အမျိုးသမီးများ အိမ်ထောင်ဘက် အဖြစ် အရက်သမားအား ရွေးချယ်သင့်သည့် ကောင်းကျိုးများ…

အမျိုးသမီးများ အိမ်ထောင်ဘက် အဖြစ် အရက်သမားအား ရွေးချယ်သင့်သည့် ကောင်းကျိုးများ…


၁ ။ မူးနေသည့်အချိန်များတွင် မိမိ မလှ သော်ငြားလည်း သူတို့အမြင်တွင်အရမ်းလှသည်ဟုထင်မြင်နေတတ်ခြင်း

၂ ။ ညနေတိုင်း အရက်ဆိုင်တွင် အနေများသဖြင့် ညနေစာကိုအမြဲတစ်ယောက်စာ လျှော့ချက်ရခြင်း

၃ ။ ဆေးသမား ဖဲသမား မဟုတ်သည့်အတွက် အရက်ဖိုးလေး မဆိုသလောက်မျှသာ ကုန်ခြင်း

၄ ။ ကိစ္စရှိလို့ အရေးတကြီးလိုအပ် လျှင် အရက်ဆိုင် တွင် အလွယ်တကူ သွားရောက်ခေါ်နိုင်ခြင်း

၅ ။ အိမ်ရှင်မများ အနေဖြင့် အိမ်၏စီးပွားရေးအား ကိုယ်တိုင်ဦးစီးအုပ်ချုပ် လုပ်ကိုင်နိုင်ပြီး တစ်အိမ်လုံး၏ ဝင်ငွေထွက်ငွေကို မိမိစိတ်တိုင်းကျစီမံခန့်ခွဲသုံးစွဲနိုင်ခြင်း

၆ ။ ထွေလီဖောက်ပြား ဖောက်ပြန်ဖို့ မပြောနဲ့ မူးပြီး အိမ်ပြန်တာတောင် သူ့ဖာသာ အနိုင်နိုင် မနဲထိန်းပြီး လမ်းလျှောက်ပြန်လာရခြင်း

၇ ။ သူတစ်ပါးအသက် သတ်ဖို့နေနေသာသာ သူ့ဖာသာ အန်ဖတ်ဆို့ မ သေအောင် မနဲဂရုစိုက်နေရခြင်း

၈ ။ တစ်ပါးသူပစ္စည်းခိုးဖို့ မပြောနဲ့ သူ့မှာပါလာတဲ့ပစ္စည်း မေ့ကျန်တာ ပျောက်ရှတာ အခိုးခံရတာ အလုခံရတာမဖြစ်အောင် အမြဲဂရုစိုက်နေရခြင်း

၉ ။ လိမ်လည် လှည့်ဖျား ပြောဆိုဖို့ဆိုတာ ဝေးလို့… ထန်းရေမူးရင် ကျွဲခိုးပေါ်ဆိုတဲ့စကားပုံလိုပဲ၊ လုပ်ထား သမျှ အကုန်ပြန်ပြောပြနေလို့ ရိုက်စစ်စရာ မလိုအောင် ကိုသိရခြင်း

၁၀ ။လူ့ပတ်ဝန်းကျင်၌လည်း အရက်လေးပဲ သောက် တတ်တာပါအေ…ကျန်တာအကုန်ကောင်းတယ်ဟု… ချီးမွမ်း ထောပနာပြု ခံရ၍ ဂုဏ်ယူနိုင်ခြင်း

ထိုထိုသော အချင်းအရာများ ကြောင့်…… အိုဘဲ့……အမျိုးကောင်းသမီးတို့…မိမိတို့အနေနဲ့ကိုယ်ယူမည့် အမျိုးသားသည်အရက်သမားဖြစ်ဖို့ လိုအပ်၏…..!တိန်

 

 

 

၁ ။ မူးေနသည့္အခ်ိန္မ်ားတြင္ မိမိ မလွ ေသာ္ျငားလည္း သူတို႔အျမင္တြင္အရမ္းလွသည္ဟုထင္ျမင္ေနတတ္ျခင္း

၂ ။ ညေနတိုင္း အရက္ဆိုင္တြင္ အေနမ်ားသျဖင့္ ညေနစာကိုအၿမဲတစ္ေယာက္စာ ေလွ်ာ့ခ်က္ရျခင္း

၃ ။ ေဆးသမား ဖဲသမား မဟုတ္သည့္အတြက္ အရက္ဖိုးေလး မဆိုသေလာက္မွ်သာ ကုန္ျခင္း

၄ ။ ကိစၥရွိလို႔ အေရးတႀကီးလိုအပ္ လွ်င္ အရက္ဆိုင္ တြင္ အလြယ္တကူ သြားေရာက္ေခၚႏိုင္ျခင္း

၅ ။ အိမ္ရွင္မမ်ား အေနျဖင့္ အိမ္၏စီးပြားေရးအား ကိုယ္တိုင္ဦးစီးအုပ္ခ်ဳပ္ လုပ္ကိုင္ႏိုင္ၿပီး တစ္အိမ္လုံး၏ ဝင္ေငြထြက္ေငြကို မိမိစိတ္တိုင္းက်စီမံခန္႔ခြဲသုံးစြဲႏိုင္ျခင္း

၆ ။ ေထြလီေဖာက္ျပား ေဖာက္ျပန္ဖို႔ မေျပာနဲ႔ မူးၿပီး အိမ္ျပန္တာေတာင္ သူ႔ဖာသာ အႏိုင္ႏိုင္ မနဲထိန္းၿပီး လမ္းေလွ်ာက္ျပန္လာရျခင္း

၇ ။ သူတစ္ပါးအသက္ သတ္ဖို႔ေနေနသာသာ သူ႔ဖာသာ အန္ဖတ္ဆို႔ မ ေသေအာင္ မနဲဂ႐ုစိုက္ေနရျခင္း

၈ ။ တစ္ပါးသူပစၥည္းခိုးဖို႔ မေျပာနဲ႔ သူ႔မွာပါလာတဲ့ပစၥည္း ေမ့က်န္တာ ေပ်ာက္ရွတာ အခိုးခံရတာ အလုခံရတာမျဖစ္ေအာင္ အၿမဲဂ႐ုစိုက္ေနရျခင္း

၉ ။ လိမ္လည္ လွည့္ဖ်ား ေျပာဆိုဖို႔ဆိုတာ ေဝးလို႔… ထန္းေရမူးရင္ ကြၽဲခိုးေပၚဆိုတဲ့စကားပုံလိုပဲ၊ လုပ္ထား သမွ် အကုန္ျပန္ေျပာျပေနလို႔ ႐ိုက္စစ္စရာ မလိုေအာင္ ကိုသိရျခင္း

၁၀ ။လူ႔ပတ္ဝန္းက်င္၌လည္း အရက္ေလးပဲ ေသာက္ တတ္တာပါေအ…က်န္တာအကုန္ေကာင္းတယ္ဟု… ခ်ီးမြမ္း ေထာပနာျပဳ ခံရ၍ ဂုဏ္ယူႏိုင္ျခင္း

ထိုထိုေသာ အခ်င္းအရာမ်ား ေၾကာင့္…… အိုဘဲ့……အမ်ိဳးေကာင္းသမီးတို႔…မိမိတို႔အေနနဲ႔ကိုယ္ယူမည့္ အမ်ိဳးသားသည္အရက္သမားျဖစ္ဖို႔ လိုအပ္၏…..!တိန္

 

Be the first to comment

Leave a Reply

Your email address will not be published.


*