ညိုမည်းနေတဲ့ နှုတ်ခမ်းသားတွေအတွက် ပန်းရောင်လေးသန်းပြီ သဘာဝအတိုင်းး လှပစေမယ့် နည်းလမ်းကောင်းများ

ညိုမည်းနေတဲ့ နှုတ်ခမ်းသားတွေအတွက် ပန်းရောင်လေးသန်းပြီ သဘာဝအတိုင်းး လှပစေမယ့် နည်းလမ်းကောင်းများ

နှုတ်ခမ်းတစ်စုံရဲ့လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။ ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင် ၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့် အဝတ်အစားအရောင်နဲ့ အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။

ဘယ်လိုပင် နှုတ်ခမ်းဆိုးဆေးအကူအညီသုံးပြီးလှပနေပါစေ မိမိရဲ့နှုတ်ခမ်းသားအ ရောင်ကို ပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေးတိုင်းရဲ့ဆန္ဒပါ။ အမျိုးသားတွေလဲ ထို့အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။

အချို့ အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေ မည်းလာတတ်ကြပါတယ်၊ အကြောင်းရင်းကတော့ ကော်ဖီ-လ္ဘက်ရည်-ဆေးလိပ် လွန်စွာသောက်သုံးခြင်းကြောင့် ကဖိန်းဓာတ်ရဲ့ဘေးထွက်ဆိုးကျိုးများ၊ နေပူထဲအထွက်များ၍ နေ လောင်ခြင်း၊ ရေနွေး၊ ဟင်းချို …စတဲ့အရည်ပူပူတွေကို ခွက်ပူပူထဲကနေ စုပ်ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုး ဆေးအန္တရာယ၊် ရောဂါတစ်ခုခုကြောင့်သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့တန်ပြန်သက်ရောက်မှု…စတာတွေကြောင့် နှုတ်ခမ်း သားကို မည်းလာစေပါတယ်။ အဲဒီအတွက် စိတ်မညစ်ကြပါနဲ့။

ဟောဒီမှာ ရိုးရှင်းလွယ်ကူပြီး ငွေကုန်ကြေးကျ မများတဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ (သကြားနဲ့ပွတ်ပါ) နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေးပါဘဲ။

လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန့်ဖြူဖြူလေးတွေကို ထောပတ်နဲ့ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်း သား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။

(မုန်လာဥနီအလုံး(ခေါ်)သကြားမုန်လာ(ခေါ်)Beetroot ကိုသုံးပါ) သွေးကြည်ရောင်လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေကအရေ ပြားပေါ်ရှိဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊ နှုတ်ခမ်းသာမည်းခြင်းကို တဖြည်းဖြည်းလျော့ပါးသွားစေပါ တယ်။

(သံလွင်ဆီလိမ်းပါ) အသားအရေကိုကောင်းကျိုးပြုကာ အာဟာရတန်ဖိုးမြောက်များစွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အ စက်ကလေးတွေချပြီးတော့ နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။

(နှင်းဆီပွင့်ချပ်လေးတွေသုံးပါ) နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ့ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။ အဲဒီလို ရက်သတ္တ ၁-ပတ်မှာ ၂-ကြိမ်လောက် လုပ်ပေးခြင်းဖြင့် မည်းနေတဲ့နှုတ်ခမ်းသားတွေ တဖြည်းဖြည်း အရောင် ဖျော့သွားလာပါလိမ့်မယ်။်

(စတော်ဘယ်ရီသီးတွေနဲ့ပွတ်ပါ) စတော်ဘယ်ရီသီးတွေကလည်း နှုတ်ခမ်းသားမည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေး လေးတွေပါဘဲ။

အဲဒီအသီးမှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို့နဲ့ ရောပြီး နှုတ်ခမ်းသားကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန့်အကြာမှာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

(သလဲသီးသုံးပါ)သလဲသီးကိုအစေ့ဖယ်ပြီးနောက်ရလာတဲ့အသားဖတ်လေးတွေကို ထောပတ်နဲ့နယ်`၍၊ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။

ညအိပ်ယာဝင်ခါးနီးတိုင်းလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာပင် နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။

(ဆားနဲ့ပွတ်ပါ) အိမ်သုံးဆားမှုန်လေးတွေကို နွားနို့ နဲ့ရောပြီးတော့၊ ရလာတဲ့ အနှစ်ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

(ရှားစောင်းလက်ပပ်ဂျယ်လီသုံးပါ) မည်းညစ်နေတဲ့ နှုတ်ခမ်းသားကို မူလအရောင်ပြန်ရစေဖို့အတွက် ရှားစောင်းလက်ပပ်ဂျယ်လီ က အကောင်းဆုံးသမားတော်ဖြစ်ပါတယ်။ အဲဒီအပင်ထဲက အနှစ်တွေကိုညှစ်ချပြီးတော့ နှုတ်ခမ်းသားပေါ်တင်ပြီး ပွတ်လိမ်း လိုက်ရုံပါဘဲ။

(ဌက်ပျောသီးသုံးပါ) ဌက်ပျောသီးမှည့်မှည့်ကို နွားနို့၊ ပျားရည်တို့ဖြင့် သမအောင်ရောနယ်ပြီးတော့ နေ့စဉ်လိမ်းပေးပါ။ ရက် အနည်းအတွင်းမှာပင် ထူးခြားတဲ့ အာနိသင်ကို လက်တွေ့ခံစားရပါလိမ့်မယ်။

crd

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *