ခရမ်းချဉ်သီး တစ်လုံးတည်း နဲ့ မျက်နှာပေါ်က အမည်းစက် ဝက်ခြံ၊အဆီပြန်တာတွေပျောက်တဲ့နည်း…
ခရမ်းချဉ်သီးက ဗီတာမင် ကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။
ဒါ့အပြင် အသားအရေကို ကြည်လင်တောက်ပစေတဲ့အစွမ်းလည်း ရှိနေပါသေးတယ်။ခရမ်းချဉ်သီးတစ်လုံးရှိရုံနဲ့ မျက်နှာအသားအရေကို လုံးဝကြည်လင်သွားအောင် လုပ်လို့ရပါတယ်။
(၁) မျက်နှာအဆီပြန်တာကိုလျှော့ချပေးမယ့်နည်းမျက်နှာသစ်ပြီးတဲ့အချိန် ခရမ်းချဉ်သီးအရည်ကိုမျက်နှာအနှံ့ပါးပါးလေးလိမ်းပြီးငါးမိနစ်အကြာမှာ ရေပြန်ဆေးချပေးပါ။ဒါကို ညအိပ်ရာဝင်ခါနီးတိုင်း နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် မျက်နှာအဆီပြန်တာကို သက်သာသွားစေပါလိမ့်မယ်။
(၂) ချွေးပေါက်ကျယ်တွေကိုပျောက်ကင်းစေမယ့်နည်း
ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်းပြီး မျက်နှာကိုတိုက်ရိုက်ပွတ်တိုက်ပေးပါ။အဲ့လိုပွတ်တိုက်ပေးတာက ချွေးပေါက်တွေထဲမှာပိတ်နေတဲ့ အညစ်အကြေးတွေကို သန့်စင်စေပြီးတိုနာလိမ်းပေးသလို ဖြစ်စေတာ ကြောင့် ချွေးပေါက် ကျယ်တာတွေကို ပျောက်ကင်းစေပါတယ်။
၁၅မိနစ်လောက်ပွတ်တိုက်ပြီးရင် ရေအေးနဲ့ဆေးချပေးလိုက်ပါ။ နေ့စဉ်ပုံမှန်လုပ်ပေးရမှာပါ။
(၃) အသားအရေပိုကြည်ပြီး၊ပိုဖြူလာစေမယ့်နည်း
ခရမ်းချဉ်သီးတစ်လုံးနဲ့ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးကာ ၁၅မိနစ်လောက်နေရင် မျက်နှာသစ်ပေးပါ။
သုံးရက်တစ်ကြိမ်ပုံမှန်လုပ်ပေးသွားရုံနဲ့ တစ်လလောက်ကြာရင်မျက်နှာလေးက သိသိသာသာပိုဖြူလာပြီး၊ ပိုလည်းကြည်လင်လာပါလိမ့်မယ်။
(၄) အမည်းစက်ပျောက်စေမယ့်နည်း
ခရမ်းချဉ်သီးတစ်လုံးကို သံပရိုရည်နည်းနည်းရောပြီး အမည်းစက်နဲ့အမာရွတ်တွေရှိတဲ့နေရာမှာ ပါးပါးလေးလိမ်းပေးပါ။
၁၀ မိနစ်လောက်စောင့်ပြီး ရေအေးနဲ့မျက်နှာပြန်သစ်လိုက်ပါ။ နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် အမည်းစက်တွေ၊ အမာရွတ်တွေ လုံးဝအရှင်းပျောက်သွားပါလိမ့်မယ်။
ခရမ္းခ်ဥ္သီး တစ္လုံးတည္း နဲ႔ မ်က္ႏွာေပၚက အမည္းစက္ ဝက္ၿခံ၊အဆီျပန္တာေတြေပ်ာက္တဲ့နည္း…
ခရမ္းခ်ဥ္သီးက ဗီတာမင္ ႂကြယ္ဝတဲ့အသီးတစ္မ်ိဳးျဖစ္ၿပီး က်န္းမာေရးအတြက္အထူးေကာင္းမြန္ပါတယ္။
ဒါ့အျပင္ အသားအေရကို ၾကည္လင္ေတာက္ပေစတဲ့အစြမ္းလည္း ရွိေနပါေသးတယ္။ခရမ္းခ်ဥ္သီးတစ္လုံးရွိ႐ုံနဲ႔ မ်က္ႏွာအသားအေရကို လုံးဝၾကည္လင္သြားေအာင္ လုပ္လို႔ရပါတယ္။
(၁) မ်က္ႏွာအဆီျပန္တာကိုေလွ်ာ့ခ်ေပးမယ့္နည္းမ်က္ႏွာသစ္ၿပီးတဲ့အခ်ိန္ ခရမ္းခ်ဥ္သီးအရည္ကိုမ်က္ႏွာအႏွံ႔ပါးပါးေလးလိမ္းၿပီးငါးမိနစ္အၾကာမွာ ေရျပန္ေဆးခ်ေပးပါ။ဒါကို ညအိပ္ရာဝင္ခါနီးတိုင္း ေန႔စဥ္မပ်က္မကြက္လုပ္ေပးသြားရင္ မ်က္ႏွာအဆီျပန္တာကို သက္သာသြားေစပါလိမ့္မယ္။
(၂) ေခြၽးေပါက္က်ယ္ေတြကိုေပ်ာက္ကင္းေစမယ့္နည္း
ခရမ္းခ်ဥ္သီးကိုထက္ျခမ္းျခမ္းၿပီး မ်က္ႏွာကိုတိုက္႐ိုက္ပြတ္တိုက္ေပးပါ။အဲ့လိုပြတ္တိုက္ေပးတာက ေခြၽးေပါက္ေတြထဲမွာပိတ္ေနတဲ့ အညစ္အေၾကးေတြကို သန႔္စင္ေစၿပီးတိုနာလိမ္းေပးသလို ျဖစ္ေစတာ ေၾကာင့္ ေခြၽးေပါက္ က်ယ္တာေတြကို ေပ်ာက္ကင္းေစပါတယ္။
၁၅မိနစ္ေလာက္ပြတ္တိုက္ၿပီးရင္ ေရေအးနဲ႔ေဆးခ်ေပးလိုက္ပါ။ ေန႔စဥ္ပုံမွန္လုပ္ေပးရမွာပါ။
(၃) အသားအေရပိုၾကည္ၿပီး၊ပိုျဖဴလာေစမယ့္နည္း
ခရမ္းခ်ဥ္သီးတစ္လုံးနဲ႔ပ်ားရည္တစ္ဇြန္းတို႔ကိုေရာေမႊၿပီး မ်က္ႏွာအႏွံ႔လိမ္းေပးကာ ၁၅မိနစ္ေလာက္ေနရင္ မ်က္ႏွာသစ္ေပးပါ။
သုံးရက္တစ္ႀကိမ္ပုံမွန္လုပ္ေပးသြား႐ုံနဲ႔ တစ္လေလာက္ၾကာရင္မ်က္ႏွာေလးက သိသိသာသာပိုျဖဴလာၿပီး၊ ပိုလည္းၾကည္လင္လာပါလိမ့္မယ္။
(၄) အမည္းစက္ေပ်ာက္ေစမယ့္နည္း
ခရမ္းခ်ဥ္သီးတစ္လုံးကို သံပ႐ိုရည္နည္းနည္းေရာၿပီး အမည္းစက္နဲ႔အမာ႐ြတ္ေတြရွိတဲ့ေနရာမွာ ပါးပါးေလးလိမ္းေပးပါ။
၁၀ မိနစ္ေလာက္ေစာင့္ၿပီး ေရေအးနဲ႔မ်က္ႏွာျပန္သစ္လိုက္ပါ။ ေန႔စဥ္မပ်က္မကြက္လုပ္ေပးသြားရင္ အမည္းစက္ေတြ၊ အမာ႐ြတ္ေတြ လုံးဝအရွင္းေပ်ာက္သြားပါလိမ့္မယ္။
Leave a Reply