အသက် ၈၀ အရွယ်အဖိုးအိုနဲ့ မိန်းကလေးငယ်ငယ်လေး ကလေးမရလို့ ဆေးခန်းလာပြသောအခါ…
အသက် ၈၀ အရွယ်အဖိုးအိုနဲ့ မိန်းကလေးငယ်ငယ်လေး ကလေးမရလို့ ဆေးခန်းလာပြသောအခါ…
အသက် ၈၀ ခန့်ရှိသော အဘိုးကြီးတယောက်သည် ခပ်ငယ်ငယ်ဇနီးဖြစ်သူအား လက်တွဲလျက် ဆေးခန်းလာပြလေသည်။
လူနာ။ ။ ‘ ဆရာ.. ကျွန်တော် ကလေးရနိုင်မရနိုင် သိချင်လို့ပါ… ‘
ဆရာဝန်။ ။ ကောင်းပြီလေ။ အရင်ဆုံး ခင်ဗျားမှာ ကလေးရနိုင်မယ့် သုတ်ပိုးအရေအတွက် ဘယ်လောက်ရှိမရှိ အရင်ဆုံး စမ်းရမယ်။ ဒီတော့ ဒီဘူးလေး ယူသွား။ အဲဒီအထဲကို ခင်ဗျားရဲ့ သုတ်ပိုးတွေ ထည့်ပြီး အဖုံးကို သေချာပိတ်ပြီး မနက်ဖြန်မနက် ပြန်ယူလာခဲ့လေ….
နောက်တနေ့ နံနက်တွင် ဆေးခန်းသို့ နောက်တခေါက် ပြန်လာလေသည်။ ဆရာဝန်မှသုတ်ပိုးထည့်ယူလာသည့် ဘူးအားကြည့်သောအခါဘူးမှာအဖုံးပိတ်လျက်သားဖြင့် အထဲ၌ မည်သည့်အရာမှ မရှိပေ။
ဆရာဝန်။ ။ အဆင်မပြေခဲ့ဘူးလား။ ဘာမှလည်း ပါမလာဘူး…
လူနာ။ ။ ဟုတ်ကဲ့ ဆရာ။ ဒီနေ့မနက် ကျွန်တော့် ညာဘက်လက်နဲ့ အရင်ဆုံး လုပ်ကြည့်တယ်။ မရဘူးဆရာ…။ နောက်ပြီး ဘယ်လက်နဲ့ တခါ စမ်းပြန်တယ်။ မရဘူး။ အဆင်မပြေတာနဲ့ ကျွန်တော့်မိန်းမကို လုပ်ခိုင်းတယ်ဆရာ။ သူ့ညာဘက်လက်နဲ့ လုပ်တော့လည်းမရဘူး။ ဘယ်ဘက်နဲ့လည်း အဆင်မပြေပြန်ဘူး။
ပါးစပ်နဲ့ လုပ်တော့လည်း မရဘူး။ သူလည်းလုပ်လို့ မရတာနဲ့ သူ့သူငယ်ချင်း ကောင်မလေးရဲ့ ညာဘက်လက်နဲ့ တခါ စမ်းပြန်တယ်။ မရတော့ ဘယ်လက်နဲ့ လုပ်ကြည့်ပြန်ရော။ အဲဒါလည်းမရဘူးဆရာ။ နောက်ဆုံး သူ့ပါးစပ်နဲ့လည်း လုပ်တာ မရတာနဲ့ အခု ဆေးခန်းကို…ပြန်…လာ.. ပြ…ပြ…..
ဆရာဝန်မှ မယုံကြည်နိုင်လောက်အောင် အံ့သြသွားဟန်ဖြင့်…
ဆရာဝန်။ ။ နေ..နေ..နေပါဦး..။ ခင်..ခင်ဗျားက ခင်ဗျားမိန်းမရဲ့ သူငယ်ချင်းကိုပါ လုပ်ခိုင်းတယ်.. ဟုတ်လား….။
လူနာ။ ။ ဟုတ်တယ်ဆရာ။ သူလည်းကြိုးစားပြီး အဖုံးကို ဖွင့်တာပဲ။ နောက်ဆုံးမရတာနဲ့ လက်လျှော့ပြီး ဆရာ့ဆီ ပြန်ယူလာတာဆရာ….။ တခြားဘူးလေး လဲပေးပါလားဟင်။
ဆရာဝန်။ ။ အဆင်မပြေခဲ့ဘူးလား။ ဘာမှလည်း ပါမလာဘူး…
Share From:Apann Pyay
Be the first to comment
Leave a Reply
Your email address will not be published.
*