ကိုယ်နဲ့ တစ်ညစာပျော်ဖို့ ခေါ်လာတဲ့ အပျော်မယ်လေးကို သူတောင်းစားကိုပေးပြီး ပျော်ခိုင်းလိုက်သောအခါ


ဘားတခုထဲကနေ အရက်တွေ အရမ်းကိုမူးနေတဲ့ လူတစ်ယောက် အရက်တစ်လုံး နဲ့ ညည့်ဌက်ကလေးတစ်ယောက် ဆွဲပြီး ထွက်လာသတဲ့….အဲ့ဒီမှာပဲ ဘားအရှေ့မှာ တောင်းရမ်း စားသောက်နေတဲ့ သူတောင်းစား တစ်ယောက်က ဗိုက်အရမ်းဆာနေတဲ့အတွက်ကြောင့် သူ့ကို အစားစားဖို့ ငွေစကြေးစ အနည်းငယ်လောက် စွန့်ကြဲဖို့ အမူးသမားကို တောင်းရမ်းပါတော့သတဲ့….

အဲ့ဒီမှာပဲ အမူးသမားကလည်း ငါ့မှာ ပိုက်ဆံတော့ မကျန်တော့ဘူး…မင်း သောက်ချင်ရင်တော့ ရော့..ငါ့ အရက် သာ သောက်လိုက်တော့လို့ အရက်ပုလင်း လှမ်းပေးရော…အဲ့ဒီမယ် သူတောင်းစားက (ကျွန်တော် အရက် မသောက်တတ်ပါဘူးခင်ဗျ ..ထမင်းစားဖို့ ငွေသာလိုတာပါ) လို့ ပြန်ပြောသတဲ့…..

ဟာ….အဲ့ဒါဆိုလည်း ရော့ကွာ..ငါ့ ဆေးလိပ်ဗူး. .တော်တော့.. ပိုက်ဆံတော့ မရှိတော့ဘူး… ဆိုပြီး ဆေးလိပ်ဗူး လှမ်းပေးတော့..
ကျွန်တော် ဆေးလိပ်လည်း လုံးဝ မသောက်တတ်ပါဘူး ခင်ဗျ….တဲ့….ဟာ…မင်းဟာကလည်းကွာ..ငါလည်း ငါတတ်နိုင်သလောက် ပေးတာပဲကွာ…

ကိုင်းကွာ…ဒီလောက်တောင်ရှိလှ. .ရော့ ကွာ.. ဒီမှာ ဒီညအတွက် ငါခေါ်လာတဲ့ ကောင်မလေး …မင်း သူ့ကိုသာ ခေါ်သွားပြီး. .ပျော်ပါးလိုက်တော့ကွာ…ပိုက်ဆံတော့ တကယ်ကို မရှိတော့လို့ကွ… လို့ ဆိုပြီး သူခေါ်လာတဲ့ ညည့်ဌက်ကလေးကို သူတောင်းစားကိုတစ်ညတာ ပေးဖို့ ကမ်းလှမ်းလိုက်ရောတဲ့….

အဲ့ဒီအချိန်မှာပဲ..သူတောင်းစားက…လေသံနည်းနည်းလေး မာသွားပြီး…..(ကျွန်တော်ဟာ ငွေကြေးမပြည့်စုံလို့ အခုလို တောင်းရမ်း စားသောက်နေရပေမယ့် ကျွန်တော့် မိန်းမအပေါ်မှာ အဲ့သလို သစ္စာမရှိတဲ့ အလုပ်ကို မလုပ်နိုင်ဘူး…ကျွန်တော် တခြား မိန်းမနဲ့ လည်း မဖောက်ပြန်နိုင်ဘူး ထမင်းဖိုးသာ လိုချင်ပါတယ်) လို့ ပြန်ပြောလိုက်ပါတော့တယ်….

သူတောင်းစားက အဲ့ဒီလိုလည်း ပြန်လည်း ပြန်ပြောလိုက်ရော…အမူးသမားက ချက်ချင်း ကို …(မင်း.. မင်း… မင်း…..အခုချက်ချင်း ငါ့နဲ့ လိုက်ခဲ့တော့…အခု ချက်ချင်း ငါ့အိမ်ကို လိုက်ခဲ့တော့…အိမ်ရောက်ရင် မင်းကို ညစာလည်း ကျွေးမယ်..မင်း မိန်းမ စားဖို့အတွက်လည်း ညစာ ထည့်ပေးလိုက်မယ်….အပြန်ကျရင်လည်း ဒေါ်လာ ၅၀၀ ထည့်ပေးလိုက်မယ်..

အခု ချက်ချင်းသာ ငါနဲ့ လိုက်ခဲ့တော့) လို့ ပြောလိုက်ပါတော့သတဲ့….အဲ့ဒီမှာပဲ ဘေးက တချိန်လုံး ရပ်ကြည့်နေတဲ့ အပျော်မယ်လေးက အရမ်း အံ့သြသွားပြီး..(ရှင်က ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ ဒီ သူတောင်းစားကို အိမ်ခေါ် ထမင်းကျွေး ပြီး ဒေါ်လာ ၅၀၀ ပေးဖို့ ဆုံးဖြတ်လိုက်ရတာလဲ) လို့ မေးလိုက်တော့..

အမူးသမားက (အေး..ဒီခေတ် ဒီအခါ အရက်မသောက်၊ ဆေးလိပ်မသောက်၊ အပျော်အပါး မလိုက်စားဘဲ အိမ်က မိန်းမတစ်ယောက်တည်းကိုပဲ သစ္စာရှိရှိ ချစ်တဲ့ကောင်မျိုးတွေ နောက်ဆုံး တနေ့ ဘယ်ဘဝ ရောက်သွားလဲ ဆိုတာ အိမ်က မိန်းမကို ပြချင်လို့) တဲ့…စထှာဘာ..စထှာဘာ…

Be the first to comment

Leave a Reply

Your email address will not be published.


*