လှိုင်သာယာ မီးခွက်စျေးနားတွင် ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်

လှိုင်သာယာ မီးခွက်စျေးနားတွင် ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်

လှိုင်သာယာ မီးခွက်စျေးနားတွင်

ဘိုးတော်​တစ်ယောက်

ဗေဒင်ဟောနေတာကို

ဘေးကလူငယ်အုပ်စု ၄/၅ယောက်က

လှောင်သလိုလို ပြောင်သလိုလိုနဲ့

မျက်နှာပြောင်နေကြ လေသည် …။

ကြာလာတော့ဘိုးတော်လဲ

ဒေါသတွေ ထွက်လာပြီး …

`ဟေ့ကောင်တွေ

မင်းတို့ငါကိုဘာထင်နေလဲ?

ငါကျိန်စာတိုက်

အင်းခွက်ရေးလိုက်ရင် ….

မင်းတို့ဘဝတွေ

ဘာဖြစ်သွားမယ်ထင်လဲ ?´´

အဲ့ဒါကို လူငယ်အုပ်စုက

မကြောက်တဲ့အပြင်

ခွက်ထိုးခွက်လန်

ဟားတိုက်ရယ်မောပြီး

လှောင်ပြောင်နေကြသေးသည် …။

ဒါပေမယ်…

ချက်ချင်းဆိုသလိုပဲ

သူတို့မျက်လုံးတွေ

ဘာမှမမြင်ရတော့ပဲ

တစ်လောကလုံးမှောင်မဲ သွားလေတော့သည် …။

အဲ့သည့်တော့မှသူတို့လဲ

အသိတရားဝင်လာကြပြီး

`အဖိုးရယ်သားတို့ မှားသွားပါတယ် ။

သားတို့ကိုခွင် လွှတ်ပေးပါ´´ လို့အော်ကြဒါပေါ့

အဲချိန်မှာ

ဘိုးတော်ပြန်ပြော လိုက်တဲ့စကားက

`မသာတွေငါဘာမှ မလုပ်ရသေးဘူး ….။

မင်းတို့ပထွေးEPC က မီးဖြတ်လိုက်တာကွ၊

ငါလဲဘာမှမမြင်ရတော့ဘူး ….။´´

အားလုံးရီမော ပျော်ရွှင်နိုင်ပါစေဗျာ…။

အားလုံး စိတ်သောကရောက်နေချိန်မှာ

ခဏတာလောက် ရီမောပျော်ရွှင်စေချင်လို့ တင်လိုက်ခြင်းဖြစ်ပါသည်…။

မဆဲရဖူးနော်…။ဟာသလေးကို နှစ်သက်တယ်ဆိုရင် ပြန်လည်ပီး မျှဝေလိုက်ပါ…

မူရင်းရေးသားသူအားလေးစားစွာဖြင့်








































Author: admin

Leave a Reply

Your email address will not be published. Required fields are marked *