
ခေါင်းမထူနိုင်လောက်အောင် တက်နေတဲ့ ဆီးချိုကို ချက်ချင်းပြန်ကျသွားစေတဲ့နည်း
ဆီးချို သွေးချိုရောဂါဆိုသည်မှာ အသက်အရွယ်မရွေး ကျား မ တိုင်း ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်သလို မျိုးရိုးလိုက်တတ်တဲ့ ေရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။
သွေးတွင်း သကြားဓာတ်များခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆီးချို သွေးချိုရောဂါက လူတွေကို မထင်မှတ်ထားလောက်အောင် ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အပြင် တစ်ချက်လေးမှားလိုက်တာနဲ့ လူတွေရဲ့ အသက်ကိုပါ ဆုံးရှုံးထိခိုက်သွားစေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဆီးချိုတက်လာပြီဆိုရင် ဘယ်လိုတွေပြင်းထန်စွာ ခံစားရလည်း ဆိုတာ ထို ရောဂါဆိုးကြီးကိုခံစားနေရတဲ့ ဝေဒနာရှင်တွေ အသိဆုံးဖြစ်မှာပါ။ ဆီးချိုတက်လာရင် ခေါင်းမထူနိုင်လောက် အောင် ဆိုးရွားပြီး ဘာမှလည်း စားလို့မရတော့ပါဘူး။
ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေအတွက် အသုံးဝင်နိုင်မယ်လို့ ထင်တဲ့ ဆေးနည်းကောင်းလေးတစ်လက်ကို ပြန်လည်ဝေမျှပေးချင်ပါတယ်။
ထိုဆေးနည်းကတော့ မခံစားနိုင်လောက်အောင် တက်နေတဲ့ ဆီးချိုကို ချက်ချင်းပြန်ကျသွားစေနိုင်တဲ့ အိမ်တွင်းဆေးနည်းလေးပါ။ လိုအပ်တာတွေကတော့ မာလကာရွက်၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နဲ့ ဆား အနည်းငယ်သာလိုအပ်ပါ။ ဆေးနည်းလေးကိုတော့ အောက်မှာ ဆက်ကြည့်လိုက်ပါ။
ဆေးနည်း
မာလကာရွက် (၅) ရွက်
ကြက်သွန်ဖြူ (၁) ဥ
ကြက်သွန်နီ (၁) ဥ
သံပုရာ (၁) စိတ် နဲ့ ဆားအနည်းငယ်တို့ကို ရောပြီး ရေ(၃)ခွက်ထည့်ပြီး တစ်ခွက်စာရအောင် ကျိုပေးရပါမယ်။ ပြီးရင်တော့ ရလာတဲ့ အရည်ကို တစ်နေ့ တစ်ခွက်ပဲ ဖြစ်ဖြစ် ဆီးချိုတက်လာတဲ့ အချိန်ပဲ ဖြစ်ဖြစ် သောက်သုံးလို့ရပါတယ်။
ဆီးချိုသမားတွေအတွက် အသုံးဝင်မယ့် တိုင်းရင်းဆေးနည်းဖြစ်သလို ဆေးလုပ်ဖို့ အတွက် ပစ္စည်းတွေအားလုံးကလည်း အလွယ်တကူရှာလို့ရတာကြောင့် ဆီးချိုဝေဒနာရှင်တွေအတွက် အသုံးဝင်မယ်လို ထင်ပါတယ်။
ဒါ့ပြင် ထိုဆေးနည်းက တိုင်းရင်းဆေးသမားတော်ကြီးတွေကိုယ်တိုင် နည်းလမ်းပေးထားတာကြောင့် ယုံကြည်စွာ သောက်သုံးကြည့်လို့ရတာကြောင့် လိုအပ်နေတဲ့ ဝေဒနာရှင်တွေကို ပြန်လည်ဝေမျှပေးစေလိုပါတယ်။
Leave a Reply