ခေါင်းလျှော်တဲ့အခါ လူအများစုလုပ်မိတတ်တဲ့အမှား (၈) ခု

ခေါင်းလျှော်တဲ့အခါ လူအများစုလုပ်မိတတ်တဲ့အမှား (၈) ခု

ခေါင်းလျှော်တာက တစ်ကိုယ်ရည် သန့်ရှင်းရေးထဲမှာ ပါဝင်တာကြောင့် အမြဲပုံမှန် လျှော်ay;သင့်ပါတယ်။ ဒါပေမယ့် ခေါင်းလျှော်တာနဲ့ ပတ်သက်ပြီး မှားနေတဲ့ အချက်လေးတွေလည်း ရှိပါတယ်နော် …။

၁။ ခေါင်းလျှော်ရည်နှင့် ခဏခဏ ခေါင်းလျှော်ခြင်း”

ရေချိုးတဲ့ အခါတိုင်းမှာ ခေါင်းလျှော်ဖို့ မလိုအပ်ဘူးလို့ ဆေးပညာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ နေ့တိုင်း ခေါင်းလျှော်ချင်တယ်ဆိုရင် ဆံပင်ကို ခေါင်းလျှော်ရည်မပါဘဲ ရေဆေးချလို့တောင် ရတယ်လို့ ပြောထားကြပါတယ် …။

ခေါင်းလျှော်ရည်တွေက ဆံပင်ရဲ့အဆီတွေကို ဖယ်ရှားပစ်ပါတယ်။ ဆံပင်ရဲ့ အဆီတွေက ဆံပင်ကျန်းမာရေးအတွက် လိုအပ်တာကြောင့် တစ်ပတ်ကို ၂ ခါခန့်သာ ခေါင်းလျှော်ရည်နဲ့ လျှော်သင့်ပါတယ် …။

၂။ ခေါင်းလျှော်ရည်ကို အများကြီး သုံးခြင်း”

ခေါင်းလျှော်ရည်မသုံးခင်မှာ ဆံပင်ကို တစ်မိနစ်ကြာ ရေဆေးချတာက ဆံပင်မှာ ကပ်ညိနေတဲ့ ဖုန်အမှုန်တွေကို ဖယ်ရှားပေးပါတယ်။ ဆံပင်တွေ အကုန်စိုသွားတဲ့အခါ ခေါင်းလျှော်ရည်သုံးရင် အမြှုပ်ပိုထွက်စေနိုင်ပါတယ် …။

၃။ ခေါင်းလျှော်ရည်သုံးပြီးမှ conditioner ကို သုံးခြင်း”

ခေါင်းလျှော်ရည်သုံးပြီးမှ conditioner သုံးတာက အချို့ဆံပင် အမျိုးအစားတွေအတွက်သာ သင့်တော်ပါတယ်။ Conditioner ကို အရင်သုံးတဲ့အခါ ဆံပင်ကို ပိုထူသယောင် ထင်ရစေပါတယ်။ Conditioner ကို နောက်မှသုံးတာက ဆံပင်ကို အဆီပြန်သလို ထင်ရစေပါတယ် …။

၄။ ခေါင်းလျှော်ရည်ကို ဆံပင်အဖျားထိ သုံးခြင်း”

ဆံပင်ရဲ့အဖျားက အမြဲလိုလို ခြောက်သွေ့နေတတ်ပါတယ်။ ဆံပင်အဖျားကို ခေါင်းလျှော်ရည် အများကြီးနဲ့ လျှော်တာက ဆံပင်ကိုပျက်စီးစေပါတယ်။ အဲဒီအခါ ဖွာပြီး ဆံပင် ၂ ခွတွေ ဖြစ်လာတတ်တာကြောင့် ဆံပင်အဖျားကို ခေါင်းလျှော်ရည် အများကြီးနဲ့ လျှော်ဖို့ မလိုပါဘူး …။

၅။ ဦးရေပြားကို လက်သည်းနှင့် ကုတ်ခြင်း”

ခေါင်းလျှော်တဲ့အခါမှာ ဦးရေပြားကို လက်သည်းနဲ့ကုတ်တာက ဦးရေပြားပွန်းပဲ့ပြီး ပိုးဝင်တတ်ပါတယ်။ ဆံပင်က စိုနေတဲ့အခါ ကျိုးလွယ်၊ ပြတ်လွယ်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ညင်ညင်သာသာ နှိပ်ပေးတာကတော့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ် …။

၆။ ရေနွေးနှင့် ခေါင်းလျှော်ခြင်း”

ခေါင်းလျှော်ဖို့အတွက် အကောင်းဆုံး ရေအပူချိန်က ကြက်သီးနွေးရေပါ။ ရေနွေးနဲ့ခေါင်းလျှော်တာက ဆံပင်ကို ကျိုးလွယ်စေပြီး ဆံပင်အရင်းကို အားနည်းစေပါတယ်။ ရေနွေးနဲ့ခေါင်းလျှော်ပြီးရင် ရေအေးနဲ့ ပြန် ရေဆေးချသင့်ပါတယ် …။

၇။ Conditioner ကို ဦးရေပြားပေါ်အထိသုံးခြင်း”

Conditioner ကို ဦးရေပြားပေါ်အထိ မသုံးရပါဘူး။ Conditioner ကို ဦးရေပြားပေါ်အထိ အသုံးပြုတဲ့အခါ မွေးညင်းပေါက်ပိတ်ပြီး ဆံပင်ကြီးထွားမှုကို နှေးကွေးစေတတ်ပါတယ် …။

၈။ ဆံပင် စိုနေတုန်း ခေါင်းဖြီးခြင်း”

ဆံပင်စိုနေတဲ့အချိန်က ဆံပင်အားအနည်းဆုံးအချိန်ပါပဲ။ အဲဒါကြောင့် ဆံပင်စိုနေတုန်းမှာ ခေါင်းမဖြီးသင့်ပါဘူး။ ဒါ့အပြင် ဆံပင်ခြောက်သွားအောင် ပုဝါနဲ့ ကြမ်းကြမ်းပွတ်ခြင်းကလည်း ဆံပင်ကို ပျက်စီးစေပါတယ်။ ဆံပင်ကို ဖွဖွလေးပုတ်ပြီး သဘာဝအတိုင်း အခြောက်ခံတာက ပိုပြီးသင့်တော်ပါတယ်နော် …။ ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *