မုန်တိုင်းတစ်လုံး လာပြန်ပြီ၊ မိုးလေဝသ အထူးသတင်း

မုန်တိုင်းတစ်လုံး လာပြန်ပြီ၊ မိုးလေဝသ အထူးသတင်း

၁၂.၉.၂၀၂၃ နေ့မှ စတင်ကာ ဘင်္ဂလာပင်လယ်အော်အတွင်းမှာ လေစိုင်ဝဲတစ်ခု စတင်ဖြစ်ပေါ်နေပြီး နာရီအနည်းငယ်အတွင်းမှာပဲ မုန်းတိုင်းငယ်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံဆီကို ဦးတည်တိုက်ခတ်သွားမယ်လို့ ခန့်မှန်းပါတယ်။ မုန်တိုင်းငယ်ဟာ နာရီလက်တံ ပြောင်းပြန်လည်သလို တိုက်ခတ်တာဖြစ်တဲ့အတွက် မုန်တိုင်းရဲ့ အားကောင်းတဲ့အရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ မြန်မာနိုင်ငံအတွက် မုန်းတုန်းအကျိုးသက်ရောက်မှုများမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်အတွင်းမှာလည်း လေစိုင်ဝဲများ မုန်းတိုင်းများဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ယခုတစ်ဖန် မုန်တိုင်းတစ်လုံးဖြစ်ပေါ်နေပါတယ်။ အဆိုပါမုန်တိုင်းအရှိန်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းအရှိန်တွေကြောင့် မိုးသည်းထန်စွာရွာသွန်းအုံးမှာဖြစ်ပါတယ်။ တစ်ဖန် မြန်မာနိုင်ငံ အနောက်မြောက်ဖက်မှာရှိတဲ့ ဟိမ၀န္တာတောင်တန်းမှ လေအေးတွေဟာ မြန်မာနိုင်ငံဆီသို့ အမြင့်ပေတစ်သောင်းခန့်မှ စီးဆင်းတိုက်ခတ်နေတဲ့အတွက် လေစီကြောင်းနိမ့်လာချိန်နဲ့ မုန်းတိုင်းကြောင့် မြန်မာနိုင်ငံဆီကိုဦးတည်လာတဲ့ ရေငွေတေ တိမ်တိုက်တွေ တွေ့ပြီး မိုးများအုံးမယ်လို့လည်း ခန့်မှန်းပါတယ်။

မွန်ပြည်နယ် ရခိုင်ပြည်နယ် ချင်းပြည်နယ် ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းပါမယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေမှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ကျန်ဒေသများမှာ မိုးရေချိန် ၆လက်မအထိ ရွာသွန်းမှာဖြစ်ပါတယ်။ အနှစ်ချုပ်အားဖြစ် ယခုတစ်ပါတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ မိုးများမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ ပြင်ဆင်မှု့တွေပြုလုပ်ထားကြဖို့ လိုပါတယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေ………




Be the first to comment

Leave a Reply

Your email address will not be published.


*