ငွေကုန်ကြေးကျအနည်းဆုံးနဲ့ အထိရောက်ဆုံး ဆံပင်ပြုပြင်ထိန်းသိမ်းနည်း (၅)သွယ်

ငွေကုန်ကြေးကျအနည်းဆုံးနဲ့ အထိရောက်ဆုံး ဆံပင်ပြုပြင်ထိန်းသိမ်းနည်း (၅)သွယ်

လှပပြီးကျန်းမာတဲ့ဆံကေသာကို ရရှိဖို့အတွက် ဓာတုပစ္စည်းတွေအများကြီးနဲ့ ငွေအများကြီးကုန်ကျစရာမလိုပါဘူး။ သင့်အနီးအနားမှာရှိတဲ့ သဘာဝပစ္စည်းလေးတွေက သင့်ကို အများကြီး ကူညီပေးနိုင်ပါတယ်။ခုဖော်ပြပေးမှာကတော့ ငွေကုန်ကြေးကျအနည်းဆုံးနဲ့ အထိရောက်ဆုံး ပြုပြင်ထိန်းသိမ်းနည်းလေးတွေဖြစ်ပါတယ်။ ပျိုမေတို့အတွက် အရမ်းအဆင်ပြေမှာပါနော်….။

(၁) ဆံပင်ကိုသဘာဝအတိုင်းဖြောင့်စင်းနေစေမယ့် နည်းလမ်း

ကော်မှုန့်အနည်းငယ် \ ဆံပင်ပေါင်းဆေး\ ရေအနည်းငယ် \ ကြက်ဥအနှစ်

ကော်မှုန့် ၁ဇွန်းကို ရေသုံးဇွန်းနှုန်း ရောပေးကာ ကော်မှုန့်တွေ ပျော်သွားတဲ့အထိ အပူပေးပါ။ပြီးရင်တော့ ဆံပင်ပေါင်းဆေးအနည်းငယ်၊ ကြက်ဥအနှစ် တစ်လုံးတို့ကိုရောမွှေလိုက်ပါ။ရလာတဲ့အနှစ်ကို ဆံပင်အရင်းနဲ့ တစ်လက်မခန့်ခွာပြီးလိမ်းပေးကာ ၄၅ မိနစ်ခန့်ထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။
ဖြောင့်စင်းအိတုန်နေတဲ့ ဆံကေသာလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

(၂) မှန်ကန်တဲ့ဘီးကိုရွေးချယ်ပါ

ရှုပ်ထွေးနေတဲ့ဆံကေသာ၊ ရေစိုနေတဲ့ဆံပင်၊ ကောက်ထားတဲ့ဆံပင်ကို ဖီးတဲ့အခါ ဘီးကျဲကိုအသုံးပြုပေးရပါမယ်။ ဖြောင့်တဲ့ဆံပင်အတွက်တော့ အသွားစိတ်တဲ့ဘီးကိုအသုံးပြုနိုင်ပါတယ်။

(၃) ဆံပင်အရှည်မြန်စေချင်ရင်

ဆံပင်အရှည်နှေးလို့စိတ်မညစ်ပါနဲ့။ ခုနည်းလမ်းလေးက သင့်ကို ကူညီပေးနိုင်ပါတယ်။ ကြက်ဥအနှစ်ကို ကြက်ဆူဆီ ၁ဇွန်း၊ ပျားရည် ၁ဇွန်းရောပြီး ရလာတဲ့အနှစ်နဲ့ ဆံပင်ကို ခေါင်းမလျှော်ခင်တိုင်း ပေါင်းပေးရုံပါပဲ။ ၆လလောက်အကြာမှာတော့ ပုံမှာပြထားတဲ့အတိုင်း ရှည်လာတာကို တွေ့ရမှာပါ။

(၄) ဗောက်ထတတ်တဲ့သူတွေအတွက်

ဗောက်ထတတ်တဲ့သူတွေကတော့ Aspirin (ဆေးဆိုင်တွေမှာမေးဝယ်နိုင်ပါတယ်) လေးလုံးခန့်ကို ကြိတ်ပြီး သုံးနေကျခေါင်းလျှော်ရည်ထဲကို ထည့်လျှော်ပေးလိုက်ပါ။၁၀မိနစ်ခန့်နှပ်ထားပြီးတဲ့အခါမှာ ရေနွေးလေးနဲ့ဆေးကြောပေးနိုင်ပါတယ်။ ဗောက်ပျောက်ခေါင်းလျှော်ရည်တော်တော်များများမှာ Aspirin ပါဝင်တာကို တွေ့ရှိရမှာပါ။

(၅) အဖျားနှစ်ခွဖြစ်နေခဲ့ရင်

ဆံပင်အဖျားနှစ်ခွဖြစ်နေတဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်းကတော့ ခေါင်းမလျှော်ခင်တိုင်း ကြိုက်နှစ်သက်ရာ ဆီတစ်မျိုးကို အပူပေးပြီး ဆံပင်အဖျားတွေကို တစ်ညကြိုတင်လိမ်းပေးလိုက်ရုံပါပဲ။ဒါဆိုရင်တော့ ခြောက်သွေ့မှုကင်းပြီး စိုပြည်တဲ့ဆံကေသာကို ရရှိမှာပါ။

ေငြကုန္ေၾကးက်အနည္းဆုံးနဲ႔ အထိေရာက္ဆုံး ဆံပင္ျပဳျပင္ထိန္းသိမ္းနည္း (၅)သြယ္

လွပၿပီးက်န္းမာတဲ့ဆံေကသာကို ရရွိဖို႔အတြက္ ဓာတုပစၥည္းေတြအမ်ားႀကီးနဲ႔ ေငြအမ်ားႀကီးကုန္က်စရာမလိုပါဘူး။ သင့္အနီးအနားမွာရွိတဲ့ သဘာဝပစၥည္းေလးေတြက သင့္ကို အမ်ားႀကီး ကူညီေပးႏိုင္ပါတယ္။ခုေဖာ္ျပေပးမွာကေတာ့ ေငြကုန္ေၾကးက်အနည္းဆုံးနဲ႔ အထိေရာက္ဆုံး ျပဳျပင္ထိန္းသိမ္းနည္းေလးေတြျဖစ္ပါတယ္။ ပ်ိဳေမတို႔အတြက္ အရမ္းအဆင္ေျပမွာပါေနာ္….။

(၁) ဆံပင္ကိုသဘာဝအတိုင္းေျဖာင့္စင္းေနေစမယ့္ နည္းလမ္း

ေကာ္မႈန႔္အနည္းငယ္ \ ဆံပင္ေပါင္းေဆး\ ေရအနည္းငယ္ \ ၾကက္ဥအႏွစ္

ေကာ္မႈန႔္ ၁ဇြန္းကို ေရသုံးဇြန္းႏႈန္း ေရာေပးကာ ေကာ္မႈန႔္ေတြ ေပ်ာ္သြားတဲ့အထိ အပူေပးပါ။ၿပီးရင္ေတာ့ ဆံပင္ေပါင္းေဆးအနည္းငယ္၊ ၾကက္ဥအႏွစ္ တစ္လုံးတို႔ကိုေရာေမႊလိုက္ပါ။ရလာတဲ့အႏွစ္ကို ဆံပင္အရင္းနဲ႔ တစ္လက္မခန႔္ခြာၿပီးလိမ္းေပးကာ ၄၅ မိနစ္ခန႔္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္ေပးလိုက္႐ုံပါပဲ။
ေျဖာင့္စင္းအိတုန္ေနတဲ့ ဆံေကသာေလးကို ပိုင္ဆိုင္ႏိုင္ပါၿပီ။

(၂) မွန္ကန္တဲ့ဘီးကိုေ႐ြးခ်ယ္ပါ

ရႈပ္ေထြးေနတဲ့ဆံေကသာ၊ ေရစိုေနတဲ့ဆံပင္၊ ေကာက္ထားတဲ့ဆံပင္ကို ဖီးတဲ့အခါ ဘီးက်ဲကိုအသုံးျပဳေပးရပါမယ္။ ေျဖာင့္တဲ့ဆံပင္အတြက္ေတာ့ အသြားစိတ္တဲ့ဘီးကိုအသုံးျပဳႏိုင္ပါတယ္။

(၃) ဆံပင္အရွည္ျမန္ေစခ်င္ရင္

ဆံပင္အရွည္ေႏွးလို႔စိတ္မညစ္ပါနဲ႔။ ခုနည္းလမ္းေလးက သင့္ကို ကူညီေပးႏိုင္ပါတယ္။ ၾကက္ဥအႏွစ္ကို ၾကက္ဆူဆီ ၁ဇြန္း၊ ပ်ားရည္ ၁ဇြန္းေရာၿပီး ရလာတဲ့အႏွစ္နဲ႔ ဆံပင္ကို ေခါင္းမေလွ်ာ္ခင္တိုင္း ေပါင္းေပး႐ုံပါပဲ။ ၆လေလာက္အၾကာမွာေတာ့ ပုံမွာျပထားတဲ့အတိုင္း ရွည္လာတာကို ေတြ႕ရမွာပါ။

(၄) ေဗာက္ထတတ္တဲ့သူေတြအတြက္

ေဗာက္ထတတ္တဲ့သူေတြကေတာ့ Aspirin (ေဆးဆိုင္ေတြမွာေမးဝယ္ႏိုင္ပါတယ္) ေလးလုံးခန႔္ကို ႀကိတ္ၿပီး သုံးေနက်ေခါင္းေလွ်ာ္ရည္ထဲကို ထည့္ေလွ်ာ္ေပးလိုက္ပါ။၁၀မိနစ္ခန႔္ႏွပ္ထားၿပီးတဲ့အခါမွာ ေရေႏြးေလးနဲ႔ေဆးေၾကာေပးႏိုင္ပါတယ္။ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ေတာ္ေတာ္မ်ားမ်ားမွာ Aspirin ပါဝင္တာကို ေတြ႕ရွိရမွာပါ။

(၅) အဖ်ားႏွစ္ခြျဖစ္ေနခဲ့ရင္

ဆံပင္အဖ်ားႏွစ္ခြျဖစ္ေနတဲ့သူေတြအတြက္ အေကာင္းဆုံးနည္းလမ္းကေတာ့ ေခါင္းမေလွ်ာ္ခင္တိုင္း ႀကိဳက္ႏွစ္သက္ရာ ဆီတစ္မ်ိဳးကို အပူေပးၿပီး ဆံပင္အဖ်ားေတြကို တစ္ညႀကိဳတင္လိမ္းေပးလိုက္႐ုံပါပဲ။ဒါဆိုရင္ေတာ့ ေျခာက္ေသြ႕မႈကင္းၿပီး စိုျပည္တဲ့ဆံေကသာကို ရရွိမွာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*