
13.9.2023 နေ့အတွက် မိုးလေဝသသတင်း။ လေစိုင်ဝဲ အိန္ဒိယကို စတင်ဝင်ရောက်ပြီ
ယနေ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေစိုင်ဝဲကြောင့် မြန်မာနိုင်ငံအနှံ့ မိုးရွားသွန်းမှာဖြစ်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်း မကွေးတိုင်း ဒေသတွေမှာ နေရာကစိပ်စိပ်နဲ့ ကျန်ဒေသအားလုံး နေရာအနှံ့မိုးရွားသွန်းမှာဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
မြန်မာ့ ပင်လယ်ပြင်မှာတော့ လှိုင်းကြီးကြီးနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၄၀ထိ တိုက်ခတ်နိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ လေစိုင်ဝဲများ စက်တင်ဘာလ လကုန်အထိ ဆက်တိုက် ဖြစ်ပေါ်မယ့် လက္ခဏာတွေ တွေ့ရတဲ့အတွက် စက်တင်ဘာ တစ်လလုံး မြန်မာနိုင်ငံအနှံ့ မိုးရွာမယ်လို့ ခန့်မှန်းပါတယ်။
စက်တင်ဘာလအတွင်း ရိပ်သိမ်းရမယ့် သီးနှံများကို မိုးလေဝသအခြေအနေကို လေ့လာစုံစမ်းပြီး မြန်မြန်သွက်သွက် ရိပ်သိမ်းသိုလှောင်ကြဖို့ အကြံပေးလိုပါတယ်။ အားလုံး ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေ။
Leave a Reply