ဂြိုလ်မွှေတဲ့ ဒယ်အိုး

ဂြိုလ်မွှေတဲ့ ဒယ်အိုး


ကျောင်းဆရာမ တာဝန်နဲ့ အဝေးတစ်နေရာကို ရောက်နေတဲ့ မိန်းမဖြစ်သူက မိသားစုရှိရာ အိမ်လေးဆီကို ပြန်ရောက်ခိုက်လေးမှာ

သူ့ယောက်ကျားကိုယောက်ကျားရေ ရှင်ခေါ်ထားတဲ့ အိမ်ဖော်က ချောလှချည်လားလို့ မေးလိုက်တော့

ချာလား မချောလား မသိပါဘူးကွာအဝတ်လျှော် ထမင်း ချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက်တာပါ တဲ့လေ။

ရှင်နဲ့ရော ကင်းရှင်းရဲ့လား ယောက်ျား ဆိုတော့ ရှင်းပါ့ မိန်းမရေ တဲ့ မသိပါဘူးတော် တအိမ်လုံးမှာ ရှင်တို့ နှစ်ယောက်ထဲ ဆိုတော့ ဘာဆိုင်လဲကွာ ၊

ညမိုးချုပ်တာနဲ့ သူလဲ သူ့အခန်း သူအိပ် ၊ငါလဲ ငါ့အခန်း ငါအိပ် သီးခြားဆီပါ တဲ့လေ အဲဒါဆိုလဲ ပြီးတာပါပဲ…

ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း တာဝန်ကျရာဒေသကို ပြန်သွားတယ် မိန်းမပြန်သွားလို့ နှစ်ရက် ၊

သုံးရက် နေတော့ အိမ်ဖော်လေးက ဆရာမယောက်ကျားကို သတင်း ပို့တယ် ။

ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ်တဲ့။ဆရာမ ပြန်သွားကတည်းက ပျောက်နေတာ…

ဆရာမဆီ မှားများ ပါသွားလေသလားလို့ မေးကြည့်ပါအုံး ဆိုတော့ဆရာမယောက်ကျားလည်း သူ့မိန်းမဆီ စာရေးပြီး မေးရတာပေါ့။

မိန်းမရေ မင်းယူတယ် လို့တော့ မစွပ်စွဲပါဘူးမင်း ပြန်သွားကတည်းက ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေလို့ ဆိုပီး စာပို့ လိုက်တယ် ။အဲ့ဒီတော့သူ့မိန်းမဆီက စာပြန်လာတယ်…။

ယောက်ျားရေ ရှင်တိုနှ့စ်ယောက် အတူ အိပ်တယ်လို့ ကျမ မစွပ်စွဲပါဘူး…။

အဲ့ဒီ အိမ်ဖော်မိန်းမသာ သူ့အခန်း သူ့အိပ်ယာမှာ သူ အိပ်ရင်ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ ၊ဒယ်အိုးကအဲဒီကောင်မလေးရဲ့ခေါင်းအုံး အောက်မှာပါတဲ့လေ။

crd

 

 

ဂွိုလျမှှတေဲ့ ဒယျအိုး













crd

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *