
“ဂေါက် “ရောဂါအတွက် ဆေးတစ်လက်
အား …… ကျွတ် ကျွတ် ဘုရား ဘုရား …..ဦးဝိ ၊ ဘယ်လိုတွေဖြစ်လို့ ဘုရားတွေ တ နေတာလဲ။
ဒီလို ကိုယ့်လူရေ .. မနေ့က ခရမ်းချဉ်သီးချက် ဘုဉ်းကောင်းကောင်းနဲ့ ဘုဉ်းလိုက်တာ ဂေါက်ရောဂါထပြီး အဆစ်အမြစ်တွေ နာနေလို့ပါဗျာ။ဪ..အဲလိုလား ဘုရား ကိုယ်တော့်ဂေါက်ကလည်း အတော်ဆိုးသကိုး။
ဆိုးဆို ကိုယ့်လူရေ .. မိုးလေးအေးတာနဲ့နာသလို အစားမှားရင်တော့ ပြောမနေနဲ့ မြင်ရတဲ့အတိုင်း ဘုရားကို တယူရတော့တာဘဲ။
ဦးဝိဆိုတာ အဖြားစွပ်ခေါ်တာပါ ။ နာမည်အပြည့်စုံက ဦးဝိနယဖြစ်ပါတယ် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာကပါ။
ဒါနဲ့ ဦးဝိက ဆေးမသောက် ဆေးမထိုးဘူးလားဘုရား။ဘယ်လိုပြောပါလိမ့် ကိုယ်လူရယ် ၊ ဆရာလည်းစုံ ဆေးလည်းစုံနေပြီ ငွေတွေလည်းကုန်ပါပြီ
သက်သာသလိုရှိပေမယ့် အချင်းမပျောက်ဘူးဖြစ်နေတယ်။နောက် သုံးလလောက်ကြာတော့.. အလှူပွဲတစ်ခုမှာ ဆွမ်းတစ်ပွဲထဲ အတူဘုဉ်းကြတော့ ဦးဝိမှာ ခရမ်းချဉ်သီးငါးပိချက်ကို တမာရွက်နဲ့ စပါယ်ချယ်ကိုင်နေတာကို မြင်ရတော့
အံ့ဩသွားရပါတယ် ၊ ဆွမ်းစားတုန်းမို့ မတည့်ဘူးလေလို့လည်း မပြောလိုပါ။ ဆွမ်းစားပြီးလို့ စကာစမျည်းပြောမှပဲ
ဦးဝိ အရှင်ဘုရား ခရမ်းချဉ်သီး ငါးပိချက် တမာရွက်မြှုပ်တွေဘုဉ်းတာ ဂေါက်ပေါ်မှာ သတိမပြုမိဘူးလားဘုရား။
ကိုယ့်လူရေ တပည့်တော် ဆေးကောင်းတွေ့လို့ ဂေါက်ရောဂါ ယူပစ်သလို ပျောက်ကင်းသွားပြီဗျာ။
ဟုတ်လားဘုရား ဝမ်းသာလိုက်တာဗျာ ၊ ထိုးဆေးလား လိမ်းဆေးလား သောက်ဆေးလား ဘာဆေးလဲဘုရား။
ဒီလိုကိုယ့်လူရေ လိုင်းပေါ်မှာတင်ထားတဲ့ Postလေးတစ်ခုကို ဖတ်မိရာကနေ စမ်းလုပ်ကြည့်လိုက်တာ အဆင်ပြေသွားတာပဲဘုရား။
မှန်ပါဘုရား အဲလိုဆိုရင် ဆေးနည်းပြောပြပေးပါလားဘုရား။ပြောပြပေးပါမယ်ဘုရား ဆေးနည်းက ဒီလိုပါ
၁။သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်မှာလှီးဖြတ်ထားပါ။
၂။အထဲမှာရှိတဲ့ သင်္ဘောအစိတွေကို ဖယ်ထုတ်လိုက်ပါ။
၃။ပြီးရင်တော့ ၄။ဆူပွက်နေတဲ့ ရေနွေးများကို အထဲမှာ လောင်းထည့်လိုက်ပါ။
၅။လက်ဖက်ခြောက် အနည်းငယ်ကို ထည့်ထားပါ။ ၆လှီးထားတဲ့ ထိပ်ပိုင်းနဲ့ ခဏလောက်ပြန်ပိတ်ထားပါ။
၇။ဖွင့်ရလွယ်ကူအောင် သွားကြားထိုးတံလေးနဲ့ ထိပ်ကို ထိုးထားရင် ပိုပြီး အဆင်ပြေပါတယ်။
၈။ဒီ သင်္ဘောသီးစိမ်း လက်ဖက်ရည်နွေးကို (၃ )လဆက်တိုက် မနက် နေ့ ၊ နေ့ ည ၊ တစ်နေ့သုံးကြိမ် နေ့စဉ်သောက်တာနဲ့
မိုးအေးအေးနေပူပူ ဘာစားစား ဘာသောက်သောက် နာလည်းမနာတော့သလို ကိုက်လည်းမကိုက်တော့ဘူးဘုရား။
ဂေါက်ရောဂါအပြင် တပည့်တော်မှာ ချောင်းဆိုးရင်ကြပ်လည်းရှိတယ်ဘုရား ၊ ဒီဆေးသောက်လိုက်တာ ချောင်းဆိုး ရင်ကြပ်ပါပျောက်သွားတယ်ဘုရား။
စာဖတ်သူတို့ရေ ယူရစ်အက်ဆစ်မြင့်မားမှု့ကြောင့် ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတွေကို၊ သက်သာပျောက်ကင်းစေပါတယ်။ယူရစ်အက်ဆစ် ပုံမှန်အခြေအနေဖြစ်သွားရင်တော့ ရောဂါဟောင်းဖြစ်ပွားမှု့မှ ရှောင်ရှားရန် တစ်လကို ၁-၃ ကြိမ်ထိ သောက်သုံးပေးပါ။ဒကာ ဒကာအများအားလုံး ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
ဦးဝိနေယတာ့ လက်တွေ့သက်သာနေပါပြီ သင်္ဘောသီးလေးက ရေနွေးမာ့ခွက်တခွက်စာ ကွက်တိဆန့်တာမို့ တော်တော်လေးကို သောက်ရတာအဆင်ပြေပါသတဲ့ဗျား..။
(ဦးဝိနယ နတ်မောက်နယ်ဘွား အညာသား ထန်းပင်ကုန်းကြီးရွာသား )
ထပ်ဆင့်၍ ကူးယူ ဝေမျှပါသည်
Leave a Reply