
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်ရပ်ဝန်း မုန်တိုင်းငယ်ဟာဆိုရင် ယနေ့ အိန္ဒိယနိုင်ငံကို စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ မုန်တိုင်ဟာ နာရီလက်တံပြောင်းပြန်လည်တဲ့ပုံတိုက်ခတ်တာဖြစ်ပြီး လေတိုက်နှုန်းအားပြင်တာဟာ မုန်တိုင်းရဲ့ လက်ယာဘက်ခြမ်းဖြစ်ပါတယ်။ လက်ယာဘက်ခြမ်းမှာ ရှိနေတဲ့ မြန်မာနိုင်ငံဟာ မုန်တိုင်းအကျိုးသက်ရောက်မှုပိုများမှာဖြစ်ပါတယ်။
လေဖိအားနည်ရပ်ဝန်းဆီကို တောင်တရုပ်ပင်လယ်ဘက်က စီးဝင်လာတဲ့ လေစီးကြောင်းနဲ့အတူ မိုးတိမ်များပါလာပြီး မြန်မာနိုင်ငံပေါ်ကို ရွာသွန်းမှာဖြစ်သလို မုန်တိုင်းရဲ့ လေစီးကြောင်းနဲ့အတူ အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်မှ မိုးတိမ်များဟာလည်း မြန်မာနိုင်ငံအပေါ်ကို မိုးအဖြစ်နဲ့ ရွာချမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဟာဆိုရင် မြန်မာနိုင်ငံ အနှံ့ မိုးရွာသွန်းမှာဖြစ်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ် မွန်ပြည်နယ် ကချင်ပြည်နယ် တနင်္သာရီတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း တို့မှာ နေရာစိပ်စိပ် မိုးကြီးနိုင်ပြီး ရှမ်းပြည်နယ် ကယားပြည်နယ် မကွေးတိုင်း ပဲခူးတိုင်း စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ နောက်၂ရက်အတွက် ရခိုင် မွန် ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးကြီးနိုင်ပါတယ်။
စက်တင်ဘာလကုန်ခါနီးမှာလည်း မြန်မာနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာအုံးမယ်လို့ခန့်မှန်းထားကြပြီး အဲဒီမုန်တိုင်းအရှိန် အကျိုးသက်ရောက်မှု့အနည်းအများလည်း မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာအုံးမှာဖြစ်ပါတယ်။ မြန်မာနိုင်သားအားလုံး ကျန်းမာချမ်းသာကြပါစေ………
ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ေပၚေနတဲ့ ေလဖိအားနည္ရပ္ဝန္း မုန္တိုင္းငယ္ဟာဆိုရင္ ယေန႔ အိႏၵိယႏိုင္ငံကို စတင္ဝင္ေရာက္ေနၿပီျဖစ္ပါတယ္။ မုန္တိုင္ဟာ နာရီလက္တံေျပာင္းျပန္လည္တဲ့ပုံတိုက္ခတ္တာျဖစ္ၿပီး ေလတိုက္ႏႈန္းအားျပင္တာဟာ မုန္တိုင္းရဲ႕ လက္ယာဘက္ျခမ္းျဖစ္ပါတယ္။ လက္ယာဘက္ျခမ္းမွာ ရွိေနတဲ့ ျမန္မာႏိုင္ငံဟာ မုန္တိုင္းအက်ိဳးသက္ေရာက္မႈပိုမ်ားမွာျဖစ္ပါတယ္။
ေလဖိအားနည္ရပ္ဝန္းဆီကို ေတာင္တ႐ုပ္ပင္လယ္ဘက္က စီးဝင္လာတဲ့ ေလစီးေၾကာင္းနဲ႔အတူ မိုးတိမ္မ်ားပါလာၿပီး ျမန္မာႏိုင္ငံေပၚကို ႐ြာသြန္းမွာျဖစ္သလို မုန္တိုင္းရဲ႕ ေလစီးေၾကာင္းနဲ႔အတူ အိႏၵိယသမုဒၵရာနဲ႔ ဘဂၤလားပင္လယ္ေအာ္ဘက္မွ မိုးတိမ္မ်ားဟာလည္း ျမန္မာႏိုင္ငံအေပၚကို မိုးအျဖစ္နဲ႔ ႐ြာခ်မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ဟာဆိုရင္ ျမန္မာႏိုင္ငံ အႏွံ႔ မိုး႐ြာသြန္းမွာျဖစ္ပါတယ္။
အထူးသျဖင့္ ရခိုင္ျပည္နယ္ မြန္ျပည္နယ္ ကခ်င္ျပည္နယ္ တနသၤာရီတိုင္း ရန္ကုန္တိုင္း ဧရာဝတီတိုင္း တို႔မွာ ေနရာစိပ္စိပ္ မိုးႀကီးႏိုင္ၿပီး ရွမ္းျပည္နယ္ ကယားျပည္နယ္ မေကြးတိုင္း ပဲခူးတိုင္း စစ္ကိုင္းတိုင္းနဲ႔ မႏၲေလးတိုင္းတို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ပါတယ္။ ေနာက္၂ရက္အတြက္ ရခိုင္ မြန္ ကခ်င္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္ မိုးႀကီးႏိုင္ပါတယ္။
စက္တင္ဘာလကုန္ခါနီးမွာလည္း ျမန္မာႏိုင္ငံအေရွ႕ဘက္ ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ မုန္တိုင္းတစ္လုံးျဖစ္ေပၚလာအုံးမယ္လို႔ခန႔္မွန္းထားၾကၿပီး အဲဒီမုန္တိုင္းအရွိန္ အက်ိဳးသက္ေရာက္မႈ႕အနည္းအမ်ားလည္း ျမန္မာႏိုင္ငံအေပၚ ႐ိုက္ခတ္လာအုံးမွာျဖစ္ပါတယ္။ ျမန္မာႏိုင္သားအားလုံး က်န္းမာခ်မ္းသာၾကပါေစ………
Leave a Reply