
သွေးတိုး ကျစေသည့် အိမ်တွင်းဆေးနည်းများ
(၁) ရှောက်သီးအခွံပါ ၄စိတ် စိတ်ပြီး မတ်ခွက်တွင် ထည့်ရေနွေးစိမ်ထားပြီး အအေးခံ၍တစ်နေ ကုန်သောက် ပါ ။
(၂) ရှောက်သီးအရည် ညှစ်၃ ဇွန်း+ပျားရည်စစ်စစ် ၁ ဇွန်းထမင်းစားပြီးသောက်ပါ။
(၃) ရှောက်ရွက်အနု၊ အရင့်တစ်နေ့ လျှင် ၇ ရွက်မှ ၁၀ ရွက်ခန့် နေ့စဉ် အတို့အမြှုပ်ပြုလုပ်၍စားပါ။
(၄) ငါးပိရည်၊ငံပြာရည် ၊ငါးခြောက်စသည်တို့သည် မြန်မာလူမျိုးတို့နှင့် မကင်းနိုင်သော အစာများဖြစ်သည် ။ ထိုအစာများ စားသည့်နေ့တွင် ဒန့်သလွန်ရွက်ဟင်းချိုကို ကြက် သွန်ဖြူ နိုင်နိုင်ဖြင့် ချက်ပြီး တွဲဖက်သောက်ပေးပါ။
(၅) ဒန့်သလွန်သီး အရင့်များကို နေဖြင့်အခြောက် လှန်းထားပြီး သွေးအလွန်တိုးလျှင်၂စေ့၊၃စေ့ ဝါးစားပါ။
(၆) သင်္ဘောအဖိုပင်၏အပွင့်ကို ပြုတ်၍စားပါက သွေးတိုး ရောဂါ သက်သာစေသည်။
(၇) ကြက်သွန်နီကို ထက်ခြမ်းခြမ်း ၊ ရေတစ်ဖန်ခွက်တွင်စိမ်၍ နံနက်အိပ်ယာထ စောစောသောက်ပေးလျှင်သွေးတိုး ရောဂါ ကိုကာကွယ်သည် ။ နံနက်အိပ်ယာ ထချိန် ခေါင်း ကိုက်ခြင်းကို သက်သာစေသည်။
(၈) ပြောင်းဖူး၏ ထိပ်မှ အမွှေးကိုပြုတ်၍ အရည်ကိုအကြမ်း ပန်းကန်တစ်လုံးစာသောက်လျှင် သွေးတိုးရောဂါ သက်သာစေသည်။
(၉) ချင်းလက် နှစ်ဆစ် ကို ထုထောင်း၊ အရည်ကိုယူ သံပုရာသီးတစ်လုံးအရည်နှင့် ပျားရည် တစ်ဇွန်းစပ်၍ နေ့ စဉ်သောက်ပါ ။သွေးတိုးရောဂါဘေး ကင်းဝေးနိုင်သည်။
Credit
Credit
Leave a Reply