ဆံပင်ကျွတ်တာကို သက်သာစေမယ့် သဘာဝနည်းလမ်း
ဆံပင်ကျွတ်တာဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ရင်ဆိုင်ရတဲ့ ပြဿနာတစ်ခုပါ။ တချို့ ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးလိုက်ပြန်ရင်ဆံပင်ကျွတ်ပြီး ဆံပင်ကျွတ်တာ သက်သာတဲ့ခေါင်းလျှော်ရည်သုံးပြန်ရင် ဗောက်ထရတဲ့ ပြဿနာမျိုး လူတွေတော်တော်များများမှာ ကြုံတွေ့နေရတာတွေ့ရပါတယ်။
ခေါင်းကလည်း တစ်နေ့အနည်းဆုံး ၂ ကြိမ်လောက်ဖြီးကြတယ်၊ မိန်းကလေးတွေဆို ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်၊ ဆံပင်စည်းလိုက်လုပ်ကြတယ်။ဒါ့ကြောင့် ဆံပင်ကျွတ်တယ်ဆိုတာ လူတိုင်းနီးပါ ခေါင်းကိုက်နေရတဲ့ ပြဿနာတစ်ခုလိုဖြစ်နေပါပြီ။ ဒီတခါမှာ ဆံပင်ကျွတ်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်နော်။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ဟာ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ရှားစောင်းလက်ပပ်အနှစ်ကို ဦးရေပြားတစ်ခုလုံး နှံ့စပ်အောင်လိမ်းလိုက်ပြီး ခြောက်အောင်ထားလိုက်ပါ။ပြီးရင် ခေါင်းလျှော်ချပြီး ပေါင်းဆေးထည့်လိုက်ပါ။ ခေါင်းလျှော်တဲ့အချိန်တိုင်း လုပ်ပေးနိုင်ပါတယ်။
ကြက်သွန်နီအရည်
ကြက်သွန်နီအရည်က ဆံပင်ကျွတ်တာကို သက်သာစေသလို ဆံပင်သန်စေပါတယ်။ ကြက်သွန်နီကို တောက်တောက်စဉ်းလိုက်ပါ။ ပြီးရင် အဝတ်စတစ်ခုထဲထည့်ပြီး အရည်ညှစ်ထုတ်လိုက်ပါ။အရည်ရလာပြီဆိုရင် ဆံပင်အမြစ်လေးတွေနဲ့ ဦးရေပြားကို နှံ့အောင်လိမ်းလိုက်ပြီး ခေါင်းလျှော်ချကာ ပေါင်းဆေးထည့်လိုက်ပါ။
ဗီတာမင် C
ဗီတာမင် C အဆီကို သင့်ဦးရေပြားနဲ့ ဆံပင်အမြစ်မှာလိမ်းပေးပါ။ ၁ နာရီလောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။
အုန်းဆီ
အုန်းဆီကလည်း ဆံပင်ကျွတ်တာ သက်သာစေပါတယ်။ အုန်းဆီကိုခေါင်းမလျှော်ခင် ၁ နာရီလောက်အလို ဦးရေပြားအနှံ့ကိုလိမ်းထားပေးပြီး ခေါင်းလျှော်ချလိုက်ပါ။
ခရက်ဒစ်
ဆံပင္ကြၽတ္တာကို သက္သာေစမယ့္ သဘာဝနည္းလမ္း
ဆံပင္ကြၽတ္တာဟာ အမ်ိဳးသမီးေတြသာမက အမ်ိဳးသားေတြပါ ရင္ဆိုင္ရတဲ့ ျပႆနာတစ္ခုပါ။ တခ်ိဳ႕ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္သုံးလိုက္ျပန္ရင္ဆံပင္ကြၽတ္ၿပီး ဆံပင္ကြၽတ္တာ သက္သာတဲ့ေခါင္းေလွ်ာ္ရည္သုံးျပန္ရင္ ေဗာက္ထရတဲ့ ျပႆနာမ်ိဳး လူေတြေတာ္ေတာ္မ်ားမ်ားမွာ ႀကဳံေတြ႕ေနရတာေတြ႕ရပါတယ္။
ေခါင္းကလည္း တစ္ေန႔အနည္းဆုံး ၂ ႀကိမ္ေလာက္ၿဖီးၾကတယ္၊ မိန္းကေလးေတြဆို ဆံပင္ကို ေကာက္လိုက္၊ ေျဖာင့္လိုက္၊ ေဆးဆိုးလိုက္၊ ဆံပင္စည္းလိုက္လုပ္ၾကတယ္။ဒါ့ေၾကာင့္ ဆံပင္ကြၽတ္တယ္ဆိုတာ လူတိုင္းနီးပါ ေခါင္းကိုက္ေနရတဲ့ ျပႆနာတစ္ခုလိုျဖစ္ေနပါၿပီ။ ဒီတခါမွာ ဆံပင္ကြၽတ္တာကို သက္သာေစမယ့္ သဘာဝနည္းလမ္းေတြကိုမွ်ေဝေပးလိုက္ပါတယ္ေနာ္။
ရွားေစာင္းလက္ပပ္
ရွားေစာင္းလက္ပပ္ဟာ ဆံပင္ကြၽတ္တာကို သက္သာေစပါတယ္။ ေခါင္းမေလွ်ာ္ခင္မွာ ရွားေစာင္းလက္ပပ္အႏွစ္ကို ဦးေရျပားတစ္ခုလုံး ႏွံ႔စပ္ေအာင္လိမ္းလိုက္ၿပီး ေျခာက္ေအာင္ထားလိုက္ပါ။ၿပီးရင္ ေခါင္းေလွ်ာ္ခ်ၿပီး ေပါင္းေဆးထည့္လိုက္ပါ။ ေခါင္းေလွ်ာ္တဲ့အခ်ိန္တိုင္း လုပ္ေပးႏိုင္ပါတယ္။
ၾကက္သြန္နီအရည္
ၾကက္သြန္နီအရည္က ဆံပင္ကြၽတ္တာကို သက္သာေစသလို ဆံပင္သန္ေစပါတယ္။ ၾကက္သြန္နီကို ေတာက္ေတာက္စဥ္းလိုက္ပါ။ ၿပီးရင္ အဝတ္စတစ္ခုထဲထည့္ၿပီး အရည္ညႇစ္ထုတ္လိုက္ပါ။အရည္ရလာၿပီဆိုရင္ ဆံပင္အျမစ္ေလးေတြနဲ႔ ဦးေရျပားကို ႏွံ႔ေအာင္လိမ္းလိုက္ၿပီး ေခါင္းေလွ်ာ္ခ်ကာ ေပါင္းေဆးထည့္လိုက္ပါ။
ဗီတာမင္ C
ဗီတာမင္ C အဆီကို သင့္ဦးေရျပားနဲ႔ ဆံပင္အျမစ္မွာလိမ္းေပးပါ။ ၁ နာရီေလာက္ထားၿပီး ေခါင္းေလွ်ာ္ခ်လိုက္ပါ။
အုန္းဆီ
အုန္းဆီကလည္း ဆံပင္ကြၽတ္တာ သက္သာေစပါတယ္။ အုန္းဆီကိုေခါင္းမေလွ်ာ္ခင္ ၁ နာရီေလာက္အလို ဦးေရျပားအႏွံ႔ကိုလိမ္းထားေပးၿပီး ေခါင္းေလွ်ာ္ခ်လိုက္ပါ။
ခရက္ဒစ္
Leave a Reply