11.9.2023 ရွှေစျေး ရေနံစျေးနှင့် ငွေလဲနှုန်းများ
ကမ္ဘာ့ရွှေစျေးမှာ မနေ့က ၁အောင်စလျှင် ၁၉၁၉ ဒေါ်လာဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် ၁၉၂၃ ဒေါ်လာဖြစ်သဖြင့် ၃ဒေါ်လာ မြင့်တက်လာခဲ့ပါတယ်။ မြန်မာ့ရွှေစျေးမှာ မနေ့က ၁၅ပဲရည် ၁ကျပ်သားကို ၃၂သိန်းစျေးဖြင့်ပိတ်ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ၃၂သိန်းလေးထောင်ကျပ်ဖြင့် စျေးဖွင့်လာသဖြင့် လေးထောင်ကျပ် စျေးတက်လာခဲ့ပါတယ်။ ၁၆ပဲရည် တစ်ကျပ်သားကို ၃၄သိန်း ၄သောင်းကျပ်ဖြင့် စျေးဖွင့်ထားတဲ့အတွက် မနေ့က စျေးထက် ၄ထောင်ကျပ် မြင့်တက်ခဲ့ပါတယ်။
လောင်စာဆီစျေးနှုန်းများမှာ (တစ်လီတာစျေးနှုန်းများဖြင့်)- ဒီဇယ်= ၂၅၁၅ကျပ်။ ပရီမီယမ်= ၂၅၉၀ ကျပ်။ 92 Ron= ၂၂၉၅ ကျပ်။ 95 Ron= ၂၄၁၅ ကျပ် တို့ဖြစ်ပြီး အတက်အကျမရှိပါ။
ယနေ့ မြန်မာငွေတန်ဖိုးအနည်းငယ်ကျဆင်းလာတာကို တွေ့ရပါတယ်။ ငွေလဲနှုန်းများမှာ
အမေရိကန် ၁ဒေါ်လာ = ၃၂၅၀ ဝယ်၊ ၃၃၁၀ ရောင်း။
ယူရို ၁ယူရို= ၃၅၁၂ ဝယ်၊ ၃၆၁၁။
စင်္ကာပူဒေါ်လာ ၁ဒေါ်လာ= ၂၂၉၀ ဝယ်၊ ၂၃၆၀ ရောင်း
ထိုင်းဘတ် ၁ဘတ်= ၉၁.၃၂ ဝယ်၊ ၉၃.၈၉ ရောင်း
ဂျပန်ယမ်း ၁ယမ်း= ၂၂.၁၁ ဝယ်၊ ၂၂.၇၃ ရောင်း
မလေးရှား 1MYR= ၇၀၅ ဝယ်၊ ၇၂၀ ရောင်း
တရုတ် ၁ယွမ်= ၄၅၀ ဝယ်၊ ၄၆၉ ရောင်း
ကိုရီးယား ၁ဝမ် = ၂.၄၄ ဝယ်၊ ၂.၅၀ ရောင်း
ထူးခြားစီးပွားရေးသတင်းများမှာ ဆိုင်ကယ်တစ်စီး ဆယ်သိန်းဝန်းကျင်ခန့်စျေးကျနေ၊ မြန်မာ့နိုင်ငံထွက် ပြောင်းဆံစျေးနှုန်းများ စျေးအဆမတန်ကျဆင်း။
Leave a Reply