DRY SKIN ပိုင်ရှင်တို့အတွက် မျက်နှာနုနုထွတ်ထွတ်လေး ပိုင်ဆိုင်ဖို့ ငှက်ပျောသီးနဲ့ ပေါင်းတင်နည်း
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် အီးနဲ့ ဗီတာမင် အေ ပါဝင်ပြီး အသားအရေကို စိုပြေစေကာ မျက်နှာပေါ်က မလိုတဲ့ အဆီတွေကို ဖယ်ရှားပေးပါတယ်။
မိန်းကလေးအများစု လိုချင်ကြတဲ့ Clear Glow Skin ကို ပိုင်ဆိုင်ဖို့ သဘာဝ ငှက်ပျောသီးက တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေပါတယ်။
ဒါ့အပြင် Dry Skin ပိုင်ဆိုင်တဲ့ ပျိုမေတို့နဲ့ပါ အထူးသင့်တော်ပါတယ်။ အရွယ်တင် နုပျိုစေတဲ့ သဘာဝ ပေါင်းတင်ပစ္စည်း ဆိုလည်း မမှားပါဘူး။နူးညံ့ကာ စိုပြေတဲ့ အသားအရေရဖို့ ငှက်ပျောသီးနဲ့ ပေါင်းတင်နည်းလမ်းကတော့-
၁။ ငှက်ပျောသီးတစ်ဝက်၂။ ပျားရည်တစ်ဇွန်းတို့ကို ရောပေးရမှာပါ ငှက်ပျောသီးတစ်ဝက်ကို အနှစ်ရအောင် ဖိချေပေးရပါမယ်။ ဒီထဲကို ပျားရည် တစ်ဇွန်းထည့်ပေးရပါမယ်။ ပျားရည်ရဲ့ အသားအရေအတွက် ကောင်းကျိုးတွေကတော့- အသားအရေကို အစိုဓာတ်ပေးကာ ဘတ်တီးရီးယားတွေကို ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးနဲ့ အတူ ပျားရည် အာနိသင်က ခြောက်သွေ့တဲ့ အသားအရေကို စိုပြေစေပါတယ်။
ပါဝင်ပစ္စည်းနှစ်မျိုးကို မျက်နှာမှာ လိမ်းလို့ရတဲ့အထိ ရောမွှေပေးရပါမယ်။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ် လိမ်းကာ ၁၅ မိနစ်ထားရပါမယ်။ ၁၅ မိနစ် ထားပြီးနောက် ရေနဲ့ ဆေးချပေးရပါမယ်။ ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင် ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ ပိုစိုပြေကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်လာစေမှာပါ။
DRY SKIN ပိုင်ရွင္တို့အတြက် မ်က္နွာနုနုထြတ္ထြတ်လေး ပိုင္ဆိုင္ဖို့ ငွက်ပော်သီးနဲ့ ပေါင်းတင္နည်း
Leave a Reply