အာပုပ္ေဆာ္နံျခင္း သြားမွာေက်ာက္တည္တာနဲ႔ သြားခ်ိဳး (ဂ်ိဳး) တက္တာေတြကို ေပ်ာက္ကင္းေစမယ့္ သဘာဝေဆးနည္း

အာပုပ္ေဆာ္နံျခင္း သြားမွာေက်ာက္တည္တာနဲ႔ သြားခ်ိဳး (ဂ်ိဳး) တက္တာေတြကို ေပ်ာက္ကင္းေစမယ့္ သဘာဝေဆးနည္း

သြားနဲ႔ခံတြင္း က်န္းမာေရးက သိပ္ကို အေရးႀကီးပါတယ္။ စကားေျပာဆိုဆက္သြယ္ရမွာ ခံတြင္းနံ႔ မဆိုးဖို႔ လိုသလို အၿပဳံးခ်င္း ဖလွယ္ရာမွာ ယုံၾကည္မႈ ရွိဖို႔လိုပါတယ္။

ဒီအတြက္ ဘယ္လိုသြားတိုက္ေဆးေတြ ဝယ္ယူအသုံးျပဳရမလဲလို႔ ေတြးေနၿပီလား။ အဲဒီလို ကုန္ပစၥည္းေတြ ဝယ္စရာမလိုဘဲ သဘာဝပစၥည္းေလးေတြနဲ႔ သြားတိုက္ေဆး ျပဳလုပ္ႏိုင္ပါတယ္။

ပါဝင္ပစၥည္းမ်ား – အုန္းဆီသန႔္ စားပဲတင္ဇြန္း ၂ ဇြန္း၊ မုန႔္ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၃ ဇြန္း။

ျပဳလုပ္နည္း – ပါဝင္ပစၥည္းႏွစ္မ်ိဳးလုံးကို ေသခ်ာ ေရာေမႊလိုက္ပါ။ ၿပီးရင္ သြားတိုက္တံေပၚ တင္ၿပီး သြားတိုက္ေပးပါ။ အဲဒီလိုတိုက္ရာမွာ လွ်ာကိုလည္း တိုက္ဖို႔မေမ့ပါနဲ႔။

မုန႔္ဖုတ္ဆိုဒါေၾကာင့္ သြားေတြကို ျဖဴေဖြးေစမွာျဖစ္ၿပီး သြားခ်ိဳး (ဂ်ိဳး) ေတြကို ေပ်ာက္ကင္းေစပါတယ္။ အုန္းဆီမွာပါတဲ့ Antimicrobial အစြမ္းေၾကာင့္ လွ်ာေပၚမွာရွိတဲ့ ဘက္တီးရီးယားေတြကို ေသေစမွာပါ။ ဒါ့ေၾကာင့္ အာပုပ္ေဆာ္နံတာကို ေပ်ာက္ကင္းေစပါတယ္။

အာပုပ်ဆော်နံခြင်း သွားမှာကျောက်တည်တာနဲ့ သွားချိုး (ဂျိုး) တက်တာတွေကို ပျောက်ကင်းစေမယ့် သဘာဝဆေးနည်း

သွားနဲ့ခံတွင်း ကျန်းမာရေးက သိပ်ကို အရေးကြီးပါတယ်။ စကားပြောဆိုဆက်သွယ်ရမှာ ခံတွင်းနံ့ မဆိုးဖို့ လိုသလို အပြုံးချင်း ဖလှယ်ရာမှာ ယုံကြည်မှု ရှိဖို့လိုပါတယ်။

ဒီအတွက် ဘယ်လိုသွားတိုက်ဆေးတွေ ဝယ်ယူအသုံးပြုရမလဲလို့ တွေးနေပြီလား။ အဲဒီလို ကုန်ပစ္စည်းတွေ ဝယ်စရာမလိုဘဲ သဘာဝပစ္စည်းလေးတွေနဲ့ သွားတိုက်ဆေး ပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ – အုန်းဆီသန့် စားပဲတင်ဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း။

ပြုလုပ်နည်း – ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာ ရောမွှေလိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ် တင်ပြီး သွားတိုက်ပေးပါ။ အဲဒီလိုတိုက်ရာမှာ လျှာကိုလည်း တိုက်ဖို့မမေ့ပါနဲ့။

မုန့်ဖုတ်ဆိုဒါကြောင့် သွားတွေကို ဖြူဖွေးစေမှာဖြစ်ပြီး သွားချိုး (ဂျိုး) တွေကို ပျောက်ကင်းစေပါတယ်။ အုန်းဆီမှာပါတဲ့ Antimicrobial အစွမ်းကြောင့် လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေမှာပါ။ ဒါ့ကြောင့် အာပုပ်ဆော်နံတာကို ပျောက်ကင်းစေပါတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *