ကြည်လင်ရှင်းသန့်တဲ့အသားအရေပိုင်ဆိုင်ဖို့ သခွားသီး နဲ့ ပေါင်းတင်နည်း
Clear Skin က မိန်းကလေးတိုင်း လိုချင်တဲ့ အသားအရေပါ။ အသားအရေကို ပုံမှန် ထိန်းသိမ်းပေးပြီး အချိန်ကြာလာတဲ့အခါ အသားအရေ နဂိုထက် ကြည်လင်လာမှာ မလဲမသွေပါပဲ။သင်က သဘာဝ Mask ကို ပြုလုပ်ချင်တယ်ဆိုရင် သခွားသီးက မပါမဖြစ်ပါပဲ။ သခွားသီးကပ်တာကိုတော့ ပျိုမေအများစု လုပ်ဖူးမှာပါ။
ဒီ Mask အတွက် အဓိက လိုအပ်တဲ့ပစ္စည်းတွေကတော့-
၁။ သခြားသီး
သခွားသီးက မျက်နှာ အမည်းစက်ကို လျှော့ချပေးပါတယ်။ ဝက်ခြံ ဖြစ်တာ လျော့ပါးစေပြီး မျက်နှာ ယောင်ယမ်းတာ သက်သာစေပါတယ်။
၂။ ဒိန်ချဉ်
ဒိန်ချဉ်က အစက်အပြောက်တွေကို နည်းပါးစေပါတယ်။ အသားအရေကို စိုပြေစေပါတယ်။
၃။ ပျားရည်
ပျားရည်က အသားအရေကို ကြည်လင် ဝင်းပစေပါတယ်။ ဖုန်နဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။
ပြုလုပ်ပုံ
သခွားသီးကို အရင် ကျိတ်ပေးရပါမယ်။ပြီးနောက် ကျိတ်ထားတဲ့ သခွားသီးထဲကို ဒိန်ချဉ်တစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်း ထည့်ပေးရပါမယ်။ပါဝင်ပစ္စည်းတွေကို ရောမွှေပေးရပါမယ်။ဒါကို မျက်နှာပေါ် လိမ်းပြီးနောက် ၁၀ မိနစ်ကနေ ၁၅ မိနစ် ထားပေးရပါမယ်။ပြီးနောက် ရေဆေးချနိုင်ပါပြီ။အသားအရေ ဓာတ်တည့်မှု ရှိမရှိ သိနိုင်ဖို့အသားအရေနဲ့ တည့်မတည့် သိချင်တယ်ဆိုရင်တော့ လက်မောင်းပေါ် လိမ်းပြီး ၅ မိနစ်ထားပေး နိုင်ပါတယ်။ အသားအရေ ဓာတ်မတည့်မှု မရှိရင် သုံးနိုင်ပါတယ်။
Credit
ကြည္လင်ရွင်းသန့္တဲ့အသားအေရပိုင္ဆိုင္ဖို့ သခြားသီး နဲ့ ပေါင်းတင္နည်း
၁။ သခြားသီး
၂။ ဒိန်ချဉ်
၃။ ပျားရည်
ပြုလုပ်ပုံ
Credit
Leave a Reply