မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုသပ်ရပ်ကြည့်ကောင်းနေဖို့ အမြဲဂရုစိုက်သင့်ပါတယ်
ရုပ်ရည်က ပထမဦးစားပေးမဟုတ်ပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုတော့ လူတိုင်းဦးစားပေးသင့်တယ်မဟုတ်ဘူးလား။
ဒါကြောင့် တံတောင်ဆစ်နဲ့ ဒူးနေရာတွေမှာညိုမည်းနေတာတွေကို ဖယ်ရှားဖို့ လွယ်ကူတဲ့နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သခွားသီး
သခွားသီးကိုအကွင်းလေးတွေလှီးပြီး တံတောင်ဆစ်နဲ့ ဒူးနေရာကို ၁၅ မိနစ်လောက် ပွတ်တိုက်ပေးလိုက်ပါ။ပြီးရင် ရေအေးနဲ့ရေပြန်ဆေးချလိုက်ပါ။ နေ့တိုင်းမပျက်မကွက်လုပ်ပေးရင် တစ်လလောက်အတွင်း ဒူးနဲ့တံတောင်ဆစ်တွေမည်းနေတာကို ပြန်ဖြူလာစေပါလိမ့်မယ်။
(၂) သံပရိုသီးနဲ့မုန့်ဖုတ်ဆိုဒါ
သံပရိုသီးကိုထက်ခြမ်းခြမ်းပြီး မုန့်ဖုတ်ဆိုဒါကိုအပေါ်ကဖြူးကာ တံတောင်ဆစ်နဲ့ဒူးကိုပွတ်ပေးပါ။
နေ့စဉ် တစ်နေ့တစ်ကြိမ်လုပ်ပေးသွားရင် တစ်လလောက်အတွင်း ဖြူလာပါလိမ့်မယ်။
(၃) အာလူး
အာလူးကိုအရည်ညှစ်ပြီး ဒူးနဲ့တံတောင်ဆစ်နေရာကို လိမ်းပေးကာ ၁၅ မိနစ်လောက်ထားပြီး ရေပြန်ဆေးချပေးပါ။
နေ့စဉ်ပုံမှန်လုပ်ပေးသွားရုံနဲ့ နှစ်ပတ်အတွင်း ဒူး၊တံတောင်ဆစ်မည်းနေတာတွေ ပျောက်ကင်းသွားပါလိမ့်မယ်။
(၄) နနွင်း
နနွင်းအနည်းငယ်ကို နွားနို့အနည်းငယ်နဲ့ရောပြီး အနှစ်ရလာတဲ့အခါ တံတောင်ဆစ်နဲ့ ဒူးနေရာမှာ ခပ်ထူထူလေးလိမ်းပေးပါ။
ခြောက်သွားတဲ့အထိစောင့်ပြီး ရေနွေးနဲ့ပြန်ဆေးချပေးလိုက်ပါ။ တစ်လလောက် ပုံမှန်လုပ်ပေးရုံနဲ့ ဒူးနဲ့တံတောင်ဆစ်မည်းနေတာတွေ ပြန်ဖြူလာပါလိမ့်မယ်။
(၅) သကြားနဲ့သံလွင်ဆီ
သကြားနဲ့သံလွင်ဆီကို ဆတူရောပြီး တံတောင်ဆစ်နဲ့ဒူးကို ၅ မိနစ်လောက် ပွတ်တိုက်ပေးပါ။ နှစ်ပတ်လောက်ဆက်တိုက် လုပ်ပေးရင်ဒူးနဲ့တံတောင်မည်းတာတွေ ပျောက်ကင်းသွားပါလိမ့်မယ်။
( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ )
Credit
Leave a Reply