ကိုယ့်ဆံပင် ပုံစံအလိုက် ဆံသားကို အကောင်းဆုံး ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေ
ကိုယ့်ရဲ့ဆံပင်ပုံစံ အဖြောင့်၊ အကောင့်နဲ့ လိုင်းတွန့်ပုံစံလေးတွေကိုလိုက်ပြီး ပြုပြင်ထိန်းသိမ်းမှုလေးကို လုပ်ပေးသင့်ပါတယ်နော်လူတော်တော်များများက ဆံပင်အကောက်ပဲဖြစ်ဖြစ်၊
အဖြောင့်ပဲဖြစ်ဖြစ် ထိန်းသိမ်းမှုပုံစံတစ်မျိုးတည်းကိုပဲ လုပ်တတ်ကြပါတယ်နော်။တကယ်တော့ ကိုယ့်ရဲ့ဆံပင်သားကိုလိုက်ပြီး ခုလိုမျိုး မတူညီတဲ့ ထိန်းသိမ်းမှုလေးတွေ လုပ်ပေးသင့်ပါတယ်။
အဖြောင့်
ဆံပင်ဖြောင့် ထားတဲ့သူတွေနဲ့ ဆံပင်အဖြောင့်ပိုင် ရှင်တွေအနေနဲ့ ဦးရေပြားကို အားဖြည့်ပေးပြီး ဆံပင်အဖြောင့်အတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်၊ conditioner မျိုးကို အသုံးပြု သင့်ပါတယ်။
ဒါက သင့်ရဲ့ဆံပင် အဖြောင့်ကိုတာရှည်ဖြောင့်စင်းပြီး ဆံပင်သားကို ကောင်းမွန်နေစေမှာ ဖြစ်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ brush နဲ့ hair dryer လေးကိုအသုံးပြုပြီး ပုံသွင်းပေး သင့်ပါတယ်။ တကယ်လို့ ဆံပင်ဖြောင့်စက်သုံးချင် တယ်ဆိုရင်တော့ မသုံးခင်မှာ ဆီတစ်မျိုးမျိုး လိမ်းပေးသင့် ပါတယ်နော်။
လိုင်းတွန့်ဆံံပင်
ဆံပင်အကောက် လိုင်းတွန့်လေးတွေ လုပ်ထားတဲ့ သူတွေကတော့ ဆံပင်အဖြောင့် သမားတွေထက်ပိုပြီး အစိုဓာတ်ပို လိုအပ်ပါ တယ် ။ ဒီတော့ ဆံပင်သားကို နူးညံပြီးကောင်း မွန်နေစေဖု့ိ ခေါင်းလျှော်ပြီး conditioner သုံးတဲ့အချိန်မှာ argan oil အနည်းငယ် ထည့်ပြီး အသုံးပြုတာက ဆံပင်သားကို တောက်ပ စိုပြေနေမှာ ဖြစ်ပါတယ်။
အကြိုက်ဆုံးအမျိုးသမီး အနုပညာရှင်က ဘယ်သူလဲဆိုတာ ပြောပြခဲ့တဲ့ Cha Eunwoo ဆံပင်အကောက်လေး ဆံပင်တွေကို တွန့်လိမ်ပြီး ကောက်ထားတဲ့ သူတွေဟာလည်း အစိုဓာတ်ပြည့် ဝနေဖို့ကို အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒီဆံပင် ပိုင်ရှင်တွေဟာ အလွယ် တကူ ဆံပင်သားခြောက်သွေ့ တာမျိုး ဖြစ်လွယ် ပါတယ် ။ဒီလိုဆံပင်ပုံစံမျိုး လုပ်ထားတဲ့ သူတွေ ဒါမှမဟုတ် သဘာဝအတိုင်း အကောက်ဖြစ်နေ တဲ့သူတွေက conditioner ကို အဖြောင့်သမားတွေထက် ပိုများများ သုံးပေးဖို့ လိုအပ်ပါတယ်။ ဆံပင်ခြောက်သွေ့နေတဲ့ အချိန်မှာ ခေါင်းမဖြီးသင့်ပဲ ဆံပင်ကို အစိုဓာတ်ဖြည့်ပြီးမှာ ခေါင်းဖြီး တာမျိုး လုပ်သင့်ပါတယ်နော်။
Credit
Leave a Reply