14.9.2023 နေ့ မိုးလေဝသ အခြေအနေ

“ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီ အတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်း ရပါသည်။

မြန်မာနိုင်ငံ အရှေ့ဘက် တောင်တရုတ်ပင်လယ်အတွင်းက လေစိုင်ဝဲဟာလည်း ဗီယက်နမ်နိုင်ငံကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့ဘက် နဲ့ အနောက်ဘက် နှစ်ဖက်ညှပ်ပြီး ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း မုန်းတိုင်း အရှိတွေကြောင့် ယနေ့လည်း နိုင်ငံအနှံ့မိုးရွာသွန်းမှာဖြစ်ပါတယ်။

ရခိုင်၊ မွန်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ စစ်ကိုင်းအောက်ပိုင်း၊ မကွေး၊ မန္တလေးတိုင်း တို့မှာ ရောစိပ်စိပ် မိုးရွာနိုင်ပြီး နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ နေ့ 12နာရီနောက်ပိုင်း ရွာနိုင်ခြေပိုများနေတာကိုလည်း တွေ့ရပါတယ်။

“ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ အလယ္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္း(Low Pressure Area)သည္ ဆက္လက္တည္ရွိေနပါသည္။ အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ေနာက္(၂၄)နာရီ အတြင္း အိႏၵိယႏိုင္ငံ၊ ဩရိႆျပည္နယ္ေတာင္ပိုင္းကမ္းေျခကို ျဖတ္ေက်ာ္ႏိုင္သည္ဟု ခန႔္မွန္း ရပါသည္။

ျမန္မာႏိုင္ငံ အေရွ႕ဘက္ ေတာင္တ႐ုတ္ပင္လယ္အတြင္းက ေလစိုင္ဝဲဟာလည္း ဗီယက္နမ္ႏိုင္ငံကို ဝင္ေရာက္ေနၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အေရွ႕ဘက္ နဲ႔ အေနာက္ဘက္ ႏွစ္ဖက္ညႇပ္ၿပီး ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္း မုန္းတိုင္း အရွိေတြေၾကာင့္ ယေန႔လည္း ႏိုင္ငံအႏွံ႔မိုး႐ြာသြန္းမွာျဖစ္ပါတယ္။

ရခိုင္၊ မြန္၊ ရန္ကုန္၊ ဧရာဝတီ၊ ပဲခူး တို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ပါတယ္။ စစ္ကိုင္းေအာက္ပိုင္း၊ မေကြး၊ မႏၲေလးတိုင္း တို႔မွာ ေရာစိပ္စိပ္ မိုး႐ြာႏိုင္ၿပီး ေနရာကြက္ၿပီး မိုးႀကီးႏိုင္ပါတယ္။ ေန႔ 12နာရီေနာက္ပိုင္း ႐ြာႏိုင္ေျခပိုမ်ားေနတာကိုလည္း ေတြ႕ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*