အချိန်ကြာလာလေ ပိုလှလာလေပဲ ဖြစ်နေစေဖို့ ပျိုမေတိုင်းပြုလုပ်ရမယ့် အရာ(၈)ခု

အချိန်ကြာလာလေ ပိုလှလာလေပဲ ဖြစ်နေစေဖို့ ပျိုမေတိုင်းပြုလုပ်ရမယ့် အရာ(၈)ခု

ပျိုမေတို့အနေနဲ့ အချိန်တိုင်းကိုယ့် ကိုကိုယ် ဂရုစိုက်သင့်ပါတယ်။ ဒီလိုဂရုစိုက်မှ အသက်ကြီးလေ ပိုလှလေ အချိန်ကြာလေ ပိုကြည့်ကောင်းလေဖြစ်မှာပါ။ပျိုမေတိုင်းလိုလို နေ့စဉ်ပြုလုပ်ရမယ့် ဂရုစိုက်မှုလေးတွေကတော့….

(၁) အိပ်ရေးဝအောင် အိပ်ပါ

အခုနောက်ပိုင်း မိန်းကလေးအ များစုက နောက်ကျမှ အိပ်တတ်ပါတယ်။ အိပ်ချိန်ကို သိပ်ဂရုမစိုက်ကြပါဘူး။ အိပ်ချိန်မှန်မှန်ထားဖို့ကို ရည်မှန်းချက်တစ်ခုအနေနဲ့တောင် သတ်မှတ်သင့်ပါတယ်။

(၂) ကိုယ့်ကိုကိုယ် အချိန်ပေးပါ

တစ်ပတ်မှာ တစ်ခါလောက်တော့ ကိုယ်ကြိုက်တာလေးလုပ်ပေးပါ။ တစ်နာရီလောက် ဖုန်းလေးချ ထားပြီး လုပ်ချင်တာလေးတွေလုပ်ပါ။

(၃) သင့်ဖုန်းကို Airplane Mode ပြောင်းထားပါ

Airplane Mode ပြောင်းထားတာက ဖုန်းဘတ်ထရီလည်းသက် သာပါတယ်။ ဖုန်းခဏပိတ်ထားတဲ့အချိန် လောကကြီးနဲ့ ခဏအ ဆက်အသွယ်ပြတ်တောက်သွားပါတယ်။ တစ်နေ့မှာ နာရီဝက်လောက် အေးအေးဆေးဆေးနေကြည့်ပါ။

(၄) သင့်ကိုယ်သင်ပြုစုပါ

သင့်ဘဝမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်တော့ရှိမှာပါ။ သူ့ကိုဆို အရမ်းခင်တယ်။ သူလိုအပ်တာမှန်သမျှ ကူညီပေးတယ်။ ဂ ရုစိုက်ပေးတယ်။ သူအားငယ်လာရင် အားပေးတယ်။ ချီးကျူးတယ်။ သင့်ကိုယ်သင်လည်း ဒီလိုပဲ လုပ်ပေးပါ။ သင့်ကိုယ်သင် အခင်ဆုံး သူငယ်ချင်းတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံပေးပါ။

(၅) အကောင်းမြင်သမားတွေကိုသာ ဖိတ်ခေါ်ပါ

ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊ အကောင်းမြင်စိတ်ရှိသူတွေနဲ့ဝန်း ရံထားတဲ့အချိန်ဘဝကြီးက ပိုလွယ် ကူသွားပါတယ်။ ပိုပျော်စ ရာကောင်းသွားပါတယ်။

(၆) သင့်ကိုယ်သင်ခွင့်လွှတ်ပါ

သင့်ဘဝမှာ သင့်ကို သစ္စာဖောက်သူတွေ၊ နောက်ကြောဓားနဲ့ထိုးသူတွေ ရှိခဲ့ဖူးမှာပါ။ ဒီလိုလူတွေကို ဘာမှမလုပ်ဘဲ လက်လွှတ်လိုက်ပါ။ လက်လွှတ်လိုက်တဲ့အချိန် ဘာကြောင့် ဒီလိုလုပ်ခဲ့မိတာလဲ သင့်ကိုယ်သင်အပြစ်တင်မိပါလိမ့်မယ်။ သင့်ကိုယ်သင် ခွင့်လွှတ်လိုက်ပါ။

(၇) လက်ရှိကာလမှာနေထိုင်ပါ

လက်ရှိသင်ဒီစာကို ဖတ်နေတာပါ။ သင့်ဘဝက စာဖတ်ကာ ချစ်ရသူတွေအပေါ် သိတတ်ပြီး သာ ယာကြည်နူးဖို့ကောင်းပါတယ်။
သင့်ကိုယ်သင် ဂရုစိုက်နေတယ်။ ဒါကြောင့်လည်း ဒီအကြောင်းအရာကို လာဖတ်တာပါ။လက်ရှိကာလမှာပဲ နေပါ။ အလုပ်တွေများလွန်းတဲ့အနာဂတ်ကို မတွေးပါနဲ့ဦး။

(၈) သဘာဝတရားထဲမှာ နေထိုင်ပါ

အပင်လေးတွေ၊ စိမ်းစိုတဲ့ သဘာဝတောတောင်၊ သဘာဝလေ ကောင်းလေသန့်တွေရှိရာ နေရာတွေကို သွားပေးပါ။ သဘာဝတရားကို ချစ်မြတ်နိုးပါ။ မှုရင်းတင်သူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *