ကို ၁ လက်မခွဲ အနက်ထားပြီး ဖိချပေးပါ

– မျိုးကိုင်း(Scion) ကို သပ်ပုံစံ တစ်လက်မခွဲ လှီးဖျက်ထားပါ

– အောက်ခံပင်မှ အခေါက်ကို ဓားအမြီး( bark remover) ဖြင့် ဟပေးထားပါ

– မျိုးကိုင်းကို အောက်ခံပင် အခေါက်နဲ့ အသားတိုးလွှာအတွင်းအလိုက်သင့် ဖိထိုးသွင်းပေးပါ

– တပင်ကို မျိုးကိုင်း နှစ်တက်၊ သုံးတက်အထိ ထည့်ပေးနိုင်သည်။ ပြီးပါက အောက်ခံပင်ကိုတိပ်ဖြင့်စည်းပေးပါ။ ပြီးမျိုးကိုင်းတွေကို တပ်စဖြင့် ပတ်ပေးပါ

ကိုင်းဆက်ထားသော မျိုးကိုင်းများကို နေရောင်ခြည်တိုက်ရိုက်မရအောင် သတင်းစာစက္ကူဖြင့် ဖုံးပေးထားပါ

ပုံနှင့်တကွ လေ့လာကြည့်ပါ။ လက်တွေ့လုပ်ကြည့်ပါ။ မရှင်းတာရှိရင် မေးမြန်းနိုင်ပါသည်။ Agricounsellor (B.Ag.Sc)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *