ဒီနေ့ကစပြီး အစ်မယောက်ျားကို …. ကျွေးတာ ခဏရပ်ထားပါ

ဒီနေ့ကစပြီး အစ်မယောက်ျားကို …. ကျွေးတာ ခဏရပ်ထားပါ

အမျိုးသမီးတယောက် ဆရာဝန်နဲ့ လာတွေ့တယ်။” ဘာဖြစ်တာလဲ”“ကျမ မဟုတ်ဘူး၊ကျမ ယောက်ျားဖြစ်နေတာပါ ဒေါက်တာ”
ဆရာဝန်က ခန်းစီးမ,ပြီး အပြင်ကို လှမ်းကြည့်တယ်။

” ဘယ်မှာတုန်း ခင်ဗျားယောက်ျားက..”“ခေါ်လို့မရဘူး ဒေါက်တာ”“ကဲ ဒါဆိုလည်း ပြော၊ ဘာဖြစ်လဲ”“ညနေစောင်းဆို သစ်ပင်ပေါ် တက်တက်နေတယ်၊မနက် မနက်ဆို ၃ နာရီလောက်တစ်ခါ၊ ၄ နာရီလောက်တခာ၊ ၅ နာရီလောက်တခါ ထထ အော်တယ်”

” ဘယ်လိုအော်တာလဲ”“ကျမလည်း ဘာအဓိပ္ပါယ်မှန်းမသိဘူး ဒေါက်တာ၊ အင်္ဂလိပ်လို အော်တာ”
အင်္ဂလိပ်လိုအော်တယ်ဆိုလို့ဆရာဝန် စိတ်ဝင်စားသွားတယ်။
” ဟာ တယ်ထူးဆန်းပါလား၊ ဒါနဲ့ သူအော်တဲ့အသံနဲ့အနီးစပ်ဆုံးအသံ အစ်မ ပြောနိုင်မလား”“ဟုတ်ကဲ့ ဒေါက်တာ၊ Out EE out လို့ထင်တာပဲ”

ဆရာဝန် မျက်မှောင်ကြုတ်သွား တယ်။” အဲ့ဒီအသံ သေချာလား”“သေချာပါတယ် ဒေါက်တာ”ဆရာဝန် ပါးစပ်ကနေ ခပ်တိုးတိုးလေး ရွတ်ကြည့်နေတယ်။

” Out EE out…out EE out “အတော်လေးကြာတော့ ဆရာဝန်မျက်နှာပြုံးယောင်သန်းလာတယ်။ စားပွဲကို လက်နဲ့ပုတ်လိုက်ပြီး
” ဒီနေ့ကစပြီး အစ်မယောက်ျားကို ကြက်ဥကျွေးတာ ခဏရပ်ထားပါ”“ရှင် “
Credit ;






Credit ;

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *