တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးသောအခါ

တစ္ခါတုန္းက အပ်ိဳႀကီးတစ္ေယာက္ဟာ ေယာက်ၤားလိုခ်င္လြန္းလို႔ ေဗဒင္ဆရာဆီသြားေမးေသာအခါ

တစ္ခါတုန္းက အပ်ိဳႀကီးတစ္ေယာက္ဟာ ေယာက်ၤားလိုခ်င္လြန္းလို႔ ေဗဒင္ဆရာဆီသြားေမးတယ္။“ခင္ဗ်ားမွာ အိမ္ေထာင္က်မယ့္ဇာတာ ရွိပါတယ္´´အပ်ိဳႀကီးခင္မ်ာ အရမ္းေပ်ာ္သြားၿပီး“ဟီ ဟိ ဆရာ ဒါဆို ဘယ္အခ်ိန္ေရာက္

အိမ္ေထာင္က်မလဲတိတိက်က်ေလး ေဟာလို႔ရရင္ ေဟာေပးပါဆရာရယ္´´“အိမ္း ဒါကေတာ့ …..ခင္ဗ်ားရဲ႕ကံဇာတာ အေပၚမူတည္ၿပီး နိမိတ္ေကာက္ယူတဲ့ အေဟာနဲ႔ ဆုံးျဖတ္ရမွာပဲ…

ဒါ့ေၾကာင့္ ဒီညပဲ ႐ြာထဲကို လမ္းေလွ်ာက္ ထြက္ရင္းပတ္ဝန္းက်င္က ၾကားရတဲ့ အသံ နိမိတ္ကိုေကာက္ယူရမယ္´´“ဟုတ္ကဲ့ ဘယ္လိုေကာက္ယူရမွာလဲရွင့္…အဟိ ´´“ဥပမာ – တစ္ ဆိုတဲ့ အသံကို ၾကားရရင္ခင္ဗ်ား တစ္လအတြင္း အိမ္ေထာင္က်မယ္
ႏွစ္ ဆိုတဲ့အသံကို ၾကားရရင္ ႏွစ္လအတြင္းေပါ့ဗ်ာ´´

အပ်ိဳႀကီး အေပ်ာ္လုံးဆို႔ၿပီး အိမ္ျပန္သြားတယ္ ည ၇ နာရီေလာက္က်ေတာ့တိတ္တိတ္ေလး အိမ္ေပၚကဆင္းလာၿပီး႐ြာထဲေလွ်ာက္ရင္း
ၾကားရမယ့္အသံကို လိုက္နားစြင့္တယ္…႐ြာလယ္နားေရာက္ေတာ့ အဘိုးအိုတစ္ဦးရဲ႕ ဘုရားဝတ္ျပဳသံကို ၾကားေတာ့ ဝမ္းသာအားရနဲ႔
အနားကို ခပ္သုတ္သုတ္ေလး ေျပးသြားၿပီး နားေထာင္လိုက္တယ္…

ဘုရားရွိခိုးဆိုမွေတာ့ အပါယ္ေလးပါး ကပ္သုံးပါးတို႔ေတာ့ ပါမွာပဲ … ဒါဆိုရင္သုံး ေလးလေလာက္ေစာင့္ရလဲ မဆိုးပါဘူးေလ…ဆိုတဲ့ အေတြးနဲ႔ ရင္ထဲမွာႀကိတ္ၿပီးေပ်ာ္ေနလိုက္တာ…ေျခသံကိုအသာအယာ ဖြဖြေလးနင္းၿပီး ၿခံစည္း႐ိုးနားကပ္ နားေထာင္ၾကည့္ေတာ့မွ

သဲသဲကြဲကြဲ ၾကားလိုက္ရတဲ့ အသံက…“အစိေႏၲယ်…အစိေႏၲယ်…အစိေႏၲယ် ေလးသေခ်ၤ နဲ႔ ကမာၻတစ္သိန္း ပါရမီ ျဖည့္ေတာ္မူေသာျမတ္စြာဘုရား´´ ဆိုတဲ့အသံလည္းၾကားလိုက္ေရာ….အပ်ိဳႀကီးခင္မ်ာ လက္ႏွစ္ဖက္ကို နားမွာပိတ္ၿပီးေျပးလိုက္တာ တန္းေနေတာ့တာပါပဲ crd

တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးသောအခါ

တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးတယ်။“ခင်ဗျားမှာ အိမ်ထောင်ကျမယ့်ဇာတာ ရှိပါတယ်´´အပျိုကြီးခင်မျာ အရမ်းပျော်သွားပြီး“ဟီ ဟိ ဆရာ ဒါဆို ဘယ်အချိန်ရောက်

အိမ်ထောင်ကျမလဲတိတိကျကျလေး ဟောလို့ရရင် ဟောပေးပါဆရာရယ်´´“အိမ်း ဒါကတော့ …..ခင်ဗျားရဲ့ကံဇာတာ အပေါ်မူတည်ပြီး နိမိတ်ကောက်ယူတဲ့ အဟောနဲ့ ဆုံးဖြတ်ရမှာပဲ…

ဒါ့ကြောင့် ဒီညပဲ ရွာထဲကို လမ်းလျှောက် ထွက်ရင်းပတ်ဝန်းကျင်က ကြားရတဲ့ အသံ နိမိတ်ကိုကောက်ယူရမယ်´´“ဟုတ်ကဲ့ ဘယ်လိုကောက်ယူရမှာလဲရှင့်…အဟိ ´´“ဥပမာ – တစ် ဆိုတဲ့ အသံကို ကြားရရင်ခင်ဗျား တစ်လအတွင်း အိမ်ထောင်ကျမယ်
နှစ် ဆိုတဲ့အသံကို ကြားရရင် နှစ်လအတွင်းပေါ့ဗျာ´´

အပျိုကြီး အပျော်လုံးဆို့ပြီး အိမ်ပြန်သွားတယ် ည ၇ နာရီလောက်ကျတော့တိတ်တိတ်လေး အိမ်ပေါ်ကဆင်းလာပြီးရွာထဲလျှောက်ရင်း
ကြားရမယ့်အသံကို လိုက်နားစွင့်တယ်…ရွာလယ်နားရောက်တော့ အဘိုးအိုတစ်ဦးရဲ့ ဘုရားဝတ်ပြုသံကို ကြားတော့ ဝမ်းသာအားရနဲ့
အနားကို ခပ်သုတ်သုတ်လေး ပြေးသွားပြီး နားထောင်လိုက်တယ်…

ဘုရားရှိခိုးဆိုမှတော့ အပါယ်လေးပါး ကပ်သုံးပါးတို့တော့ ပါမှာပဲ … ဒါဆိုရင်သုံး လေးလလောက်စောင့်ရလဲ မဆိုးပါဘူးလေ…ဆိုတဲ့ အတွေးနဲ့ ရင်ထဲမှာကြိတ်ပြီးပျော်နေလိုက်တာ…ခြေသံကိုအသာအယာ ဖွဖွလေးနင်းပြီး ခြံစည်းရိုးနားကပ် နားထောင်ကြည့်တော့မှ

သဲသဲကွဲကွဲ ကြားလိုက်ရတဲ့ အသံက…“အစိန္တေယျ…အစိန္တေယျ…အစိန္တေယျ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်တော်မူသောမြတ်စွာဘုရား´´ ဆိုတဲ့အသံလည်းကြားလိုက်ရော….အပျိုကြီးခင်မျာ လက်နှစ်ဖက်ကို နားမှာပိတ်ပြီးပြေးလိုက်တာ တန်းနေတော့တာပါပဲ crd

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *