ဦးလေး ပြောလိုက်တော့မှပဲ နာမည်ကြီးဖုန်းတွေ ရစရာကိုမရှိတော့ဘူး


ဖုန်းဆိုင် တစ်ဆိုင်သို့လူတစ်ယောက် ဝင်လာပြီး မေးသည်” မောင်ရင် စွေစောင်း ရှိလား ”ဆိုင်ရှင်က နားမလည်စွာဖြင့်” ဘယ်က စွေစောင်းလဲ ?ကျတော်တို့ဆီမှာစွေစောင်း ဆိုတဲ့လူ တစ်ယောက်မှ မရှိဘူး ”” မဟုတ်ဘူးလေကွာ စွေစောင်း နို့ဖိုး ”

ဆိုင်ရှင်က စိတ်မရှည်စွာဖြင့်” ဒီမှာ ဦးလေးဒီမှာ စွေစောင်းလည်း မရှိဘူး —နို့ ဖိုး တောင်းရအောင်လည်း ဦးလေးဆီက တစ်ခါမှ နို့ ဝယ်မသောက်ဖူးဘူး ”” ဟာ ဒိုးခပါဘဲကွာ မင်းက တော်တော်ပိန်းတာပဲ ငါ ပြောတာက ဖုန်းနာမည် စွေစောင်း နို့ဖိုးကို ပြောတာ ငအရဲ့ ”

ထိုအခါမှ ဆိုင်ရှင်က စဉ်းစားပြီး နားလည် သွားဟန်ဖြင့် ”ဪ သိပြီသိပြီဟားဟားဦးလေးကလည်းစွေစောင်းနို့ဖိုးမဟုတ်ပါဘူးဆမ်ဆောင်း Note -4 ပါ ဟားဟား ”

” ဟုတ်လား သိဘူးလေကွာ ငါ ခေါ်တတ်သလို ခေါ်တာပဲဟာ ”” ဟုတ်ကဲ့ ရှိပါတယ် ဦးလေး ကျတော် ပြမယ် ”ဆိုင်ရှင်က မှန်ဘီရိုထဲမှ ဖုန်းကို ထုတ်ပြီး ဈေးနှူန်းနှင့် ဖုန်းအကြောင်းကို ရှင်းပြလေသည်လူကြီးက နားထောင်ပြီး

” အေးကွမင်း ပြောပုံဆို ဖုန်းကတော့ မဆိုးပါဘူး ဈေးနူန်းက များနေတယ်ကွ ”” မများပါဘူး ဦးလေးရဒါ ကုမ္ပဏီက ချတဲ့ ဈေးနူန်းအတိုင်းရောင်းတာပါ ”လူကြီးက စိတ်တိုင်းမကျဟန်ဖြင့်” ဟိုဟာ အပို ကော ရှိလား ?”

” အပို ကတော့ ဖုန်းကာဗာ တစ်ခု ပေးမယ်ဦးထုပ်တစ်လုံး လက်ဆောင် ပေးမယ် ပြီးတော့ ” ” ဟာ မဟုတ်ပါဘူး ငါ မေးတာက အပို ဖုန်း ” “ဪ ဦးလေးရယ် ဖုန်းတစ်လုံး ဝယ်တာ ဖုန်းတစ်လုံး အပိုလက်ဆောင် ကတော့ ဘယ်သူက ပေးမှာလဲ ”

” ဟာကွာ မင်းကလည်း.စောက်ရူးပဲ ဖုန်းဆိုင်ဖွင့်ထားပြီး ဘာမှလည်းနားမလည်ဘူး ငါ ပြောတာ အပိုဖုန်းဖုန်းနာမည်က အပို သိပြီလား ငတုံးရဲ့ ”ဆိုင်ရှင်လည်း ငတုံး ဟု အပြောခံရသဖြင့်အောင့်သက်သက်ဖြင့် ခံလိုက်ရပြီး သူပြောတဲ့ ဖုန်းအမည်ကို ပြန်စဉ်းစားကြည့်ပြီး” ဪ သိပြီ သိပြီး Oppo ဖုန်းကို ပြောတာ မလား ”

” အေးလကွာ အိုပို လား အပိုလားတော့ မသိဘူး အဲ့ဖုန်း အဲ့ဖုန်း ဘာတဲ့ “မတန်မရာဖုန်း ဆိတ်ချီး ဘုရင်” ဆိုလားပဲ ”” OPPO ကင်မရာဖုန်း selfie ဘုရင်ပါ ဦးလေးရဲ့ ဦးလေးနဲ့တော့ ဒိုးခပါဘဲဗျာ ”” အေးအေး အဲ့ဒါ ပြပါအုံးကွ ”ဆိုင်ရှင်က မှန်ဘီရိုထဲမှ ဖုန်းကိုယူပြီး ရှင်းပြပြန်သည်ထိုစဉ်“¸အနန္တငါးပါးကို ရှိခိုးပါ၏ဘုရား အနန္တငါးပါးကို ရှိ ရှိခိုးခိုး ¸¸

” ဟယ်လို အေး ခွေးမလား -အေး ပြော အခုလား ဝယ်နေတယ်ဖုန်းဆိုင် ရောက်နေတယ် ဘာ အပြားကြီးကြီး အေးပါ သိပါတယ် ငါအတွက်ကော နင့်အတွက်ကောနှစ်လုံး ဝယ်မယ်လေ ငါလည်း ဒီခလုတ်ဖုန်းကြီး မကိုင်ချင်တော့ဘူးဟ ဟားဟား အေးပါ အေးပါ ဖေ့အဖုတ်လား ဖွင့်ခိုင်းလိုက်မယ်လေ ဘာလဲ ဘာ –နို့သီးယား နို့သီးယား တာတော့ငါပြန်လာမှ ကြည့်လုပ်ပေးမယ်လေ ”

” ခွီး ”ဆိုင်ရှင်က နားထောင်ပြီး ရယ်သံထွက်သွားသဖြင့် လူကြီးက မျက်စောင်းထိုးကြည့်ပြီး ဖုန်းကို ဆက်ပြောသည် ” အေးပါဟယ်
ချီးမည်းနဲ့ ပက်ခွက်ကိုလည်း သေချာ မှတ်ခဲ့ပါ့မယ် အေးအေး ဒါပဲနော် ”လူကြီးက ဖုန်းပြောပြီးသူ့ခလုတ်ဖုန်းလေးကိုလွယ်အိတ်ထဲ ပြန်ထည့်လိုက်သည်” အေး မောင်ရင် နှစ်လုံး ယူမယ်ကွာ အပြားကြီးကြီးနဲ့ ဖေ့အဖုတ်တို့ ဖိုက်ဘာ တို့သုံးလို့ရအောင်သာ လုပ်ပေး ”
” ဟုတ်ကဲ့ စိတ်ချပါဦးလေး ကျတော် သေချာ လုပ်ပေး လိုက်ပါ့မယ် ”

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *