ဖိုးထောင်ရဲ့ဉာဏ်ကောင်းချက်ကတော့ ချောင်းထဲမှာရေချိုးနေတဲ့မိန်းကလေးတွေ ဘာပြောကောင်းမလဲ …


ငါးမျှားနေတဲ့ ဖိုးထောင် ဉာဏ်ကောင်းချက် လက်ဖျားတောင်ခါရတယ် ဉာဏ်တော့ ကောင်းရတာပေါ့ တစ်ခါက မိန်းပျိုလေးတစ်စု တောတောင်တွေထဲ လေ့လာရေးခရီး ထွက်ခဲ့ကြပါတယ်။ တစ်နေရာမှာ သာယာလှပတဲ့စမ်းချောင်းလေးတစ်ခု တွေ့တာနဲ့ အားရရွှင်မြူးစွာ ရေကူးကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့် မိန်းမပျိုတစ်ဦးက.. ” ငါတို့မှာ အဝတ်အစားအပိုမှမပါတာ..ဘယ်လိုလုပ်မလဲ ” ပြောတော့.. နောက်တစ်ဦးက ပတ်ဝန်းကျင်ကို ကြည့်ပြီး..” ကိစ္စမရှိပါဘူး..လူသူလေးပါးကင်းပါတယ်…အကုန်ချွတ် ပြီး ဆင်းကူးကြတာပေါ့ ” ဆိုပြီး

အားလုံး အဝတ်တွေချွတ် ကာ ချောင်းဘေး ခြုံပုတ်တွေပေါ်တင်ထားပြီး ရေဆင်းကူး ကြပါတော့တယ်။ ဖြစ်ချင်တော့.. သူတို့ရေချိုးနေတဲ့ စမ်းချောင်းအထက်ပိုင်းမှာ မောင်ရိုးနဲ့ ဖိုးထောင်ဆိုတဲ့ လူငယ်၂ယောက် ချောင်းဘေးကခြုံပုတ်အနောက်မှာ ငါး ထိုင်မျှားနေကြပါတယ်။

ချောင်းအောက်မှဆူညံသံတွေကြားလို့ ချောင်းကြည့်လိုက် တော့ မိန်းမပျိုတွေ ပျော်ရွှင်မြူးတူးနေတာတွေ့ရတဲ့အခါ
မောင်ရိုးက –

” ခြုံပုတ်ပေါ်က သူတို့အဝတ်တွေ သွားယူ ဝှက်ထားပြီး စ,လိုက် နောက်လိုက်ရင် ကောင်းမယ် ” လို့ပြောပါတယ်။ဖိုးထောင်ကတော့ –
” အဲ့လောက် အောက်တန်းကျကျ ကြံစရာမလိုပါဘူးကွာ.. မင်းနဲ့ငါ မျှားလို့ရထားတဲ့ ငါး နည်းနည်းလောက် အရင်းနှိး လုပ်လိုက်ရင်..အဆင့်တန်းမြင့်တာ တစ်ခုခု တွေ့ရမှာပါ ”

ဖိုးထောင်ဟာ သူနဲ့ မောင်ရိုးတို့ မျှားရထားတဲ့ ငါးအနည်း ငယ်ကို ပုံးတစ်လုံးထဲ ထည့်ပြီး မိန်းမပျိုတွေ ရေကူးနေတဲ့ နေရာကို ခပ်တည်တည်ပဲ သွားလိုက်တယ်..။ ” ဟဲ့ အကောင် ဘာလာလုပ်တာလဲ..ခု အမြန်ထွက်သွား ”

” မသာကောင်..ဒီနေရာကိုမလာနဲ့..သွား..သွား..”မိန်းမပျိုလေးတွေက ဖိုးထောင်ကို အော်ငေါက်ဆဲဆိုလွှတ်ကြတယ်။ ဒါပေမယ့် ဖိုးထောင်ကတော့ ခပ်တည်တည်ပါဘဲ…။ ” နင်တို့ဟာနင်တို့ ရေကူးစရာရှိတာကူး..နင်တို့ကို ငါ ဘာမှ မနှောက်ယှက်ဖူး..ငါ့ဟာငါ မိကျောင်းတွေအစာကျွေးမလို့လာတာ..” လို့ ပြောပြီး ပုံးထဲက ငါးတွေကို အေးအေးဆေးဆေးဘဲ စမ်းချောင်းထဲ သွန်ချလိုက်ပါတယ်..။

အဲ့ဒီနောက်မှာတော့… မိန်းမပျိုလေးတွေခမျာ..ကဲ… ဘာပြောကောင်းမလဲ ပိတ်သတ်ကြီးရာ ..စိတ်ကူးနဲ့သာမှန်းကြည့်ကြပါတော့
(Credit) စိတ်အမော ပြေကြပါစေ 🙂

Be the first to comment

Leave a Reply

Your email address will not be published.


*