ကျီးပေါင်းတက်ခြင်း ဂုတ်ကြောတက်ခြင်း ဇာတ်ကြောတက်ခြင်း ကိုအရှင်းပျောက်ကင်းစေတဲ့ ဗန်ဒါရွက်ကုထုံး

ကျီးပေါင်းတက်ခြင်း ဂုတ်ကြောတက်ခြင်း ဇာတ်ကြောတက်ခြင်း ကိုအရှင်းပျောက်ကင်းစေတဲ့ ဗန်ဒါရွက်ကုထုံး

ကျီးပေါင်းတက်ခြင်းကို ဆိုးရွားစွာ ခံစားနေရတဲ့ အမျိုးတို့အတွက်။ ကျီးပေါင်းတက်ခြင်း၊ ဂုတ်ကြောတက်ခြင်း၊ ဇာတ်ကြောတက်ခြင်း စသည့်ရောဂါတွေကို အရှင်းပျောက်ကင်းစေတဲ့ ဗန်ဒါရွက် ကုထုံး

ဂုတ်၊ ဇာတ် ကျီးပေါင်းတက်နေသူများ အတွက် ဗန်ဒါရွက်ရဲ့အသုံးဝင်ပုံ

ဂုတ်၊ ဇာတ်ကျီးပေါင်းတက်နေသူများအတွက် ဗန်ဒါရွက်လေးရဲ့အသုံးဝင်ပုံလေးကို တင်ပြပေးလိုက်ရပါတယ်။

ဂုတ်၊ ဇက်ကျီးပေါင်းတက်နေသူများ ဗန်ဒါရွက်လေးကို ခူးလိုက်ပါ။

ရေမဆေးပါနဲ့ အရွက်မှာ ကပ်နေတဲ့ ဖုန်လေးတွေကို အဝတ်နဲ့ပွတ် သုတ်လိုက်ပါ။

အရွက်ရဲ့ အောက်မှာရှိတဲ့ အညှာအရိုးတံလေးကို ဖယ်ထုတ်လိုက်ပါ။

ပြီးရင် ဂုတ်ပေါ်နဲ့ ဇက်ပေါ်ကို အရွက်ကို ခွပီး ကပ်ထားလိုက်ပါ။

အချို့က အကြမ်းဘက်က ကပ်ရမှာလား အချောဘက်က ကပ်ရမှာလား မေးကြလို့ပါ။

အကြမ်းဘက်ကနေ မှောက်ကပ်ရမှာ ဖြစ်ပါတယ်။

လေးဆယ့်ငါးမိနစ်လောက်ကြာရင် ကပ်တားတဲ့နေရာမှာ ပူလာပီး ချွေးများ ထွက်လာပါလိမ့်မယ်။

ခဏခွာထားပီး ငါးမိနစ်လောက်ကြာရင် ပြန်ကပ်ပေးပါ။

အရမ်းကို သိသိသာသာ သက်သာသွားပါလိမ့်မယ်။

အခု ကျွန်တော်လဲ ဆေးလိမ်းစရာမလို နင်းစရာမလို လက်တွေ့သက်သာနေလို့ တင်ပြပေးရခြင်း ဖြစ်ပါတယ်ခင်ဗျ။

မရှင်းတာရှိရင် မေးမြန်းလို့ရပါတယ် 09403702293 ကိုတင်။

ဗန်ဒါရွက်ရဲ့ အခြားအသုံးဝင်မှုလေးကတော့ အရွက်ကို ရေနွေးစိမ်သောက်ရင် သွေးတိုးပျောက်တယ်လ်ု့လည်း သိရပါတယ်။

သတ္တဝါအပေါင်း ကျန်းမာချမ်းသာကြပါစေ။

crd

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *