
ဖုန်းအော်ပရေတာမှာ အလုပ်လုပ်တဲ့စော်ကိုယူမိသောအခါ 😍😍
ကလင် ကလင် ကလင်
“ဟယ်လို မင်္ဂလာပါရှင် ဘာများအကူအညီပေးရမလဲရှင့်”
“မိန်းမ ယောက်ျားပါ”
“ဟုတ် အမိန့်ရှိပါရှင်”
“ယောက်ျားဒီနေ့ အလုပ်ကစောစောပြန်ရမယ်”
“ဟုတ်ကဲ့ပါရှင့်”
“အာ့လေ ယောက်ျားစားဖို့ ဝက်သားနီချက်လေး ချက်ထားပေးနော်”
“ဝမ်းနည်းပါတယ်ရှင် လူကြီးမင်းပေးထားသည့် မီးဖိုချောင် အသုံးစရိတ်မှာ ဝက်သားဝယ်ချက်ရန် မလုံလောက်တော့ပါရှင်
နောက်တစ်ကြိမ် မီးဖိုချောင်စရိတ် ထပ်ပေးပြီး ထပ်မံတောင်းဆိုနိုင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်”
“တိန်။။။။။။။။။။။”
🤣🤣🤣😁😁😁
အားလုံး ရယ်မောပျော်ရွှင်နိုင်ကြပါစေ…။
credit to orginal
ဖုန္းေအာ္ပေရတာမွာ အလုပ္လုပ္တဲ့ေစာ္ကိုယူမိေသာအခါ 😍😍
ကလင္ ကလင္ ကလင္
“ဟယ္လို မဂၤလာပါရွင္ ဘာမ်ားအကူအညီေပးရမလဲရွင့္”
“မိန္းမ ေယာက္်ားပါ”
“ဟုတ္ အမိန႔္ရွိပါရွင္”
“ေယာက္်ားဒီေန႔ အလုပ္ကေစာေစာျပန္ရမယ္”
“ဟုတ္ကဲ့ပါရွင့္”
“အာ့ေလ ေယာက္်ားစားဖို႔ ဝက္သားနီခ်က္ေလး ခ်က္ထားေပးေနာ္”
“ဝမ္းနည္းပါတယ္ရွင္ လူႀကီးမင္းေပးထားသည့္ မီးဖိုေခ်ာင္ အသုံးစရိတ္မွာ ဝက္သားဝယ္ခ်က္ရန္ မလုံေလာက္ေတာ့ပါရွင္
ေနာက္တစ္ႀကိမ္ မီးဖိုေခ်ာင္စရိတ္ ထပ္ေပးၿပီး ထပ္မံေတာင္းဆိုႏိုင္ပါတယ္ရွင္ ေက်းဇူးတင္ပါတယ္ရွင္”
“တိန္။။။။။။။။။။။”
🤣🤣🤣😁😁😁
အားလံုး ရယ္ေမာေပ်ာ္ရႊင္ႏိုင္ၾကပါေစ…။
credit to orginal
Leave a Reply