သမီးဖြစ်သူနှင့် အပြိုင်လှပနေတဲ့ ၅၁ နှစ်အရွယ်ဆရာဝန်အမျိုးသမီးတစ်ဉီး
၅၁ နှစ်အရွယ် သွားဆရာဝန်အမျိုးသမီးတစ်ဦးဟာ အလွန်ငယ်ရွယ်လွန်းတာကြောင့် သူမသမီးရဲ့ အစ်မလို့တောင် လူအများကို မကြာခဏမှားယွင်းစေမိပါတယ်။
သူမရဲ့ မယုံနိုင်လောက်အောင် နုပျိုတဲ့အသွင်အပြင်ရဲ့ လျှို့ဝှက်ချက်များကို မျှဝေခဲ့ပြီး အင်တာနက်ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ သူမဟာ တောင်ကိုးရီးယားနိုင်ငံမှ Lee Su Jin လိုအမည်ရပြီး သမီးလေးတစ်ဦးရှိပါတယ်။ ၎င်း Lee Su Jin သွားဆရာဝန်ကို “ ထာဝရလူငယ်ရဲ့နတ်ဘုရားမ” လို့ လူအများကခေါ်တွင်ခဲ့ပါတယ်။
သူမဟာ ငယ်ရွယ်တဲ့အသွင်အပြင်ကြောင့် သူမကို ဆယ်ကျော်သက်အရွယ်လူငယ်လိုတောင် ထင်မိပါတယ်။နောက်ပြီး သူတို့သားအမိကို လူအများက ညီအမလို့တောင် ထင်နေကြတာပါ။ နောက်ပြီး သူတို့သားအမိကို ကိုးရီးယားတီဗွီအစီအစဉ်မှာ ပါဝင်ရန် ဖိတ်ကြားခဲ့ပြီး ပြပွဲမှာ သူတို့နှစ်ဦးဟာ သားအမိဖြစ်ကြောင်းကို ရှင်းပြပြောဆိုခဲ့ပါတယ်။
အဲ့လိုပြောဆိုပြီးနောက် Jin ရဲ့ ပရိသတ်တော်တော်များများကတော့ Jin ဟာ အသက်ကြီးနေပေမဲ့ ရုပ်ရည်အသွင်ပြင်နုနေသေးတာကြောင့် Jin ဟာ သွေးစုပ်ဖုတ်ကောင်ဖြစ်နိုင်တယ်လို့ ပြက်ရယ်ပြုပြောဆိုကြပါတယ်။
ဒါပေမဲ့ Jin က ပရိသတ်များကို သူမဟာ အလှကုန်ခွဲစိတ်ကုသမှုခံယူခဲ့ ဖူးတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာ တောင်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့အလှကုန်တိုးမြှင့်ခြင်း လုပ်ထုံးလုပ်နည်းများကြောင့် လူသိများခဲ့ပါတယ်။
Leave a Reply