သားမက်က ညကျရင် ပွဲကြမ်းဖို့ ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေ ကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ

သားမက်က ညကျရင် ပွဲကြမ်းဖို့ ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေ ကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ

ကျား အားတိုးဆေးထဲမာခွေးလျားနက်စေ့အကြောင်း သိကြမယ်ထင်ပါတယ်။

” မကြင်မြ..”” ဘာတုန်းကိုဆောင်း ” ” ငါ့ ခွေးလှေးယားသီး အနက်စေ့တွေ ဘယ်မတုန်း”” ဟင်…..ကျုပ်လည်း ဘယ်သိမတုန်း ၊ တော်က ဘယ်မှာထားလို့လဲ ” ” ကြောင်အိမ်ပေါ် တင်ထားတာလေ ”မောင်ဆောင်း အတော်ဒေါသထွက် မိတယ်
ဘယ့်နှယ်ဗျာ…ခွေးလှေးယားသီးအနက်စေ့က ကျားခွန်အားတိုးတယ်ဆိုလို့ ဝယ်စားပါတယ် ။ ဘယ်သူမှ မစားလောက်ပါဘူးလေဆိုပြီး ကြောင်အိမ်ပေါ်တင်ထားကာမှ ပျောက်ချင်းမလှပျောက် သွားတော့ ဒေါသမထွက်ပဲရှိမလား

” ငဆောင်း.. ”” ဗျာ..အဖေ ”” ခဏလာဦး…မောင်ဆောင်းရဲ့ ယောက္ခထီးကလှမ်းခေါ်တော့ မောင်ဆောင်းလည်း ဒေါသကိုချုပ်တည်းပြီး ယောက္ခထီးဆီသွားရတာပေါ့ ။” ခွေးလှေးယားသီးအစေ့ကို ဘာဖြစ်လို့ စားရတာလဲ ”

” အမ်…ကြိုက်..ကြိုက်လို့ပါအဖေ”“ဟေ့ကောင်…ငါ့ကို မလိမ်နဲ့ ။ အမှန်ပြောစမ်း ”” ဟွာလေ….ဟွာကောင်းတာ ”
” ဟေ့ကောင်….ကောင်းကောင်းဖြေစမ်း ”

” အဖေကလည်းဗျာ ၊ ဘာလို့သိချင်တာလဲ ”” သိချင်လို့ မေးနေတာပေါ့ကွ ”” ဟာဗျာ…ပြောမကောင်းပါဘူး ၊ အဖေ့သမီး ကြင်မြကိုမေးသာကြည့်” ဟေ့ကောင်….ငဆောင်း…၊ ငါမသိဘူးမှတ်နေလား ။ ငါ ငတုံးမဟုတ်ဘူးကွ ။ မင်းစားနေတဲ့ ခွေးလှေးယားသီးအနက်စေ့က အဟွာအားကောင်းတာ ငါသိတယ် ”

” ဗျာ…. အဖေက ဘယ်လိုလုပ်ပြီး သိတာလဲ ”” ငါ့ကိုဘာမှထပ်မမေးနဲ့ ။ မင်းရဲ့ ခွေးလှေးယားသီးစေ့တွေ ငါ အကုန်စားလိုက်တာ ”
” အ……အဖေ…..”” မင်းတကယ်သောက်ရူးပဲ ငဆောင်း….။ ငါ အကုန်စားတာတောင် ဘာမှမဖြစ်ဖူး ”

” ဗျာ….”” ကိုဘတင့်….၊ ကျွန်မ မပြောသင့်လို့ အသာငြိမ်နေတာ ၊ ရှင်က ခွေးလှေးယားသီး မစားနဲ့တော့ ၊ ရှင် ခွေးလှေးယားသီးစေ့စားရင် ကျွန်မ ရှင်နဲ့အတူမအိပ်တော့ဘူး ”

ခွေးလှေးယားသီးစေ့ရဲ့အစွမ်းကို မောင်ဆောင်းရဲ့ယောက္ခထီးက လက်တွေ့ပြလိုက်ပြီဆိုတော့ မောင်ဆောင်း ကျေနပ်ပြီလေ ။ ဒါပေမဲ့…” ဟေ…..ဘာဖြစ်လို့လဲဟ…၊ ငါလည်းဘာမှမလုပ်ရပါဘူးဟာ ”

” ရှင် ဘာမှမလုပ်နိုင်တာ ရှင့်ကိုယ်ရှင်သိရင်ပြီးရော ၊ ကျွန်မလည်း အဲဒါတွေ စိတ်မဝင်စားဘူး ”” ဒါဆို..မင်းကဘာလို့ပြောနေလဲ ”
” ပြောရမှာပေါ့…ခွေးလှေးယားသီးစားပြီး တစ်ညလုံး လေ လည်နေတာ ကျွန်မ မခံစားနိုင်ဘူး ”
” ဟေ…..”

Be the first to comment

Leave a Reply

Your email address will not be published.


*