အံ့သြစရာ ကောင်းလောက်အောင် ချိုင်းကြားက အသားအရေကို ဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်း (၅) မျိုး…..

အံ့သြစရာ ကောင်းလောက်အောင် ချိုင်းကြားက အသားအရေကို ဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်း (၅) မျိုး…..

ချိုင်းကြားအသားအရေ မည်းနေတာကြောင့် လက်ပြတ်၊ချိုင်းပြတ်၊ဝတ်ဖို့ အခက်ေ တွ့တာ၊ရေကူးဝတ်စုံနဲ့ ရဲရဲဝံ့ဝံ့ရေမကူးနိုင်တဲ့ ပျိုမေတွေအတွက် နည်းလမ်းကော င်းတွေကို အကြံပြုပေးချင်ပါတယ်။အသုံးပြုရမယ့် ပစ္စည်းတွေကလည်း နေအိမ်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေပါ။

ချိုင်းကြားအသားအရေ ဟာ နေရောင်နဲ့ လုံးဝမထိတွေ့ရတာကြောင့် အဲ့ဒီနေရာမှာ ဆဲလ်သေတွေစုပုံလာပြီး ချိုင်းကြား အသားအရေ မည်းညစ်ရတာဖြစ်ပါတယ်။ဒီနည်းလမ်းတွေထဲက စိတ်ကြိုက် နည်းလမ်းတစ်ချို့ ကို ရွေးချယ်အသုံးပြုပေးပါက ညိုမည်းနေတဲ့ ချိုင်းကြား အသား အရေကို သိသိသာသာဖြူဝင်းလာစေမှာဖြစ်ပါတယ်။

(၁)သံပရို

သံပရိုရည်ဟာ ဗက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုြး ဖစ်သလို ညိုမည်းနေတဲ့ နေရာတွေကို အရောင်ချွတ်ပေးနိုင်တဲ့ အရောင်ချွတ်ဆေးအဖြစ်လည်း အသုံးပြုလို့ရပါတယ်။

သံပရိုကို ချိုင်းမှာ ပွတ်တိုက်ပေးခြင်း အားဖြင့် ဆဲလ်သေတွေကို ကွာကျစေနိုင်ပါတယ်။လှီးထားတဲ့ သံပရိုခြမ်းကို ချိုင်းမှာ (၁၅)မိနစ်လောက်ကြာအောင် ပွတ်တိုက်ပေးပါ။တစ်နေ့ကို နှစ်ကြိမ်ေ လာက် ပွတ်တိုက်ပေးနိုင်ပါတယ်။

(၂)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာလည်း အသားအရေကို ဖြူဖွေးလာစေတဲ့ ထိရောက်တဲ့ နည်း လမ်းတစ်ခုပါ။ဒါ့အပြင် ညိုမည်းနေတဲ့ ချိုင်းကြားမှာ ချွေးထွက်တာတွေကိုလည်း သိသိသာသာသက်သာစေပါတယ်။

ဒါ့အပြင် သံပရိုလိုပဲ ညိုမည်းနေ တာတွေ အတွက် အစွန်းချွတ်ဆေးအဖြစ်သုံးလို့ရပါတယ်။ခရမ်းချဉ်သီးအခြမ်းနဲ့ ချိုင်းကြား အသားအရေကို ပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။ခရမ်းချဉ်သီးဖျော်ရည် လိမ်းပေး လို့ရပါတယ်။

(၃)နနွင်း

နနွင်းဟာလည်း အသားအရေအလှအပအတွက် အလွန်အသုံးဝင် တဲ့ ဆေး တစ်မျိုးပါ။အသားအရေကို ဖြူဖွေးလာစေဖို့ ကူညီပေးနိုင်တဲ့ curcumin ဆိုတဲ့ antioxidant ပါရှိပါတယ်။

သိသိသာသာမြန်မြန်ဆန်ဆန်အကျိုးထူး ချင်တယ် ဆိုရင်တော့ နနွင်းနဲ့သံပရိုရည်ကိုပျစ်နေအောင်ရောပြီး ချိုင်းကြားမှာ လိမ်းေ ပးပါ။(၁၅)မိနစ်လောက်ကြာရင်တော့ ရေနဲ့ဆေးချပေးရမှာဖြစ်ပါတယ်။

(၄)ဗီတာမင်အီး

အသားအရောင်တွေညိုမည်း အရောင်ပြောင်းတာဟာ တခါတလေမှာ အသား အရေခြောက်သွေ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် တခါတလေ မှာ ခြောက်သွေ့တဲ့ အသားအရေအတွက် အဆီကို သုံးပေးသင့်ပါတယ်။ ဒါေ ကြာင့် အုန်းဆီ၊မက်မွန်ဆီနဲ့ဗီတာမင်အီးပါတဲ့ အဆီတို့ကို အသုံးပြုပေးပါ။

ဆီကို ချိုင်းကြားမှာ နေ့စဉ်လိမ်းပေးပြီး မိနစ်(၂၀)လောက် နှိပ်နယ်ပေးခြင်းအားဖြင့် ချိုင်းကြားအသားအရေအရောင် သိသိသာသာပြောင်းလဲလာမှာဖြစ်ပါတယ်။

(၅)နို့

ချိုင်းကြားကို နို့လူးပေးပြီး နှိပ်နယ်ပေးခြင်းအားဖြင့်လည်း ဖြူဝင်းတဲ့ ချိုင်းကြားအ သားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်
။နို့ဟာ အသားအရေအတွက် ကောင်းတဲ့ သဘာဝ moisturiser ဖြစ်သလို၊တောက်ပ နူးညံ့တဲ့ အသားအရေကို ပေး စွမ်းနိုင်ပါတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *