ကံကောင်းခြင်းတွေ ဖြစ်လာခါနီး ပြသောနိမိတ်များ ( သင် ဒီနိမိတ်တွေမြင်ရင် သင်ကံကောင်းပြီလို့ မှတ်လိုက်ပါတော့)

ကံကောင်းခြင်းတွေ ဖြစ်လာခါနီး ပြသောနိမိတ်များ ( သင် ဒီနိမိတ်တွေမြင်ရင် သင်ကံကောင်းပြီလို့ မှတ်လိုက်ပါတော့)


သင်ဒီနိမိတ်တွေမြင်ရင် သင်ကံကောင်းပြီလို့ မှတ်လိုက်ပါတော့

(၁)အိမ်ထဲခြံထဲကိုကြောင်တစ်ကောင်ဝင်လာရင်သတိထားကြည့်ပါကြောင်နက်ဆိုရင်ဒါဟာသစ္စာဖောက်ယုံကြည်မှု အလွဲသုံးခံရမယ့်နိမိတ်ဖြစ်ပြီးကြောင်ဖြူဆိုရင်အိမ်သားတစ်ယောက်ယောက်နေထိုင်မကောင်းဖြစ်မယ့်နိမိတ်ဖြစ်ပါတယ်

ဒါပေမယ့်ကြောင်ဝါရွှေဝါရောင် ကြောင်မျိုး ဝင်လာရင်တော့ကံကောင်းတော့မယ့်နိမိတ်ဖြစ်ပါတယ်ကြောင်ဟာ

ဟိုးတုန်းက ဂမ္ဘီရအတတ်ပညာနဲ့ ဆက်နွယ်တဲ့ သတ္တဝါမျိုးလည်းဖြစ်ပါတယ်။

(၂)သွားရင်းလာရင်း လမ်းမှာ မြွေနဲ့ တည့်တည့်တိုးသူတွေ ရှိကြမှာပါ။မြွေကိုမြင်ရတာဟာကိုယ့်ဘဝအတွက်အရေးကြီးအရေးပါတဲ့အဖြစ်အပျက်(သို့)လူတစ်ယောက်ပေါ်လာမှာကို နိမိတ်ပြတာပါပဲ

အဆိပ်ပြင်းတဲ့မြွေဖြစ်လေကံပိုကောင်းလေလို့လည်းအဆိုရှိပါတယ်မြန်မာ့ဗေဒင်ပညာမှာတော့အမျိုးသားဆိုကိုယ့်လက်ဝဲကနေမြွေဖြတ်ရင်ကံကောင်းစေတတ်ပြီး

အမျိုးသမီးဆိုရင်တော့ကိုယ့်လက်ယာကဖြတ်ရင် ကံကောင်းတယ်လို့အကြမ်းဖျဉ်းသတ်မှတ်ထားတာရှိပါတယ်ဖြစ်နိုင်ရင်တော့မြွေကိုမသတ်ဘဲလွှတ်ပေးလိုက်သင့်ပါတယ်

(၃)ကိုယ့်အတွက်နေ့ကောင်းရက်သာလို့သတ်မှတ်တဲ့ နေ့(သို့)ရက်ရာဇာတစ်ရက်မှာတစ်စုံတစ်ယောက်က မုန့်ဖိုးပဲ ဖြစ်ဖြစ်ကြွေးပြန်ပေးတာမျိုးဖြစ်ဖြစ်ပေးလာခဲ့ရင်အဲဒီငွေကိုသိမ်းထားတာပါ

အဲဒီငွေဟာကံကောင်းပျော်ရွှင်စေမယ့်လာဘ်ငွေဖြစ်ပါတယ်ကိုယ့်အတွက်နေ့ကောင်းရက်သာမျိုးသတ်မှတ်မထားရင်လဆန်း (၁)ရက်ဒါမှမဟုတ်လပြည့်နေ့မှာရလာတဲ့ငွေစက္ကူတွေဟာကံကောင်းစေတဲ့ လာဘ်ခေါ်ငွေပဲဖြစ်ပါတယ်

(၄)မြန်မာ့အယူအဆမှာလျှာကိုက်မိရင်တစ်ယောက်ယောက်ကကိုယ့်အကြောင်းအတင်းတွေပြောနေပြီလို့ ယူဆကြတာ ရှိသလို နိုင်ငံတကာမှာလည်း နားယားရင် အတင်းပြောခံနေရပြီလို့ ယူဆကြတာမျိုးရှိနေပါတယ်

ဘယ်ဘက်နား ယားရင်ကိုယ့်အကြောင်းအကောင်းပြောတာဖြစ်ပြီးညာဘက်နား ယားရင်တော့ မကောင်းတဲ့ အတင်းအဖျင်းတွေအပြောခံရတယ်လို့ သတ်မှတ်ပါတယ်။

ဘာပဲဖြစ်ဖြစ်နားယားတာဟာ လူမှုဆက်ဆံရေးမိတ်ဆွေအသိုင်းအဝိုင်းနဲ့ ပတ်သက်လို့စိတ်ချမ်းသာစရာတစ်ခုခု ကြုံရမယ့် နိမိတ်အဖြစ် ယူဆကြပါတယ်။

(၅)ပျားအုံစွဲတာနွယ်ပင်တက်တာနဲ့ ပတ်သက်လို့တော့ မြန်မာနဲ့ တခြားနိုင်ငံတွေကြားမှာ အယူအဆ ကွဲလွဲမှု ရှိပါတယ်ကမ္ဘာသုံးနိမိတ်မှာအိမ်ကိုနွယ်တက်တာကို

နိမိတ်ကောင်းလို့ယူဆပေမယ့်မြန်မာ့ရိုးရာဗေဒင်မှာကခြေရင်းနောက်ဖေးမှာတက်မှနိမိတ်ကောင်းဖြစ်တာပါအိမ်ရှေ့၊ မျက်နှာစာ နွယ်တက်ရင် အိမ်တွင်းရေးရာပြဿနာဖြစ်တတ်တယ်လို့ယူဆတာမျိုးရှိပါတယ်။

ပျားအုံစွဲရင်လည်းနောက်ဖေးမှာစွဲမှနိမိတ်ကောင်းအဖြစ်ယူဆပါတယ်အိမ်ရှေ့ခေါင်းရင်းမှာ စွဲရင်စီးပွားရေးညံ့သွားတတ်ပါတယ်

crd

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *